အစိမ်းရောင်လမ်း
“တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း”

“တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း”

📣 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြုလုပ်သွားမဲ့ “တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း” အစီအစဉ်မှာပါဝင်လျှောက်ထားရန် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဂျင်းတောင်သူများ၊ တန်ဖိုးမြှင့်ဂျင်းစားသောက်ကုန်ထုတ်လုပ်သူများနှင့် စားသောက်ကုန်ထုတ်လုပ်သူများအား ခေါ်ယူလျက်ရှိပါတယ်။ 📣

 

မြန်မာလူမျိုးများရဲ့ နေ့စဉ်ဘဝမှာ ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ဆေးဝါးအနေဖြင့်လည်း အသုံးပြုလေ့ရှိကြပါတယ်။ ဂျင်းကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိနေရာဒေသအတော်များများမှာလည်း ဂျင်းကို အလွယ်တကူရရှိနိုင်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်ဘဝမှာ ဂျင်းသည် မရှိမဖြစ်ပင်ဖြစ်သော်လည်း ဂျင်းကိုအသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းမှာ အလွန်ပင်နည်းပါးလျက်ရှိနေပါသေးသည်။ ထိုသို့ဖြစ်ရသည်မှာ နည်းပညာများ မရရှိခြင်းနဲ့ ဈေးကွက်အခွင့်အလမ်းများ နည်းပါးနေခြင်းတို့ကြောင့်ပင် ဖြစ်ပါတယ်။ အကျိုးရလာဒ် အနေဖြင့် တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ဈေးကွက်ထဲတွင်နည်းပါးလျက်ရှိပြီး ဂျင်းတောင်သူများအတွက်လည်း ဈေးကွက် အခွင့်အလမ်း ရှားပါးမှုများကြုံတွေ့နေရပါသည်။

 

Impact Hub Yangon မှ “တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း အစီအစဉ်ကို ဂျင်းတောင်သူများနှင့် တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန် ထုတ်လုပ်သူများအား ကျွမ်းကျင်သော ဆရာများမှ လက်တွေ့ ဂျင်းထုတ်ကုန်ထုတ်လုပ်နည်း အဆင့်ဆင့်များ၊ ဈေးကွက်ချိတ်ဆက်မှုများ၊ စားသုံးသူများထံသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် ဈေးကွက်အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ထားခြင်း ဖြစ်ပါတယ်။ ထို့အပြင် Impact Hub Yangon (IHY) မှ သင်တန်းသားများအား သင်တန်းပြီးဆုံးသွားပါက ၄င်းတို့၏ တန်ဖိုးမြှင့်ဂျင်းထုတ်ကုန်များအား ကိုယ်တိုင်ဆက်လက်ထုတ်လုပ်နိုင်ရန် နည်းပညာအကူအညီများနှင့် ‌ဈေးကွက်ချိတ်ဆက်မှုများအတွက်လည်း ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်။

 

ယခုအစီအစဉ်ကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများမှ လျှောက်ထားနိုင်ပါတယ်။

 

🌱 ဂျင်းစိုက်ပျိုးသူများ (သို့မဟုတ်) ဂျင်းထုတ်ကုန်ထုတ်လုပ်နေသူများ 

🌱 ရှမ်းပြည်နယ်တောင်ပိုင်းမှ ဂျင်းတောင်သူများ 

🌱 တောင်ကြီးတွင်ပြုလုပ်သွားမည့် (၃) ရက်ကြာသင်တန်းအား အချိန်ပြည့်တက်ရောက်နိုင်သူများ 

🌱 သင်တန်းပြီးဆုံးသွားပါက Impact Hub Yangon ၏အကူအည်ီဖြင့် ဂျင်းတန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်ရန် စိတ်အားထက်သန်သူများ 

 

သင်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ဂျင်းထုတ်လုပ်သူတစ်ယောက် (သို့မဟုတ်) တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်နေသူတစ်ယောက်ဖြစ်ပါက ကျွမ်းကျင်သော ဆရာများမှပို့ချမဲ့ ဂျင်းထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာများနဲ့ ဈေးကွက်ချိတ်ဆက်ခြင်း အခွင့်အလမ်းများ ရရှိနိုင်ရန် လျှောက်ထားကြဖို့ တိုက်တွန်းပါတယ်။

 

🗓 လျှောက်လွှာပိတ်ရက်မှာ ဇွန်လ (၁၅) ရက် ၂၀၂၂ (ဗုဒ္ဓဟူးနေ့) ဖြစ်ပါတယ်။

 

📌 လျှောက်ထားရန်:https://bit.ly/GingerValueaddedProductProcessingandMarket...

 

📞 ပရိုဂရမ် (သို့မဟုတ်) လျှောက်လွှာလုပ်ငန်းစဉ်များနဲ့ ပက်သက်ပြီး မေးခွန်းများရှိပါက (၀၉ ၉၇၃၄၇၄၁၄၁၊ ၀၉ ၉၅၁၈၅၁၂၉၈) (သို့မဟုတ်) [email protected] သို့ အီးမေးလ်ပေးပို့မေးမြန်းနိုင်ပါတယ်။

 

3
Ko Zin Mg

Ko Zin Mg

လွန်ခဲ့သော ၄ နှစ် က

စပါးခွံ ကနေ ကော်ထုတ်ချင်လို့ ဘယ်လို ထုတ်ရင်ရမလည်းဗျ

မျိုးထက်နိုင်

မျိုးထက်နိုင်

လွန်ခဲ့သော ၄ နှစ် က

ကျွန်ဖိုင်ဘာလို့ရှောက်မရတာလဲ

ကိုမျိးဇော်

ကိုမျိးဇော်

လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....