အခြေခံရည်ညွှန်း စပါးစျေးနှုန်းထုတ်ပြန်ကြေညာချက်
အခြေခံရည်ညွှန်းစပါးစျေးနှုန်းထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် (၁/ ၂၀၁၉)
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်
၁။တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ် လုပ်သော တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော စျေးကွက် နှင့် စျေးနှုန်း ဖြစ်ပေါ်စေရေး အတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်း စပါးစျေးနှုန်း ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။အစိုဓာတ် (၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေး ဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း (၁၀၀)၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ်ငွေ (၅)သိန်း အဖြစ် သတ်မှတ်လိုက်သည်။
၃။စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစျေးနှုန်း အပေါ်တွင် ဖြစ်ပါက စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရန် နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံ ရည်ညွှန်း စျေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရမည် ဖြစ်ပါသည်။ ယခုသတ်မှတ်သော အခြေခံ ရည်ညွှန်းစျေးနှုန်း သည် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးတို့ အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၄။အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူ လယ်သမား များ အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များ သို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ် (ဖုန်း- ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
#တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့
ကိုးကား - agri.com.mm
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 1 ခု
အခုမှဥကြက်စမွေးမှာမို့ဘာတွေလိုအပ်ပါဗျ
Saw Saung Oo HLaing • ဖြေကြားချက် 0 ခု
Black Gold
kozay • ဖြေကြားချက် 0 ခု
8-လပိုင်း 2026 စပါးအစို/အခြောက်ဈေးလေးသိပါရစေခဗျ။🙏
Nay Min Htet • ဖြေကြားချက် 2 ခု
နို့ခွဲပြိီး 3 ပတ်မှာ နို့အုံရောင်လာတာ ဘာကြေင့်လဲ?
latdan aung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from Thein Soe Min
အားလုံး
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026