အစိမ်းရောင်လမ်း
ဆော့ဝဲထဲက အထူးအစီအစဉ် (၁၇)

ဆော့ဝဲထဲက အထူးအစီအစဉ် (၁၇)

မင်္ဂလာပါဦးကြီးတို့

သောကြာနေ့လေးပါ..

အထူးအစီအစဉ်ကနေ ဆွေးနွေးချက်အသစ်လေးကစောင့်မျှော်နေပါတယ်။

အမေးအဖြေကဏ္ဍလေးမှာ ပါဝင်ဖြစ်ကြလားဦးကြီးတို့?

အမေးအဖြေကဏ္ဍကလည်းပဲ လူကြိုက်များပါတယ်။ တောင်သူတွေ၊ ပညာရှင်တွေ၊ စိုက်ပျိုးရေးကိုစိတ်ဝင်စားသူတွေ စသဖြင့် အစိမ်းရောင်လမ်းအသုံးပြုသူတွေတော်တော်များများ မေးကြ၊ ဖြေကြ ဆွေးနွေးကြရင်း အသက်ဝင်နေတဲ့ကဏ္ဍလေးပေါ့။

ဒါကြောင့် အတွေ့အကြုံတွေမျှဝေကြရအောင်နော်…

ကဲ အမေးအဖြေကဏ္ဍမှာ မေးလို့ပဲဖြစ်စေ၊ ဖြေလို့ပဲဖြစ်စေ မှတ်မှတ်ရရရှိတဲ့ အတွေ့အကြုံလေးတွေမျှဝေသွားပါဦး 

(ဥပမာ- ဘယ်လိုမေးခွန်းတွေမေးခဲ့တယ် ရရှိတဲ့အဖြေပေါ်ခံစားချက်ပေါ့ ဖြေပေးတဲ့သူတွေအနေနဲ့လည်း ဘယ်လိုမေးခွန်းတွေကိုဖြေပေးဖြစ်ခဲ့တယ်ပေါ့)

အမေးအဖြေမှာတော့မပါဝင်ဖြစ်ဘူး မေးထားဖြေထားတာတွေကိုလေ့လာဖြစ်တယ်ဆိုတဲ့သူတွေကလည်း ဆွေးနွေးပေးခဲ့လို့ရတယ်နော်။

ချုံပြောရမယ်ဆိုရင် အမေးအဖြေကဏ္ဍနဲ့ပတ်သတ်ပြီး သတိထားမိတဲ့အတွေ့အကြုံပေါ့နော်။ အဆင်ပြေသလိုလေး ဆွေးနွေးပေးခဲ့ကြပါရှင့်။

အောက်ပါလင့်လေးမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်..

ဆော့ဝဲထဲက အထူးအစီအစဉ် (၁၇)

ဆွေးနွေးလာတဲ့သူအားလုံးထဲက ကံထူးသူ (၁၀) ယောက်ကိုရွေးချယ်ပြီး ဖုန်းဘေလ်လက်ဆောင်ထည့်ပေးသွားမယ်နော်

တနင်္လာနေ့မှာ ကံထူးသူတွေနဲ့အတူ ပြန်လာခဲ့ပါမယ်။

11
UHtoo Myat Htoo

UHtoo Myat Htoo

လွန်ခဲ့သော ၅ နှစ် က

ပါဝင်မည်

Thetnyihtut

Thetnyihtut

လွန်ခဲ့သော ၅ နှစ် က

green way ပေါ်လာတာဝမ်းသာပါတယ်မြန်မာပြည်မှာအဓိကကတောင်သူလယ်သမားပါကျေးဇူး တင်ပါတယ်app

kyaw khaing

kyaw khaing

လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးရေးနဲ့ပက်သက်ပြီး မေးလာရင် ‌ချက်ခြင်း‌ဖြေသင့်ပါတယ်(ဖြေပေးမယ့်သူက လိုင်းပေါ်ရှိနေရင်) ခုလို ဆော့ဝဲတွေ ပေါ်လာတာ တောင်သူလယ်သမားတယောက်အနေနဲ့ ကြိုဆိုပါတယ်။ green way အောင်မြင်ပါစေ

kyaw khaing

kyaw khaing

လွန်ခဲ့သော ၅ နှစ် က

မေးတာ ဖြေတာတွေကိုတော့ ဖတ်ဖြစ်ပါတယ် ကိုယ်တိုင်တော့ မမေးဖြစ်ပါဘူး။

ကိုမျိးဇော်

ကိုမျိးဇော်

လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးရေး ဆေးကapp ဝယ်ရတာထဲမစုံသေးဘူးဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....