အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း-၇
အခန်း(၃) စိုက်ပျိုးမွေးမြူရေးကို လွှမ်းမိုးနေသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းအချက်များ (အဆက်)
(၂) ဇီဝသက်ရှိမဟုတ်သော အကြောင်းအရင်းများ (Abiotic Factors)
(ဂ) လေတိုက်ခြင်း (Wind)
အပင်များအတွက် အကျိုးရှိနိုင်သော တိုက်ခတ်သောလေကို ဆိုလိုပါသည်။ လေတိုက်ခြင်း ကြောင့် သီးနှံပင်နှင့် တိရိစ္ဆာန်များ အကျိုးရှိနိုင်ပုံမှာ-
ဝတ်မှုံကူးမှု ပိုမိုဖြစ်နိုင်ပြီး အောင်စေ့ရာခိုင်နှုန်းများပြားကာ အလေအလွင့်နှင့် အဖျင်းအမှော် နည်းပါးနိုင်ပါသည်။
ပူပြင်းသောရာသီတွင် လေတိုက်ခြင်းကြောင့် အပင်၊ တိရိစ္ဆာန်များ ဇီဝကမ္မဖြစ်စဉ် ပိုကောင်းမွန်နိုင်ပါသည်။
ရေဝပ်နေသော မြေယာများ ရေဝပ်မှု အနှေးနှင့်အမြန် လျော့ပါးသွားနိုင်ပါသည်။
လေပြင်းတိုက်မှုကြောင့် ဆိုးကျိုးမှာ-
အပင်များ ယိုင်လဲနိုင်ပါသည်။
မြေဆီလွှာတိုက်စားမှုဖြစ်နိုင်ပြီး လိုအပ်ပါက သီးနှံပင်များအပြင်မှ လေကာပင် (Wind Break) စိုက်ပျိုးပေးရပါမည်။
အပူပိုင်းဒေသများတွင် လေတိုက်နှုန်းများမှုကြောင့် အပင်များရည်ငွေ့ပျံမှုများနိုင်ပြီး ရေငတ်ကာ ညှိုးနွမ်းခြင်း (wilting) ဖြစ်နိုင်ပါသည်။
(ဃ) စိုထိုင်းဆ (Relative Humidity, RH)
စိုထိုင်းဆဆိုသည်မှာ လေထု (Atmosphere) ထဲတွင် အစိုဓါတ် (Moisture) ပါဝင်မှုကို ရာခိုင်နှုန်း ဖြင့် ပြသခြင်း ဖြစ်ပါသည်။ မိုးလေဝသပညာရှင်များက Hygrometer ဖြင့် တိုင်းထွာပါသည်။ လေထု အတွင်း စိုထိုင်းဆများပြားပါက အပင်ရည်ပျံမှု (Transpiration) နှင့် ရေငွေ့ပျံမှု ( Evaporation) နည်းပါး နိုင်ပါသည်။ တိရိစ္ဆာန်များတွင် ချွေးထွက်မှု (Sweat) များခြင်းကြောင့် အပူဓါတ်ဖိစီးမှု (Heat stress) ဖြစ်နိုင်ပါသည်။ အပင်များတွင် အပင်မှိုရောဂါများ (Fungus Diseases) ပိုမိုကျရောက်နိုင်ပါသည်။ (ဥပမာ-အာလူး) အသေးစိတ်ကိုမူ အပင်ရောဂါဗေဒပညာရှင်များနှင့် ဆွေးနွေးနိုင်ပါသည်။

ဇယား (၁) Carbon Cycle
(င) အလင်းရောင်၊ နေရောင်ခြည်စွမ်းအင် (Solar Energy)
နေရောင်ခြည်မှရရှိသော စွမ်းအင်ကြောင့် သီးနှံပင်များအစာချက်ကာ သီးပွင့်ကြီးထွားနိုင်မှုကို အားပေးသဖြင့် အပင်များအတွက် မရှိမဖြစ် လိုအပ်ပါသည်။ တစ်နေ့တာ နေရောင်ခြည်ရရှိနိုင်မှုကို နေရောင်ခြည်တိုင်းကိရိယာ (Sunshine Recorder)ဖြင့် တိုင်းထွာနိုင်ပါသည်။ ဥပမာ-အလင်းရောင်ရရှိမှု နှင့် တိမ်ထူထပ်မှုကြောင့် နွေစပါးနှင့် မိုးစပါးအထွက်နှုန်း ကွာခြားနိုင်ခြင်း၊ အလင်းရောင်ကြောင့် အစာချက်လုပ်ခြင်း (Photosynthesis)၊ အစိမ်းရောင် ကလိုရိုဖီးလ် (Chlorophyll) ရရှိခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
ထိုင်းနိုင်ငံ ကက်ဆက်ဆက်တက္ကသိုလ် (Kasetsart University) ဇီဝနည်းပညာဌာန (Biotechnology Department) တွင် ခရမ်းရောင်စပါးရွက်များဖြင့် စပါးမျိုးသစ်များ သုတေသနပြုထုတ်လုပ်ပြီး ဆန်စေ့တွင် စားသုံးသူအတွက် လိုအပ်သော အာဟာရဓါတ် (Minerals)၊ ဗီတာမင် (Vitamine) များ ထည့်သွင်းကာ နာမည်ကြီး ထိုင်းစပယ်ပန်းဆန် (Thai Jasmine Rice) ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာ၌ မက်ထရစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀) ရရှိနိုင်သည်ဟုပြောကာ အကြီးအကျယ် သုတေသနပြုနေပါသည်။
ကျွန်တော်တို့နိုင်ငံမှ နိုင်ငံခြားသို့ ဆန်တင်ပို့ရာတွင် တစ်တန်အမေရိကန်ဒေါ်လာ (၃၀၀) ခန့်သာ ရရှိနေရာ အရည်အသွေးကောင်းဆန်များ တင်ပို့နိုင်ရေး တက္ကသိုလ်များ၊ သုတေသနဌာနများမှ ဇောက်ချ သုတေသနပြုသင့်ပါသည်။ ဆန်စက်များ၏အခန်းကဏ္ဌလည်း ပါဝင်နိုင်သဖြင့် ဆန်စက်လုပ်ငန်းများ၊ ကြိတ်ခွဲမှုနှင့် အရည်အသွေးထိန်းချုပ်မှုများကို အင်ဂျင်နီယာတက္ကသိုလ်များမှ စနစ်တကျ သုတေသနပြု ဖော်ထုတ်သင့်ပါသည်။
နေရောင်ခြည်အလင်းရောင် ရရှိမှုနည်းပါးပါက အပင်များ မလိုလားအပ်ဘဲ မြင့်မားသွားကာ ပင်စည်များ အားနည်းသွားနိုင်ပါသည်။ အစိမ်းရောင်များ ဖျော့သွားကာ ကြီးထွားမှုနှုန်း နှေးသွားနိုင်ပါ သည်။ အရွက်များ၏ အစိမ်းရောင်ရင့်မှု၊ ကလိုရိုဖီးလ် (Chlorophyl) များမှုမှာ နေရောင်ခြည်တစ်ခုတည်းမဟုတ်၊ မြေဆီလွှာအာဟာရဓါတ်များ၊ အထူးသဖြင့် နိုက်ထရိုဂျင် (Nitrogen) ပါဝင်မှုနှင့်လည်း သက်ဆိုင်သဖြင့် နောက်ပိုင်း မြေဆီလွှာ အခန်းကဏ္ဌတွင်လည်း ဆွေးနွေးပါမည်။

ဇယား (၂) Chlorophyll
အလင်းရောင် များပြားလွန်းပါကလည်း အထူးသဖြင့် ကြက်၊ ဘဲ၊ မွေးမြူရေးတွင် ဥနှုန်း၊ အသားတိုးနှုန်း ထိခိုက်နိုင်ပါသည်။ တိရိစ္ဆာန်မွေးမြူရေးပညာရှင် (Poultry Husbandry Specialists) များ၊ ဗီဇပညာရှင်၊ မျိုးစပ်မွေးမြူသူများ (Poultry Geneticists and Poultry Breeders)၊ အာဟာရဗေဒ ပညာရှင်များ (Poultry Nutritionists)၊ စီးပွားရေးပညာရှင်များ (Poultry Marketing Specialists)၊ တောင်သူပညာပေးပညာရှင်များ (Poultry extensionists)နှင့် ကုသရေးဆရာဝန်များ (Poultry Veterinarians)တို့ စုပေါင်းသုတေသနပြု အဖြေရှာရပါမည်။ ထိုင်းနိုင်ငံမှ CP ကုမ္ပဏီနှင့် နယ်သာလန် နိုင်ငံမှ တင်သွင်းသော ကြက်ပေါက်များကဲ့သို့ ပြည်တွင်းရှိ အရည်အသွေးနှင့် အထွက်နှုန်း(ဥထွက်၊ အသွားထွက်)ကောင်းသော ဗီဇမျိုးများ ရှာဖွေသုတေသနပြုပြီး မျိုးစပ်မွေးမြူနိုင်ခြင်းဖြင့် ပြည်ပမှ ကြက်မျိုးများ တင်သွင်းရမှု ကုန်ကျစရိတ် လျော့နည်းသွားနိုင်ပါသည်။ စိုက်ပျိုးရေးသုတေသန၊ သစ်တောသုတေသနဌာနနည်းတူ မွေးမြူရေးဆိုင်ရာသုတေသနဦးစီးဌာန သီးခြားတည်ထောင်သင့်ပါ သည်။
(စ) မိုးရေချိန် (Rainfall or Precipitation)
မိုးရေချိန်အပြင် မြေဆီလွှာပေါ်သို့ ရေ(သို့မဟုတ်) အစိုဓါတ်ရရှိမှုအမျိုးမျိုး (ဥပမာ-ဆီးနှင်း snow) တို့ အားလုံးကို Precipitation ဟုခေါ်ဆိုပါသည်။ မြန်မာနိုင်ငံအတွက်ကတော့ ရွာသွန်းသော မိုးရေချိန်ပမာဏ (Amount)၊ စတင်ရွာသွန်းချိန်နှင့် ဆုတ်ခွာချိန် (On set and withdrawal)၊ ပျံ့နှံ့မှု (Distribution)၊ ကြာမြင့်သည့်ကာလအချိန်(Duration) စသည်တို့မှာ တောင်သူလယ်သမားများနှင့် သုတေသနပညာရှင်တို့အတွက် အလွန်အရေးပါသော အချက်အလက်များ ဖြစ်ပါသည်။ ဒေသအလိုက် မိုးရေချိန်ကို မိုးရွာသွန်းမှုအပေါ်တွင်ပင် မိုးရေချိန်တိုင်းကိရိယာ (Rain gauge) ဖြင့် တိုင်းထွာပါသည်။

ဇယား (၃) မိုးရေချိန်တိုင်းကိရိယာ
တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ သုတေသနပညာရှင်များ စိုက်ပျိုးရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနများမှ ပညာရှင်များ၊ လက်တွေ့လုပ်ငန်းခွင် တွင် ကြုံတွေ့နေရသော တောင်သူလယ်သမားများ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ စသည်ဖြင့် အတွေ့အကြုံ နှီးနှောဖလှယ်ပွဲများ ပြုလုပ်မည်ဆိုလျှင် ကျွန်တော်တို့နိုင်ငံအတွက် အလွန်အကျိုးရှိပါမည်။ မိုးရေချိန်ရရှိမှုနည်းပါးသော ဒေသများအတွက် ရေသွင်းစိုက်ပျိုးခြင်း (Irrigation) ကို ပြုလုပ်ရပါမည်။ မြန်မာနိုင်ငံ တွင် မိုးရေချိန်လက်မ (Inches) ဖြင့် ပြောဆိုနေကြပြီး နိုင်ငံတကာတွင်မူ မီလီမီတာ (Millimeter) ဖြင့် အသုံးပြုပါသည်။
ဆက်လက်ရေးသားပါဦးမည်။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ယခင်တစ်ပတ်က ဖော်ပြခဲ့သော "အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း-၆" ကို အောက်ပါ လင့်တွင်လေ့လာပါ။
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း-၆
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကဖုံးနံပါတ်နဲ့လိပ်စာလေး အသိမ်းရောင်လမ်းကိုပေးပို့ပေးပါ၊ စာအုပ်လက်ဆောင်ပေးခြင်လို့ပါ၊ အပတ်စဉ် စနေနေ့ည ၈-နာရီတိုင်း ရွေရောင်လွင်ပြင် golden plains livelihood development services Facebook page မှ စိုက်ပျိုးမွေးမြူရေး၊ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်လျှက်ရှိပါတယ်၊ မှတ်ပုံတင် registration ပြုလုပ်ပြီး zoom နဲ့ပါဝင်ဆွေးနွေူ၊ မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၄ နှစ် ကလိုအပ်တာမေးပါ
ကိုမြင့်လိုှင်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....