အစိမ်းရောင်လမ်း
လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အကူအညီရယူဆောင်ရွက်ရန် လိုအပ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်

လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အကူအညီရယူဆောင်ရွက်ရန် လိုအပ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်

​ဧရာဝတီတိုင်းဒေသကြီးတွင် အဆင့်မြင့်လယ်ယာများဖော်ထုတ်၍ နွေစပါး၊ မိုးစပါးများ အလှည့်ကျစိုက်ပျိုးရန် မြေသားပြုပြင်ခြင်း (Land Preparation)၊ တမန်းနိုးခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်းနှင့် ထွက်ရှိလာသော သီးနှံများကို ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်(ပုသိမ်)၊ မြို့နယ် (၂၃)မြို့နယ်ရှိ အသင်းစုများနှင့် လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများမှ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

​သို့ဖြစ်ပါ၍ ဒေသအတွင်းရှိ တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ လယ်ယာမြေများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်မှုများပြုလုပ်ခြင်း၊ အလေအလွင့်အနည်းဆုံးဖြင့် ရိတ်သိမ်း ခြွေလှေ့ခြင်းများ ပြုလုပ်လိုပါလျှင် လယ်ယာဝန်ဆောင်မှုသမဝါယမအသင်းများက သင့်လျော်သည့် ဈေးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည် -

​ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ

​အသင်းစုချုပ်(ပုသိမ်)-​ဒေါ်ကြူကြူမြိုင်(ဒါရိုက်တာအဖွဲ့ဝင်)​ ​၀၉-၇၉၅၀၈၇၄၄၀

​ပုသိမ်​-​ဒေါ်သန်းသန်းလှ(တွဲဖက်အတွင်းရေးမှူး) ၀၉-၂၅၀၄၃၈၈၇၃

​ကန်ကြီးထောင့်​-​ဒေါ်သန်းသန်း(အုပ်ချုပ်မှုဒါရိုက်တာ)​ ၀၄၂-၂၁၂၄၀

​သာပေါင်း​-​ဦးမောင်မောင်စိုး(အုပ်ချုပ်မှုဒါရိုက်တာ)​ ၀၉-၂၅၀၄၄၆၇၁၁

​ငပုတော​-​ဦးမောင်ပြုံး(အတွင်းရေးမှူး)​ ၀၉-၂၅၀၉၉၅၆၁၀

​ကျုံပျော်​-​ဒေါ်ယုယုခင်(အတွင်းရေးမှူး)​ ၀၉-၂၅၀၅၈၈၈၄၄

​ကျောင်းကုန်း​-​ဦးကိုဝင်း(အုပ်ချုပ်မှုဒါရိုက်တာ)​ ၀၉-၇၉၂၀၃၀၆၀၇

​ဟင်္သာတ​-​ဒေါ်သန်းသန်းဌေး(မန်နေဂျာ)​ ၀၄၄-၂၁၁၂၈

​ဇလွန်​-​ဦးစောဝင်း(ဥက္ကဋ္ဌ)​ ၀၉-၄၂၂၅၄၇၇၀၅

​လေးမျက်နှာ​-​ဦးသန်းထိုက်(စာရေး - ၁)​ ​၀၉-၂၅၀၁၁၉၄၉၄

​ကြံခင်း​-​ဦးသိန်းဝင်း(ဥက္ကဋ္ဌ)​ ၀၉-၄၅၅၃၅၉၉၃၈

​အင်္ဂပူ​-​ဒေါ်ခင်မိုးသူ(အုပ်ချုပ်မှုဒါရိုက်တာ)​ ၀၉-၄၂၁၁၅၁၄၂၅

​မြောင်းမြ​-​ဒေါ်မြင့်မြင့်ဦး(အုပ်ချုပ်မှုဒါရိုက်တာ)​ ၀၉-၄၂၂၄၆၈၂၀၂

​အိမ်မဲ​-​ဦးမင်းမင်းစိုး(အမှုဆောင်အဖွဲ့ဝင်)​ ၀၉-၇၆၇၁၇၅၅၉၄

​ဝါးခယ်မ​-​ဦးခင်စိုး(အတွင်းရေးမှူး) ​၀၉-၉၆၁၉၄၅၇၄၁

​လပွတ္တာ​-​ဦးအောင်မိုး(မန်နေဂျာ)​ ​၀၉-၂၅၄၂၉၉၅၆၃

​မော်လမြိုင်ကျွန်း​-​ဦးကျော်ကျော်(ဥက္ကဋ္ဌ)​ ​၀၉-၆၇၁၁၂၀၆၆၈

​မအူပင်​-​ဦးသန်းလွင်(အတွင်းရေးမှူး)​ ၀၉-၄၂၈၆၀၂၅၇၁

​ပန်းတနော်​-​ဦးလူရွှေ(ဥက္ကဋ္ဌ)​ ၀၉-၄၂၂၄၅၆၄၃၈

​ညောင်တုန်း​-​ဒေါ်ဝင်းပပစိုး(ငယ်/ရေး)​ ​၀၉-၇၉၁၈၀၈၅၁၅

​ဓနုဖြူ​-​ဦးခင်မောင်မြင့်(အုပ်ချုပ်မှုဒါရိုက်တာ)​ ၀၉-၇၇၈၄၄၉၃၃၄

​ဖျာပုံ​-​ဦးမျိုးအောင်(အတွင်းရေးမှူး)​ ၀၉-၄၂၂၄၈၅၅၅၄

​ဒေးဒရဲ​-​ဦးသက်ဝေလင်း(စာရင်းကိုင်) ​၀၉-၄၅၄၁၆၉၁၇၇ 

သမဝါယမဦးစီးဌာန

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....