အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း-၆
အခန်း(၃) စိုက်ပျိုးမွေးမြူရေးကို လွှမ်းမိုးနေသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းအချက်များ (Environmental Factors Influencing Agriculture)
ပတ်ဝန်းကျင်ဆိုင်ရာလွှမ်းမိုးမှုသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအောင်မြင်စွာ ထုတ်လုပ်နိုင်ရန်အတွက် အဓိကအချက်(၂) ချက်ရှိပါသည်။
(၁) ဇီဝသက်ရှိကြောင့် အကြောင်းအရင်းများ (Biotic Factors)
အပင်၊ တိရိစ္ဆာန်များ ကြီးထွားရှင်သန်မှုကို နှောင့်ယှက်ဖျက်စီးသော အင်းဆက် ဖျက်ကောင်များ (Insect Pests)၊ တိရိစ္ဆာန်များတွင် လှေး၊ မိုက်၊ ဖြုတ်ပိုးစသည့်တို့၊ အပင်ရောဂါဖြစ်သော မှို (Fungus)၊ ဘက်တီးရီးယား၊ (Bacteria)၊ နီမတုတ် (Nematode)၊ ဗိုင်းရပ်စ် (Virus)၊ စိုက်ပျိုးထားသောအပင်များကို ယှဉ်ပြိုင်လွှမ်းမိုးသော ပေါင်းပင်များ (Weeds) စသည်တို့ ဖြစ်ပါသည်။ အသေးစိတ်ကို နောက်ပိုင်းအခန်းများတွင် ဆွေးနွေးပါမည်။
(၂) ဇီဝသက်ရှိမဟုတ်ဘဲ အကြောင်းအရင်းများ (Abiotic Factors)
(က) အပူချိန် (Temperature)
သတ်မှတ်အပူချိန်ထက် နိမ့်လွန်း၊ အေးလွန်းပါက အပင်များအနေဖြင့် အပင်ပေါက်ညံ့ခြင်း၊ အပင်မပေါက်တော့ခြင်း၊ အပင်ကြီးထွားမှု တန့်နေခြင်း၊ နောက်ဆုံးသေသွားခြင်းတို့ ဖြစ်နိုင်ပါသည်။ သတ်မှတ်အပူချိန်ထက်မြင့်ပါကလည်း ထို့အတူဖြစ်နိုင်ပါသည်။
အပင် (သို့မဟုတ်) တိရိစ္ဆာန်အတွက်အပူချိန်မှာ အမြင့်ဆုံး (Maximum)၊ အနိမ့်ဆုံး (Minimum) နှင့် အသင့်တော်ဆုံး (Optimum) များဖြင့် သီးနှံတစ်မျိုးချင်း (သို့မဟုတ်) တိရိစ္ဆာန်တစ်ကောင်ချင်း ဖော်ပြလေ့ရှိပါသည်။
ဥပမာ- တိရိစ္ဆာန်များအတွက် အသင့်တော်ဆုံးအပူချိန် အတိုင်းအခြား (Optimum Range)

စပါးတွင် ကြီးထွားမှုအဆင့်အလိုက် အပူချိန်လိုအပ်ချက် ကွာခြားပါသည်။

စပါးသည် အေးသည့်နိုင်ငံများတွင် ပတ်ဝန်းကျင်အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်အောက် ရောက်သွားပါက အပင်ပေါက်နှေးသွားပြီး အချို့အပင်မပေါက်တော့ပါ။ အပူပိုင်းနိုင်ငံများ၊ အပူပိုင်းရာသီတွင်လည်း (၄၅) ဒီဂရီ စင်တီဂရိတ်ကျော်သွားပါက ထိုကဲ့သို့ပင် အပင်မပေါက်ခြင်း၊ အပင်ပေါက်မညီတော့ခြင်း ဖြစ်တတ်ပါသည်။ ပင်ပွားများများထွက်ရမည့်အချိန်တွင် (၉) ဒီဂရီ စင်တီဂရိတ်အောက်နိမ့်၊ (၃၃) ဒီဂရီ စင်တီဂရိတ်ထက် ကျော်သွားပါက ပွင်ပွားထွက်မှု နည်းသွားနိုင်ပါသည်။ ပန်းပွင့်ချိန်တွင် (၂၂) ဒီဂရီ စင်တီဂရိတ်ထက်နည်းနှင့် (၃၅) ဒီဂရီ စင်တီဂရိတ်ထက် များသွားပါက ပန်းပွင့်များ ကန်းသွားနိုင်ပြီး အောင်စေ့ ရာခိုင်နှုန်းနည်းသွားပါက အထွက်နှုန်းကို ထိခိုက်သွားနိုင်ပါသည်။
(ခ) အငွေ့ပျံခြင်း (Evaporation)
မြေပြင်မှ ရေငွေ့ပျံခြင်းမှာ သီးနှံစိုက်ခင်းအတွင်းရှိ ရေ၊ အစိုဓာတ်တို့ လေထုထဲသို့ အငွေ့ပျံ သွားခြင်းဖြစ်ပါသည်။
ပင်ရည်ငွေ့ပျံခြင်း (Transpiration) မှာ အပင်အတွင်းမှရေများ အရွက်စတိုမာ (Stoma) အပေါက်မှနေ၍ လေထုတွင်း အငွေ့ပျံခြင်း ဖြစ်ပါသည်။
မြေပြင်မှ ရေငွေ့ပျံနိုင်သလို ဆည်ရေ၊ ကန်၊ အိုင်များမှလည်း နေပူဒါဏ်ကြောင့် ရေဆုံးရှုံးနိုင်ပါသည်။ ထိုသို့ဖြစ်နိုင်ရန် အပူချိန်များခြင်း၊ လေတိုက်နှုန်း၊ မြေပြင်တွင် ထယ်ထိုး၊ ထွန်မွှေ၍လည်း ဖြစ်နိုင်ပါ သည်။ ထို့ကြောင့် တစ်ချို့နိုင်ငံ၊ တစ်ချို့ဒေသစနစ်များတွင် လုံဝထယ်မထိုးခြင်း (Zero Tillage)၊ အနည်းဆုံး ထယ်ထိုးခြင်း (Minimum Tillage) ပြုလုပ်ကာ အစိုဓါတ်ကို ထိန်းသိမ်းထားလေ့ ရှိပါသည်။
အကျိုးကျေးဇူးများမှာ အငွေ့ပျံခြင်းနှင့် ပင်ရည်ငွေ့ ပျံခြင်းတို့ကြောင့် ရေသံသရာလည်ပြီး (Water Cycle) မိုးရေအဖြစ် မြေပြင်သို့ပြန်လည်ရောက်ရှိနိုင်ပါသည်။ လေထုထဲတွင် ရေငွေ့ (Water Bapour)၊ စိုထိုင်းစ (Atmosphere Humidity) ရှိနေခြင်းကြောင့် ပင်ရည်ငွေ့ပျံဆုံးရှုံးမှု နည်းပါးနိုင်ပါသည်။ ရေဝပ်မှုနှင့် ရေကြီးရေလျှံမှုတို့လည်း နည်းပါးနိုင်ပါသည်။ အပင်၊ တိရိစ္ဆာန်များ ထိုအကျိုးဆက် (Effect) ကြောင့် ခန္ဓာကိုယ်တွင် အပူချိန် သမမျှတနိုင်ပါသည်။
ရာသီဥတုပြောင်းလဲခြင်း (Climate Change) ကြောင့် ကမ္ဘာပေါ်တွင် ကောင်းကျိုးထက် ဆိုးကျိုးများလာသဖြင့် ဤပညာကို တက္ကသိုလ်များတွင် လေ့လာသင့်ပါသည်။
ရာသီဥတုပညာ (Climatology)၊ မိုးလေဝသပညာ (Meteorology)၊ စိုက်ပျိုးရေးမိုးလေဝသပညာ (Agrometeorology) တို့မှာ နိုင်ငံတိုင်း၌ အရေးကြီးဘာသာများအဖြင့် သင်ကြားသင်ယူ၊ သုတေသနပြု လုပ်လျက်ရှိရာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနှင့်လည်း ဆက်စပ်နေသော တက္ကသိုလ်နှင့် ဘာသာရပ် များ (ဥပမာ-စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ရုက္ခဗေဒနှင့် သတ္တဗေဒသင်ကြားသော တက္ကသိုလ်များတွင် အနည်းဆုံး အထောက်အကူပြုဘာသာအဖြစ် သင်ကြား၊ သင်ယူ၊ သုတေသန ပြုလုပ်သင့်ပါသည်)။ မိုးလေဝသပညာ အထူးပြုသင်ကြားနေသော ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များမှာ ဗြိတိန်နိုင်ငံ၊ ရက်ဒင်းတက္ကသိုလ် (University of Reading) မှ သိပ္ပံဘွဲ့ B.Sc (Meteorology and Climate) အီဒင်ဘာတက္ကသိုလ် (University of Edinburgh) မှ သိပ္ပံဘွဲ့ B.Sc (Geophysics and Meteorology)၊ အမေရိကန်နိုင်ငံ၊ တက္ကဆက်စိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ် (Texas A&M University) မှ သိပ္ပံဘွဲ့ B.Sc (Atmospheric Sciences and Meteorology)၊ ကာလီဖိုးနီးယားတက္ကသိုလ် (University of California, Los Angles) မှ သိပ္ပံဘွဲ့ B.Sc (Atmospheric Sciences and Meteorology) စသည်တို့ ဖြစ်ပါသည်။
ကျွန်တော်တို့မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည့်အလျောက် ရာသီဥတုပညာ (သို့) မိုးလေဝသပညာများကိုတက္ကသိုလ်များတွင် အထူးပြုလေ့လာပြီး သင်ကြားသင်ယူ သုတေသနပြုသင့်ပါသည်။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ယခင်တစ်ပတ်ကဖော်ပြခဲ့သော "အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၅)" ကို အောက်ပါလင့်တွင် လေ့လာနိုင်ပါသည်..
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၅)
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 2 ခု
သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး
kosoe • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး