ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့် လျောက်လွှာခေါ်ယူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
၁။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ၅ နှစ်တာ သင်တန်းအတွက် ၂၀၁၇ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်သူများ လျောက်ထားနိုင်ပါသည်။
၂။ အမျိုးသား ဦးရေ (၁၅၀) နှင့် အမျိုးသမီး ဦးရေ (၁၅၀) စုစုပေါင်း ၃၀၀ ဦး လက်ခံပါမည်။
၃။ လျောက်ထားသူသည်-
(က) ဝင်ခွင့်လျောက်ထားချိန် တည်းဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရပါမည်။
(ခ) တက္ကသိုလ်ဝင် စားမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းအမှတ် (၃၈၀) နှင့် အထက် ရရှိသူ ဖြစ်ရပါမည်။
(ဃ) ကွင်းလက်တွေ့လုပ်ငန်း များတွင် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပါဝင်လေ့ကျင့် လုပ်ဆောင်ရမည် ဖြစ်ပါသဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်ကိုင်နိုင်သည့် ကျန်းမာရေး (က) အဆင့် ရှိပြီး ကျန်းမာ သန်စွမ်းသောသူ ဖြစ်ရပါမည်။
၄။ ပထမနှစ်ဝင်ခွင့် လျောက်လွှာပုံစံမှာ အောက်ပါ အတိုင်းဖြစ်ပြီး မိမိ အစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျောက်ထားရန်ဖြစ်သည်။
၅။ ပထမနှစ်ဝင်ခွင့် လျောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲ တင်ပြရမည်။
(က) တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်(မူရင်း)
(ခ) အမှတ်စာရင်း (မူရင်း)
(ဂ) လျောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစီစစ်ရေးကဒ် (မိတ္တူ)
(ဃ) အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)
(င) လိုင္စင္ဓာတ္ပံု (၃)
၆။ ဤလျောက်လွှာကို ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရေဆင်း လိပ်မူပြီး ၃၁-၈-၂၀၁၇ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ ကျောင်းသားရေးရာ ဌာနသို့ ပေးပို့ရမည်။ သက်မှတ်ရက်ထက် နောက်ကျသော လျောက်လွှာများ၊ မပြည့်စုံသော လျောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မမှန်မကန် ဖော်ပြ၍ လျောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်း ခံရစေမူ ပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။
၇။ အကယ်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဝင်ခွင့် မရရှိပါက တက္ကသိုလ်ဝင်ခွင့် လျောက်ထားမူ ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စီစစ်ရေးအဖွဲ့က ကြေငြာထားသော သတ်မှတ်နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့် လျောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျောက်ထားရန် လိုအပ်မည် ဖြစ်သည်။
၈။ အသေးစိတ် သိရှိလိုပါက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နေပြည်တော် ဖုန်း-၀၆၇-၄၁၆၅၁၂ နှင့် ၀၆၇-၄၁၆၅၁၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
မောင်အောင်ပြည့်မှူး
လွန်ခဲ့သော ၅ ရက် က@Green Way
မောင်အောင်ပြည့်မှူး
လွန်ခဲ့သော ၅ ရက် က@Green Way
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 0 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 1 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....