အစိမ်းရောင်လမ်း
ပင်ပန်းသမျှ အကျိုးအမြတ်ရအောင် သီးနှံများကို စနစ်တကျ သိုလှောင်

ပင်ပန်းသမျှ အကျိုးအမြတ်ရအောင် သီးနှံများကို စနစ်တကျ သိုလှောင်

လူသားတို့စားသုံးရန်နှင့် ပြန်လည်စိုက်ပျိုးရန်အတွက် လည်းကောင်း၊ တိရစ္ဆာန်အစားအစာများအတွက်လည်းကောင်း၊ ရောင်းဝယ်ဖောက်ကားရန်အတွက်လည်းကောင်း၊ သီးနှံများမပျက်စီးစေရန်၊ စနစ်တကျ သိုလှောင်ကြရန် လိုအပ်သည်။

လယ်ယာသီးနှံများကို အချိန်ကြာမြင့်စွာ သိုလှောင်သော်လည်း မူလအရည်အသွေးနှင့်အရေအတွက် လျော့နည်းပျက်စီးခြင်းမရှိစေရန်၊ ခေတ်မီစနစ်ကျသော နည်းစနစ်များ အသုံးပြုကြရမည်ဖြစ်သည်။

လယ်ယာသီးနှံများကို ကြာရှည်စွာ သိုလှောင်ရာတွင် သက်ရှိများ၏ ပယောဂကြောင့်လည်းကောင်း၊ သက်မဲ့များ၏ ပယောဂကြောင့်လည်းကောင်း၊ လေလွင့်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ကြရသည်။

သက်မဲ့ပယောဂအမျိုးအစားတွင် အစိုဓာတ်၊ လေထုစိုထိုင်းဆ၊ အပူချိန်၊ အလင်းရောင်၊ လေဝင်လေထွက်၊ သီးနှံအမျိုးအစား၊ ထုတ်ပိုးစနစ်၊ သိုလှောင်မှုစနစ်နှင့် သန့်ရှင်းမှုစနစ်စသည်တို့ပါဝင်သည်။ သိုလှောင်ရာတွင် အဆိုပါအားလုံးနည်းစနစ်မှန်ရန်နှင့် ခေတ်မီစစန်ကျရန် လိုအပ်သည်။

သက်မဲ့ပယောဂများသည် သီးနှံပျက်စီးမှုကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အထောက်အကူဖြစ်စေသည်။ အင်း ဆက်ပိုးမွှားရောဂါများ၊ ကူးစက်ပျံ့နှံ့မှုကိုလည်း အားပေးသည်။ ပျက်စီးဆုံးရှုံးမှုလည်း များတတ်သည်။ သို့သော်လည်း ကုန်ကျစရိတ် သက်သာကာ ထိန်းသိမ်းရန် လွယ်ကူသည်။

သက်ရှိပယောဂအမျိုးအစားများမှာ ကျောရိုးရှိသတ္တဝါများ မှိုရောဂါများ အင်းဆက်နှင့် မွှား၊ ပင့်ကူအစရှိသည်တို့ဖြစ်သည်။

၎င်းတို့သည် အစေ့အဆံကို အဓိကဖျက်ဆီးကာ ကူးစက်ပျံ့နှံ့မှုလည်း မြန်ဆန်သည်။ အကယ်၍သာ သက်မဲ့ပယောဂများနှင့်ပါတွဲ၍ ဖြစ်ပေါ်ပါက ထိန်းချုပ်နှိမ်နင်းရန် ခက်ခဲလေ့ရှိသည်။ ပျက်စီးမှုလည်း များပြားသည့်အပြင် ကာကွယ်နှိမ်နင်းရေးအတွက် ကုန်ကျစရိတ်လည်းများပြားကာ ကိုင်တွယ်သုံးစွဲသူကိုပါ ကြီးမားသော အန္တရာယ်ဖြစ်စေသည်။

သက်ရှိပယောဂသည် သက်မဲ့ပယောဂကို အမှီပြု၍ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် သက်မဲ့ပယောဂများကို သတိမူကာ ကြိုတင်စီမံဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးသော ကာကွယ်နည်းဖြစ်သည်။

ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းတွင် အဓိကလုပ်ငန်းကြီး နှစ်ရပ်ကို သတိမှုကြရန် လိုသည်။

သီးနှံများမသိုလှောင်မီ သီးနှံများနှင့် သိုလှောင်ရုံများကို ကြိုတင်ပြင်ဆင်ခြင်းနှင့် သိုလှောင်ထားပြီးချိန်တွင် စနစ်တ ကျ ကာကွယ်စောင့်ရှောက်၊ နှိမ်နင်းခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန် ဖြစ်သည်။

သိုလှောင်ရုံများ စနစ်မကျလျှင် သိုလှောင်မှုစနစ် မည်မျှကောင်းစေကာမှု သီးနှံများပျက်စီးနိုင်သည်။ အလားတူပင် သိုလှောင်ရုံများ မည်မျှခေတ်မီစနစ်ကျစွာ တည်ဆောက်ထားစေကာမှု သိုလှောင်မှုစနစ်မကျပြန်လျှင်လည်း သီးနှံများပျက်စီးမည်သာ ဖြစ်သည်။

ထို့ပြင် သီးနှံအစေ့အဆံများ သိုလှောင်ပြီးချိန်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးအုပ်စုများကိုလည်း သတိမှုကာကွယ်ကြရန် လိုသည်။ အဆိုပါပိုးတို့တွင် ကနဦးကျရောက်ပိုးနှင့် ထပ်ဆင့်ကျရောက်ပိုးဟူ၍ ပိုးနှစ်မျိုးနှင့်လည်း ကြုံတွေ့နိုင်သည်။

သို့သော် ကနဦးကျရောက်ပိုးကို ထိရောက်စွာ နှိမ်နင်းပါက ထပ်ဆင့်ကျရောက်ပိုးကို နှိမ်နင်းပြီးဖြစ်သည်ဟု ပညာရှင်များက အကြံပြုထားသည်။

မည်သို့ဆိုစေ စိုက်ပျိုးရာသီတစ်ခုလုံး မိမိတို့အပင်ပန်းဆုံး အဆင်ရဲခံကာ ကြိုးပမ်းထားသမျှ ပါးစပ်နားရောက်ကာမှ ပုတ်ချခံရသကဲ့သို့ မဖြစ်စေရန် စိုက်ပျိုးရရှိလာသောသီးနှံများမှ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကာ လူနေမှုဘဝမြင့်မားလာရေးအတွက် သီးနှံများကို စနစ်တကျသိုလှောင်ထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပေသည်။

လယ်ယာစီးပွား(အယ်ဒီတာ့အာဘော်)

 

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....