အစိမ်းရောင်လမ်း
ပြောင်းဖူးမှ ရရှိနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အချက် (၇)ချက်

ပြောင်းဖူးမှ ရရှိနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အချက် (၇)ချက်

ပြောင်းဖူးဟာ သာမန်စိုက်ပျိုးထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်။ ပြောင်းဖူးကို နည်းအမျိုးမျိုးနဲ့ ပြင်ဆင်ချက်ပြုတ်နိုင်ပြီး ထူးခြားတဲ့ အဓိက အစားအစာတစ်မျိုးအဖြစ်လည်း စားသုံးနိုင်ပါတယ်။ ရေနဲ့ပြုတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အမုန့်အဖြစ်ကြိတ်ပြီး ယာဂုအနေနဲ့ပဲ ဖြစ်ဖြစ် ပြင်ဆင်ချက်ပြုတ် စားသုံးနိုင်ပါတယ်။ ပြောင်းဖူးမှာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အဓိကအချက် (၇) ချက်ပါရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) ပြောင်းဖူးမှာ အမျှင်ဓာတ်မြင့်မားပြီး အဆီဓာတ်လျော့နည်းစွာ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပြီး အစာကြေမှု ပိုမိုကောင်းမွန်စေပါတယ်။

(၂) ကယ်လိုရီဓာတ်အပါအဝင် ကာဗွန်ဟိုက်ဒရိတ် များပြားစွာပါဝင်တဲ့အတွက် ပေါင်အလေးချိန် ထပ်တိုးလိုသူတွေအတွက်  ပုံမှန်စားပေးရမယ့် ကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

(၃) ပြောင်းဖူးဟာ ဆီးချို၊ သွေးချိုရောဂါကို လျော့နည်းသက်သာစေတယ်။ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသားဓာတ်ပါဝင်မှုလည်းမြင့်မားပြီး စိတ်ဖိစီးမှုကို တားဆီးကာကွယ်ဖို့ အကူအညီဖြစ်စေတယ်။

(၄) အနီရောင်အစေ့နဲ့ပြောင်းဖူးတွေဆိုရင် အမြင်အာရုံ မညီမမျှဖြစ်မှုကို ကာကွယ်ပေးတဲ့ အာနိသင် ပါဝင်တယ်။

(၅) ပြောင်းဖူးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အကျိုးဖြစ်ထွန်းစေပြီး ကျန်းမာရေးဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်တွေကတောင် ပြောင်းဖူးကို နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ထည့်သွင်းပေးဖို့ ကိုယ်ဝန်ဆောင်မိခင်တွေကို အကြံပြုထားပါတယ်။

(၆) ပြောင်းဖူးဟာ ကိုလက်စထရောပမာဏကို လျော့နည်းစေပြီး အထူးသဖြင့် နှလုံးကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ နှလုံးသွေးကြောရောဂါမဖြစ်အောင်လည်း သူတို့က ကာကွယ်ပေးပါတယ်။

(၇) ပြောင်းဖူးမှရရှိတဲ့ ကစီဓာတ်ကို အလှကုန်ပစ္စည်းတော်တော်များများမှာ ထည့်သွင်းပြီးအသုံးပြုထားပါတယ်။ ပြောင်းဖူးကို အရေပြားပွန်းပဲ့ရာတွေ၊ ဝက်ခြံနဲ့ အရေပြားကျိန်းစပ်ခြင်းတွေ ပျောက်ကင်းသက်သာစေဖို့ အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်အချို့က ပြောဆိုထားပါသေးတယ်။

Source: vibenigeria

REF: Trend Myanmar

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....