အစိမ်းရောင်လမ်း
လွန်ခဲ့သော ၉ မိနစ် က · ရွှေတောင်

ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ

20 လွန်ခဲ့သော ၅ မိနစ် က

ကျနော့်မှာဆေးကောင်းတလက်ရှိပါတယ်။ အမေရိကန်နည်းပညာ ထိုင်းနိုင်ငံထုတ် ဆေးမျိုးပါ သိလိုတာများရှိရင်ဖုန်းဆက်မေးနိုင်ပါသည်။ 09787471142

You
လွန်ခဲ့သော ၃၈ မိနစ် က · ဟင်္သာတ

အခုမှဥကြက်စမွေးမှာမို့ဘာတွေလိုအပ်ပါဗျ

You
309
လွန်ခဲ့သော ၅၆ မိနစ် က · ဆိပ်ဖြူ

Black Gold

You
268
လွန်ခဲ့သော ၃ နာရီ က · ကျုံပျော်

8-လပိုင်း 2026 စပါးအစို/အခြောက်ဈေးလေးသိပါရစေခဗျ။🙏

Post image
71 လွန်ခဲ့သော ၂ နာရီ က

ရက် ၉၀ စပါး ပင်ပွားချိန် နဲ့ မှို့ကပ်ချိန် သိချင်လို့ပါ

268 လွန်ခဲ့သော ၃ နာရီ က

🙏🙏🙏

You
12
လွန်ခဲ့သော ၃ နာရီ က · မန်စီ

နို့ခွဲ​ပြိီး 3 ပတ်မှာ နို့အုံရောင်လာတာ ဘာကြေင့်လဲ?

Post image
2,130 လွန်ခဲ့သော ၃ နာရီ က

ပိုးဝင်တဲ့ လက္ခဏာလိုမျိုးပါ။ အပြာရောင်/အစိမ်းရောင်က သွေးကြာတွေ ပြတ်တာမျိုးလို့ ယူဆပါတယ်။ တကယ်အနာနဲ့ဆေးတည့်ဖို့ကတော့ တိဆရာဝန် ခေါ်ပြတာမျိုးလိုအပ်ပါတယ်။

You
29
လွန်ခဲ့သော ၇ နာရီ က · ကမာရွတ်

ဒူးရင်းအပင်ငယ်တွေနဲ့ပတ်သက်ပြီးလိုအပ်တဲ့ဆေးဝါးတွေဘယ်မှာဝယ်ယူလို့ရမလဲသိရင်ညွှန်းပေးကြပါဦးခင်ဗျာ မုဒုံကယိုးဒယားဆေးတွေမှာတာ ကျနော်တို့ဘက်တွေပို့ခွင့်မရှိဘူးဆိုလို့ပါ မာလာမြိုင်ကတော့ဝယ်ဖူးပါတယ် ဒါမယ့်ဒူးရင်းအတွက်သီးသန့်ဆေးတွေမရှိလို့ကူညီပေးကြပါဦးခင်ဗျာ

20 လွန်ခဲ့သော ၁ မိနစ် က

ကျနော့်မှာထိုင်းနိုင်ငံထုတ်ဆေးတစ်မျိုးရှိပါတယ်။ အပင်အားတိုး‌ေဆးနဲ့အသီးအားတိုးပါ လေတံမိုးဒဏ်ခံနိုင်ခြင်း အသီးများကြွေခြင်းမှကာကွယ်ပေးပါတယ် ပဲခူးမှာမှားယူနိုင်ပါတယ် 09787471142 ကိုထိုက်

You
1,003
လွန်ခဲ့သော ၉ နာရီ က · ချောက်

အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်.3.60သားထဲကို.ကြဥ.15လုံးလောက်ထည့်ရင်ကောင်းနိင်မလားဆရာတို့

1,003 လွန်ခဲ့သော ၈ နာရီ က

ဟုတျကဲ့

အတည်ပြုပြီး 315,895 လွန်ခဲ့သော ၈ နာရီ က

စပျစ်သီးက ဈေးကြီးပါတယ်။ အရည်ရွှမ်းပြီး ချိုတဲ့အသီးဆိုရင် ရပါပြီဗျ။ အင်ဇိုင်းအသီးအပွင့်အားဆေးရည်ဖော်စပ်နည်း (Fermented Fruit Juice)

You
1,003
လွန်ခဲ့သော ၁၀ နာရီ က · ချောက်

ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..

Post image
1,003 လွန်ခဲ့သော ၈ နာရီ က

ဟုတ်ကဲ့...ကျေးဇူးပါခင်ဗျ..

263,108 လွန်ခဲ့သော ၉ နာရီ က

ဆေးဘူးခွံပေါ်တွင် ပါဝင်သော အစွမ်းရှိပစ္စည်း Mepiquat Chloride (မီပီကွတ် ကလိုရိုက်) သည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည့် ဟော်မုန်း ( PGR) တစ်မျိုးဖြစ်ပြီး မြေပဲပင်၏ ကိုယ်ထည်ပိုင်း (အရွက်နှင့် ပင်စည်) အလွန်အကျွံ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ပုံပါ "နီယွန်" (Neon) ဆေးသည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည့် Mepiquat Chloride (မီပီကွတ် ကလိုရိုက်) ပါဝင်သောကြောင့်အာဟာရအားလုံးကို မြေအောက်ဥများဆီသို့ အပြည့်အဝ ပို့ဆောင်ပေးခြင်း နောက်ထွက်မည့် မြေပဲဥများကို အောင်မြင်စေရန် ကူညီပေးနိုင်သော ဆေးအမျိုးအစား အမှန်အကန် ဖြစ်ပါတယ်။ ဤဆေးသည် အပင်ကို အပေါ်သို့ အလွန်အကျွံ ရှည်တက်မသွားအောင် ထိန်းချုပ်ပေးပြီး အရွက်နှင့် ပင်စည်ဆီသို့ သွားမည့် အာဟာရဓာတ်များကို မြေအောက်ရှိ မြေပဲဥများဆီသို့ လမ်းကြောင်းပြောင်း စီးဆင်းသွားအောင် တွန်းပို့ပေးပါတယ်။ ထို့ကြောင့် မလိုအပ်ဘဲ ပဲဥအသစ်များ ဆက်တိုက်ထွက်ပြီး ဖျင်းကျန်ရစ်မည့် ဘေးမှ ကာကွယ်ပေးကာ ရှိပြီးသား ပဲဥများကို အစေ့အဆံ ပြည့်ဝပြီး ဥကြီးထွားအောင်မြင်စေပါသည်။ ဆေးဖျန်းရာတွင် မြေစိုဓာတ် အလုံအလောက် ရှိနေရန် လိုအပ်ပြီး ပဲဥပိုမို တင်းထွက်စေရန် ပိုတက်ဆီယမ် ရွက်ဖျန်းမြေဩဇာနှင့် တွဲဖက်ဖျန်းပေးပါက ပိုမိုထိရောက်ပါသည်။နေပြင်းချိန်တွင် မဖြန်းရပါ။ ညနေပိုင်း နေအေးချိန် (ညနေ ၃ နာရီ နောက်ပိုင်း) တွင် အပင်ထိပ်ဖျားပိုင်းများဆီသို့ အဓိကရောက်အောင် သမအောင် ပက်ဖျန်းပေးရပါမယ်။အပင်က အဝါရောင်သန်းပြီး အာဟာရချို့တဲ့နေလျှင် သို့မဟုတ် အပင်သိသိသာသာ တိုညှောက်နေလျှင် ဤဆေးကို ထပ်မံ မဖြန်းသင့်ပါ။ အပင်အဆမတန် မြင့်တက်ပြီး သန်လွန်းနေသော အခင်းများတွင် ဖြန်းရန် ပိုမို သင့်တော်ပါတယ်။မြေပဲခင်းသည် ရေငတ်နေလျှင် သို့မဟုတ် မိုးခေါင်ပြီး မြေခြောက်သွေ့နေလျှင် ဤဆေးကို မဖြန်းရပါ။ ဆေးဖြန်းမည့်အချိန်တွင် မြေစိုဓာတ် အလုံအလောက် ရှိနေရပါမယ်။ တောင်သူဦးကြီး၏ စိုက်ခင်းသည် ပထမတစ်သုတ် ဥတင်နေပြီဖြစ်ပြီး နောက်ထပ် ပဲဥအသစ်များ ဆက်လိုက်နေသော အခြေအနေမျိုး (ဥစုံ၊ ပန်းစုံချိန်) တွင် ဖြန်းပေးရန် အကောင်းဆုံး ဖြစ်ပါတယ်ခင်ဗျာ။

You
12
လွန်ခဲ့သော ၁၂ နာရီ က · သာစည်

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

268 လွန်ခဲ့သော ၃ နာရီ က

ပဲပုတျစိုကျပါ

268 လွန်ခဲ့သော ၃ နာရီ က

ပဲပုတျ စိုကျ

You
ဖြေလည်သော အဖြေရရှိပြီး
162
လွန်ခဲ့သော ၁၈ နာရီ က · အင်္ဂပူ

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

263,108 လွန်ခဲ့သော ၁၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

လယ်အနိမ့်ပိုင်းများတွင် ခုတ်ဖုံးစနစ်ကို လုပ်ဆောင်နိုင်သော်လည်း ရေဝပ်ပါက အမြစ်ပုပ်တတ်သဖြင့် စပါးရိတ်ပြီးသည်နှင့် လယ်ကွက်ပတ်လည်တွင် ရေနုတ်မြောင်း အရင်တူးရန် လိုအပ်ပါတယ်။ မြေပြင်ဗွက်မဖြစ်ဘဲ ခြေရာထင်ရုံ အစိုဓာတ်ရှိချိန်တွင် ပဲစေ့ကို ရေ ၄-၆ နာရီစိမ်၍ ကြဲပြီးမှ စပါးရိုးပြတ်များကို ခပ်ပါးပါး ညီညာစွာ ပြန်ဖုံးပေးရပါမယ်။ ဒုတိယစိတ်ကူးဖြစ်သော ထွန်ခင်းလုပ်၊ ပဲကြဲ၊ EM ဖြန်းပြီး ကောက်ရိုးပါးပါးဖုံးသည့် ပေါင်းစပ်နည်းလမ်းသည် အယ်နီညိုကြောင့်ဖြစ်သော အပူဒဏ်နှင့် မြေဆီလွှာအစိုဓာတ် ဆုံးရှုံးမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပြီး ပဲပင်ပေါက်ခြင်းကို လုံးဝ မထိခိုက်စေနိုင်ပါဘူး။ သို့သော် EM အရည်ကို ပဲစေ့ပေါ် တိုက်ရိုက်မကျစေဘဲ ကောက်ရိုးပေါ်တွင် အရင်ဖြန်းရန်လိုပါလိမ့်မယ်ခင်ဗျာ။

162 လွန်ခဲ့သော ၃ နာရီ က

ဟုတ်ကဲ့ပါ လူးနယ်ဆေး သုံးဖို့ တွေးထားပါတယ်ခင်ဗျာ ကျေးဇူးပါ

You
372
လွန်ခဲ့သော ၁၈ နာရီ က · ကျိုက်လတ်

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

Post image
အတည်ပြုပြီး 315,895 လွန်ခဲ့သော ၈ နာရီ က

မွေးမြူရေး အစာနဲ့ ဆေး အရောင်းဆိုင်တွေတော့ ရနိုင်ပါတယ်ဗျ။

372 လွန်ခဲ့သော ၈ နာရီ က

အကြံပြုပေးကြပါ

You
125
လွန်ခဲ့သော ၂၂ နာရီ က · ကျုံပျော်

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

263,108 လွန်ခဲ့သော ၉ နာရီ က

ဒိုင်မီသိုမော့ (Dimethomorph) နှင့် အလူမီနီယမ်ဖော့စတစ် (Fosetyl-aluminium) ဆေးနှစ်မျိုးလုံးသည် အပင်တွင်းစိမ့်ဝင်စီးဆင်းနိုင်သောမှိုသတ်ဆေးများ ဖြစ်ကြသည့်အတွက် ၎င်းတို့ကို တပြိုင်တည်း ရောစပ်မဖျန်းသင့်ပါဘူး။ ဆေးနှစ်မျိုးလုံးက ဆဲလ်တွင်း အလုပ်လုပ်ပုံချင်း ဆင်တူသဖြင့် တပြိုင်တည်းရောဖျန်းပါက ဆေးယဉ်ပါးမှု ပိုမိုမြန်ဆန်လာစေနိုင်ပါတယ်။ ထို့ကြောင့် ကွမ်းပင်ခြေပုပ်ခါးရိရောဂါအတွက် ဆေးနှုန်းထားများကို အောက်ပါအတိုင်း အလှည့်ကျစနစ် ဖြင့် သီးခြားစီ ခွဲခြားသုံးစွဲပေးရပါမယ်။ ရောဂါသည် မြေကြီးထဲမှ စတင်သဖြင့် ကွမ်းပင်ခြေစည်ပိုင်းနှင့် ကွမ်းဘောင်မြေကြီး (ပင်ခြေမြေဆီလွှာ) ထဲသို့ ဆေးရည်ရွှဲရွှဲစိုအောင် အဓိကဖျန်းပေးရပါမယ်။ အလှည့်ကျစနစ် သုံးရန် ပထမအပတ်တွင် အလူမီနီယမ်ဖော့စတစ် ဖျန်းပြီးပါက၊ နောက်တစ်ပတ် (သို့မဟုတ် ရောဂါပြင်းထန်လျှင် ၅ ရက်ခြား) တွင် ဒိုင်မီသိုမော့ (Dimethomorph) ကို ပြောင်းလဲဖျန်းပေးခြင်းကအထိရောက်ဆုံးနည်းပါ။

36 လွန်ခဲ့သော ၂၂ နာရီ က

ရတယ်လေ ရမ်းဆိုးရင် 100 gထည့်ဖြန်း

You
44
လွန်ခဲ့သော ၁ ရက် က · ရေကြည်

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

263,108 လွန်ခဲ့သော ၁၃ နာရီ က

မြေပဲကို ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မြေအောက်သီးနှံဖြစ်သော မြေပဲအတွက် မြေဆီလွှာပွအိစေသဖြင့် အထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတ်။ ဘောင်ပြင်ဆင်ရာတွင် အကျယ် ၃ ပေမှ ၃ ပေခွဲ၊ အမြင့် ၆ လက်မမှ ၈ လက်မ ထားရှိရမည်ဖြစ်ပြီး ဘောင်ကြားတွင် ၁ ပေခွဲခန့် ရေနုတ်မြောင်း ချန်လှပ်ရပါမည်။ ဤစနစ်သည် အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးသည့်အပြင် မြေပဲလောင်းစွယ်များ မြေကြီးထဲသို့ လွယ်ကူစွာ ထိုးဝင်နိုင်စေခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားများကို အပင်မနင်းမိဘဲ အလွယ်တကူ ပြုစုဂရုစိုက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

You
3,935
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ

Post image
အတည်ပြုပြီး 1,098,928 လွန်ခဲ့သော ၁ ရက် က

ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။

You
ဖြေလည်သော အဖြေရရှိပြီး
3,935
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ခရမ်းခင်ကအရွက်တေဒီလိုဖစ်နေလို့ပါခင်ဗျ

Post image
Post image
အတည်ပြုပြီး 1,098,928 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။

3,935 လွန်ခဲ့သော ၁၅ နာရီ က

‌ပြန်လည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မေးခွန်း

309
လွန်ခဲ့သော ၅၆ မိနစ် က · ဆိပ်ဖြူ

Black Gold

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။