ရွှေဘိုတောင်သူတွေအတွက် အထူးအခွင့်အရေး
ရွှေဘိုမြို့နယ်က တောင်သူတွေအတွက် ရွှေထူးထူး (၂) ဆိုင်ကနေ ရောင်းချပေးတဲ့ အထူးအခွင့်အရေးတစ်ခု လာပါပြီနော်။ ဂိုလ်းဖလားဝါး ယူရီးယားမြေသြဇာအိတ် (၅) လုံး ဝယ်တာနဲ့ စိုက်ခင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ပွင့်သစ်တိုး ဂျစ်(ပ်)ဆမ် တစ်အိတ် လက်ဆောင်ရရှိမှာဖြစ်ပါတယ်။
ဒီအရောင်းမြှင့်တင်ပွဲက ၉.၉.၂၀၂၀ ကနေ ၉.၁၀.၂၀၂၀ ထိ တစ်လတာပေးမှာမို့ ဒီကာလအတွင်းမှာ အစိမ်းရောင်လမ်းပေါ်ကနေ လာရောက်ဝယ်ယူကြဖို့ ဖိတ်ခေါ်အပ်တယ်။
အစိမ်းရောင်လမ်းမှာ တောင်သူများအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ဘယ်လိုဝယ်ရမလဲ ပြောပေးပါမယ်နော်။ အောက်မှာ ပုံလေးတွေနဲ့ လုပ်ဆောင်နည်းတွေကို ဖော်ပြပေးထားပါတယ်။ 
၁။ အစိမ်းရောင်လမ်း ရဲ့ အောက်ခြေမှာရှိတဲ့ ဈေးဆိုင်ပုံလေးကို နှိပ်ပါ။
၂။ ဆိုင်များကို ရွေးချယ်ပါ။

၃။ မိမိဝယ်ယူလိုသောဆိုင်ကို ရွေးပါ။

၄။ ဆိုင်မှ ရောင်းချနေသော ပစ္စည်းများကိုကြည့်ရန် မျှားလေးကို နှိပ်ပါ။

၅။ မိမိဝယ်လိုသောပစ္စည်းကို နှိပ်ပါ။

၆။ ဝယ်ယူမည် ခလုပ်ကိုနှိပ်ပါ။

၇။ မိမိဝယ်ယူလိုသောပမာဏကို ရွေးချယ်ပါ။ ပြီးနောက် ငွေရှင်းမည်ကိုနှိပ်ပါ။

၈။ ပေးပို့ရမည့်လိပ်စာနှင့် မှတ်ချက် (ဥပမာ - အောင်သစ္စာကားနဲ့ တင်ပေးလိုက်ပါ) တို့ကို ရိုက်ထည်ည့်ပြီး အတည်ပြုပေးပါ။

၉။ နောက်ဆုံးအနေနဲ့ ဝယ်ယူခြင်းပြီးမြောက်ရန်အတွက် အစိမ်းရောင်ခလုပ်အား နှိပ်ပေးပါ။
သင့်ရဲ့ အဝယ်စာရင်းကို ဆိုင်ရှင်ဆီရောက်သွားပြီး ဆိုင်ဘက်မှ ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့တောင်သူတွေလည်း မြို့ပေါ်သွားစရာမလိုဘဲ အိမ်မှာနေရင်း လိုအပ်တဲ့ပစ္စည်းတွေကို အစိမ်းရောင်လမ်းကနေ အလွယ်တကူဝယ်လို့ရပါပြီနော်။
မြို့နယ်အလိုက် အထူးဈေးရောင်းပွဲတွေရှိရင် အသိပေးသွားမှာမို့ သတင်းကဏ္ဍကိုလည်း ဝင်ရောက်ကြည့်ရှုပေးကြပါဦးနော်။
Zayn yu
လွန်ခဲ့သော ၅ နှစ် ကရေလယ်သောင်
ဇော်မျိုးဝင်း
လွန်ခဲ့သော ၅ နှစ် ကဆရာတို့ကျွန်တော်စပါးခင်းမှာပကန်တွေေ ပါက်နလို့ဘါဆေးဖျန်ရမလဲဗျာ
ခင်မောင်တင့်
လွန်ခဲ့သော ၅ နှစ် ကရေမြောင်းထဲက ရွှေမှော်လွန်းပင် သေခြင်တာဘာဆေးဖြန်ရမှာလဲဗျ
zawmoe
လွန်ခဲ့သော ၅ နှစ် ကဟုက်
Thein Soe Min
လွန်ခဲ့သော ၅ နှစ် က@chaina မြို့နယ်အလိုက် ဖွင့်ထားပါတယ်။ ဝယ်လို့ရပါပြီနော်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအားဆေးလုပ်ရင် ငါးခေါင်းတွေနဲလုပ်လို့ရလားဗျ...ဥပမာ.ငါးဒန်ခေါင်းလို့ ငါးတွေနဲဆိုရလားဗျ
Ko Phyo • ဖြေကြားချက် 0 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 0 ခု
စပါးက ဖုန်းနေပါပြီ/လိုအပ်ရင်အသီးအပွင့်ကောင်းအောင်ဆေးဖြန်းချင်တာဆရာဘယ်အချိန်လောက်ရယ်/ဆေးရယ်သိချင်လို့ပါဆရာ/15ပတ်လည်လည်းကျွေးထားပါတယ်
Zaw Than Oo • ဖြေကြားချက် 2 ခု
ငရုတ်ပင်လေးတွေအခြေတွေပြတ်ကျနေလို့ဘာရောဂါလည်းဘယ်လိုကာကွယ်ရမလဲဗျဆရာများညွန်ပေးကြပါအုံးဗျ
မောင်လှမျိုးအောင် • ဖြေကြားချက် 3 ခု
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from Green Way
အားလုံး
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....