ငါးခြောက်ကုန်ကြမ်းတင်သွင်းခွင့် ရပ်ဆိုင်းထားမှုကြောင့် ငါးခြောက်ပွဲရုံ (၆၀) ရာခိုင်နှုန်းနီးပါး လုပ်ငန်းများ ရပ်ဆိုင်း
ပြည်ပနိုင်ငံများမှ ငါးခြောက်ကုန်ကြမ်းတင်သွင်းခွင့် ရပ်ဆိုင်းထားမှုကြောင့် ငါးခြောက်ပွဲရုံ (၆၀) ရာခိုင်နှုန်းနီးပါး လုပ် ငန်းများ ရပ်ဆိုင်းထားရကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်နှင့် ငံပြာရည်ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။
ငါးခြောက်ကုန်ကြမ်းကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်အတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ထောက်ခံချက် ထုတ်ပေးထားသော်လည်း ပြည်တွင်း၌ ဖမ်းဆီးရရှိခြင်းမရှိသော ငါး၊ ပုစွန်မျိုးစိတ်များကိုသာ တင်သွင်းရန် ထုတ်ပြန်ပြီးသည့်နောက် ၂၀၁၈ ခု နှစ် နိုဝင်ဘာလမှ စတင်ကာ ကုန်သွယ်ရေးဦးစီးဌာနက ငါးခြောက်ကုန်ကြမ်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
“ငါးခြောက်ပွဲရုံလုပ်ငန်းရှင် (၃၀၀) လောက်အထိရှိတယ်။ အခုဘယ်လိုဖြစ်နေလဲဆိုရင် ငါးခြောက်ကုန်ကြမ်းရရှိမှု နည်းလာတဲ့အတွက် ပွဲရုံ (၅၀) လောက်ပဲ အလုပ်ရပြီးတော့ လုပ်ငန်းရှင် (၂၀၀) လောက်က အလုပ်ရရှိမှုနည်းလာတယ်။ ကုန်သွယ်ရေးဦးစီးဌာနကနေ တရားဝင် တင်သွင်းခွင့်အတွက် လိုင်စင်ထုတ်မပေးတဲ့အတွက် အောက်လမ်းကနေပဲ လုပ်ငန်းရှင် (၁၀၀) လောက် အလုပ်ရဖို့အတွက်ကို လုပ်နေရတယ်။ မဖြစ်မနေလို့သာ အခွန်ပေးနေရတာ။ ဒီလောက်ကြီးကို မပေးချင်ဘူး။ ဒီလိုမလုပ်ဘူး၊ ဒီလိုမပေးဘူးဆိုလည်း ကျွန်တော့်ဆီက လုပ်ငန်းရှင်တွေ အလုပ်မရှိဘူး” ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်နှင့် ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးနိုင်ဝင်းက ပြော သည်။
ပြည်တွင်း၌ ကုန်ကြမ်းလိုအပ်ချက်မြင့်တက်လာ၍ ငါးခြောက်ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင် (၃၀၀) ဝန်း ကျင်အနက် လုပ်ငန်းရှင်(၂၀၀) ဝန်းကျင်မှာ လုပ်ငန်းများရပ်ဆိုင်းထားရကြောင်း သိရသည်။
ယခင် ပြည်ပမှတင်သွင်းသည့် ငါးခြောက်ကုန်ကြမ်း ပေ (၄၀) ကွန်တိန်နာ (၁)လုံးလျှင် အစိုးရသို့ အခွန်ကျပ် ၁၅ သိန်းဝန်းကျင်သာ ပေးသွင်းရပြီး ယခုအခါ ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်တင်သွင်းနေရသဖြင့် ကုန်ကျစရိတ် ၃ ဆနီးပါးဖြစ်သည့် ကျပ် (၄၅) သိန်နီးပါးအထိ ရှိလာကြောင်း သိရသည်။
“ကျွန်မတို့ရဲ့ ငါးလုပ်ငန်းကဏ္ဍတစ်ခုလုံး ပြိုလဲနိုင်တဲ့အတွက် ဘာပဲလုပ်လုပ် တရားဝင်လုပ်ပါ။ တရား ဝင်လုပ်တဲ့ နည်းကိုလည်း ကျွန်မတို့ကို လာမေးပါ။ ကျွန်မတို့လည်း ငါးဦးစီးကို မေးပြီးတဲ့အခါမှာ တရားဝင်က ဒါလုပ်လို့ရတယ်။ ဒီလိုသွင်းပါ။ ဒီလိုလုပ်ပါ ဆိုပြီးတော့ Guide Line ပေးလို့ ရပါတယ်။ အဲ့ဒါကြောင့် ဘာပဲလုပ်လုပ် ဥပမာ ငါးတန်သွင်းတယ်ပေါ့။ တရားမဝင်သွင်းတဲ့အခါ ငါးတန်မှာ ရောဂါ ပါလာရင် ဟိုဘက်တိုင်းပြည် ပြန်ရောင်းရင် ပြည်တွင်းကငါးလား၊ ပြည်ပကသွင်းတဲ့ငါးလားဆိုပြီး မသိနိုင်တဲ့အတွက် လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ကြပါ"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ငါးခြောက်တင်သွင်းမှု ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကုန်သွယ်ရေးဦး စီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အခါ ယင်းကိစ္စရပ်အား ပြန်လည်ခွင့်ပြုပေးရန် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 0 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 0 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026