အစိမ်းရောင်လမ်း
‘ပဲစဉ်းငုံစိုက် တောင်သူများသို့ အကြံပြု ကြေငြာချက်’

‘ပဲစဉ်းငုံစိုက် တောင်သူများသို့ အကြံပြု ကြေငြာချက်’

၁၉-၃-၂၀၁၈ နေ့တွင် ပဲမျိုးစုံ တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးဆောင်သည့် အဖွဲ့နှင့် ၃၁-၃-၂၀၁၈ နေ့အထိ ကန့်သတ်ကုန်စည်အဖြစ် ကြေငြာခဲ့သည်။ အိန္ဒိယ အစိုးရတာဝန်ရှိသူများ အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဲစဉ်းငုံတန် သီးသန့် Quata အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၁-၄-၂၀၁၈ မှ ၃၁-၃-၂၀၁၉) အတွင်း တင်သွင်းခွင့်ပေးရန် တောင်းဆို ညှိုနှိုင်းခဲ့ပါသည်။

ဒုတိယပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ အစားအသောက်နှင့် အများပြည်သူဆိုင်ရာ ဖြန့်ဖြူးရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီးကို ၂၂-၃-၂၀၁၈ နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် Myanmar-India Business Condave Forging partnerships for economic integration အခမ်းအနား တွင် တွေ့ဆုံဆွေးနွေးရာ၌လည်း မြန်မာပြည်သီးသန့် Quata သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး အကူအညီပေးရန် မေတ္တာရပ်ခံခဲ့ရာ အလေးထားစဉ်းစားပေးပါမည်ဟုလည်း ဆွေးနွေးချက် ရရှိခဲ့ပါသည်။

သို့ရာတွင် ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ရက် ကုန်ဆုံးရက်ဖြစ်သည့် ၃၁-၃-၂၀၁၈ မှ ယနေ့အချိန် အထိ အိန္ဒိယအစိုးရဘက်မှ ကြေငြာချက်တစ်စုံတစ်ရာ ထွက်ရှိခြင်း၊ အကြောင်းပြန်ခြင်းမရှိခဲ့ပါ။

အိန္ဒိယ အစိုးရအနေဖြင့် ၎င်းတို့ပြည်တွင်း၌ ပဲစားသုံးမှု ပမာဏအားလုံးဖူလုံစွာ စိုက်ပျိုးထုတ်လုပ်နိုင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်း ယခင်ဆယ်စုနှစ်ပေါင်းများစွာက ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု နည်း သည်ဖြစ်စေ များသည်ဖြစ်စေ ပြည်ပမှပေါက်စျေးဖြင့် တင်သွင်းခဲ့သော်လည်း ၂၀၁၇ ခုနှစ် နှစ်လယ်နောက်ပိုင်းမှ စ၍ လုံးဝပိတ်ပင်သည့်နည်းလမ်းကို ဆောင်ရွက်ခဲ့ခြင်း စသည်ဖြင့် ၎င်းတို့နိုင်ငံ၏ မူဝါဒကို ပြောင်းလဲကျင့်သုံး လျက်ရှိရာ မြန်မာပဲစဉ်းငုံ စျေးနူန်းများမှာ စိုက်ပျိုးစာရိတ်အောက်များစွာ ကျဆင်းခဲ့ပြီး ကျဆင်းသည့်စျေးနှုန်း ဖြင့်ပင် ပြည်ပမှဝယ်ယူမှု လျော့ကျခဲ့၍ ပြည်တွင်းရှိကုန်သည်များ မိမိ၏ ငွေအရင်းအနှီးနှင့် နည်းမျိုးစုံဖြင့် ရရှိ သည့် ချေးငွေများဖြင့် ဝယ်ယူ၍ သိုလှောင်ရုံများ၌ အပြည့်အလျှံသိုလှောင်နေရသည့် အခြေအနေသို့ ရောက်ရှိနေပါ သည်။ လက်ကျန်ပဲစဉ်းငုံများအား တင်ပို့ရန် ခက်ခဲနေသည့် အချိန်အခါတွင် ထပ်မံ၍ စိုက်ပျိုးထုတ်လုပ်ပါက ပို၍ ဖြေရှင်းရခက်ခဲသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် မကြာမီ စိုက်ပျိုးချိန် ကျရောက်မည့် ပဲစဉ်းငုံ (၂၀၁၉ သီးနှံ) များအား စီးပွား ဖြစ် စိုက်ပျိုးထုတ်လုပ်ရန် လုံးဝ(လုံးဝ) မသင့်တော်တော့ဘဲ မိမိစိုက်ပျိုးမြေနှင့် ကိုက်ညီမည့် အခြားစျေးကွက်ရှိ ဆီထွက်သီးနှံနှင့် ပဲအမျိုးအစားများအား ပြောင်းလဲစိုက်ပျိုးသင့်ကြောင်းနှင့် ပဲစဉ်းငုံ (၂၀၂၀ သီးနှံ) အတွက် စိုက်ပျိုးသင့်/မသင့်ကို ၂၀၁၉ ခုနှစ် စိုက်ပျိုးချိန်အမီ သုံးသပ်အကြံပြုသင့်ကြောင်း ၂၈-၄-၂၀၁၈  ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပဲမျိုးစုံတင်ပို့မှု ဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် တက်ရောက်လာသည့် အဖွဲ့ဝင်များ၊ ပညာရှင်များထံမှ ဖော်ထုတ်ချက် ရရှိခဲ့ပါကြောင်း အထူးအလေးထား ချင့်ချိန် ပြင်ဆင်နိုင်ရန် အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း

ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....