သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
စိုက်ပျိုးရေးနိုင်ငံလို့ ခေါ်ဝေါ်တဲ့ ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တွေကို တောင်တန်းဒေသနဲ့ ပြည်မ နှစ်ခုလုံးရဲ့ စိုက်ပျိုးရေးကဏ္ဍတွေက အများဆုံးထုတ်လုပ်ပေးနေတာပါ။ စိုက်ပျိုးတဲ့ သီးနှံအမျိုးအစားအပေါ် မူတည်ပြီး အပြန်အလှန် မှီတင်းနေကြတယ်လို့ ကျွန်မမြင်မိပါတယ်။
ဒါ့ကြောင့် နိုင်ငံရဲ့ GDPကို မြင့်စေတဲ့ စိုက်ပျိုးထုတ်လုပ်မှုမျိုးကိုလုပ်နေတဲ့ တောင်သူပဲဖြစ်ဖြစ်၊ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြည်တွင်းစားသုံးသီးနှံတို့ကို စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူပဲဖြစ်ဖြစ်၊ မိမိ မိသားစု/ကျေးရွာ ဖူလုံရေးအတွက်သာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူပဲဖြစ်ဖြစ် ....အားလုံးဟာ မြန်မာနိုင်ငံရဲ့ တောင်သူတွေပါပဲ။ အားလုံးမှာ ... သာတူညီမျှ အခွင့်အရေးရှိရပါမယ်။
မြန်မာနိုင်ငံမှာ ပြည်မကြီးလို့သတ်မှတ်ထားတဲ့ တိုင်းဒေသတွေမှာ အများစုဟာ လယ်၊ ယာနှင့် ဥယျာဉ်ခြံတွေ စိုက်ပျိုးကြတယ်။ တောင်သူအများစုကိုလည်း လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) တွေ ထုတ်ပေးထားပါတယ်။ သို့သော် စားကျက်မြေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပုံစံ(၇) မရှိသူ/မရသူများလည်း ရှိပါတယ်။
တောင်တန်းဒေသ တိုင်းရင်းသားဒေသများတွင်မူ မိရိုးဖလာ၊ ဓားမဦးချလုပ်ကိုင်နေသည့် မြေများရှိ လုပ်ကွက်ငယ်တောင်သူများ၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူ တောင်သူများ၊ မြေလွတ် မြေလပ် မြေရိုင်းများတွင် တိုးချဲ့စိုက်ပျိုးနေသော တောင်သူအများစု အတွက် ပုံစံ(၇) များမရှိပေ။
လက်ရှိ လုပ်ထုံးလုပ်နည်းအရ ပုံစံ(၇)ရရှိရန် လျှောက်ထားရာ၌ ရက်ပေါင်း ၁၁၄ ရက်ခန့် လိုသည်ဟု သိရပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ တက်သုတ်ရိုက်၍ ပုံစံ(၇)များ ထုတ်ပေးခဲ့ခြင်းတွင်လည်း လူအင်အားမရှိခြင်း၊ သွားလာကွင်းဆင်းစရိတ်မရှိခြင်း အကြောင်းပြ၍ သက်ဆိုင်ရာဌာနမှ အချိန်ဆွဲ၍ မထုတ်ပေးသည့်ရွာများလည်း အများအပြားရှိတယ်လို့ ထောက်ပြထားသည်ကိုလည်း ဖတ်ရှုရပါတယ်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင်ထုတ်ပြန်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက်ထဲတွင် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်တင့်သောချေးငွေနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်ဟူသောအချက် ပါဝင်ပါတယ်။ ၎င်းချေးငွေအစီအစဉ်တွင် စီမံကိန်းဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရာသီအလိုက် ချေးငွေများ ထုတ်ပေးလျက်ရှိသော်လည်း ၎င်းတို့ဟာ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ပြီး လုပ်ပိုင်ခွင့်လက်မှတ်ရထားသော ၁၀ ဧက အောက်ပိုင်ဆိုင်သူ တောင်သူများကိုသာ ရည်ညွှန်းပါတယ်။ ထို့ပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မူရင်းကို တင်ပြပြီး အစိုးရချေးငွေကို လျှောက်ထားလို့ရသည်ဟု သတ်မှတ်ထားချက်မှာ တိုင်းရင်းသားဒေသများရှိ ဦးပိုင် အမည်ပေါက်ထားခြင်းမရှိတဲ့ မိရိုးဖလာ၊ ဓားမဦးချ လုပ်ကိုင်နေတဲ့မြေများရှိ လုပ်ကွက်ငယ်တောင်သူများကို လျှစ်လျှုရှုထားသကဲ့သို့ဖြစ်နေပါတယ်။
ပုဒ်မ၂၀ (င)တွင်လည်း တောင်သူလယ်သမားများလိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို လယ်သမားများ အရစ်ကျဝယ်ယူရရှိနိုင်ရေးအတွက် ပုဒ်မ(၁၃)တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ အရင်းအနှီးရရှိရေးအတွက် နှစ်ပေါက်၊ နှစ်တိုနှင့် နှစ်ရှည်ချေးငွေများကို ပြည်ထောင်စုရန်ပုံငွေဘောင်အတွင်းမှ ထုတ်ချေးခြင်း၊ လိုအပ်သော အကူအညီနှင့် အထောက်အပံ့များပေးခြင်းတို့ကို ပြုလုပ်နိုင်ရန်ဟူ၍ ပြဌာန်းခဲ့ပါတယ်။ ဤတွင်လည်း နှစ်တို ၃ နှစ်နှင့် နှစ်ရှည် ၅ နှစ်ချေးငွေဟူ၍ JICA Two Step Ioan နှင့် MEB Two Step Loan တို့မှ တောင်သူတစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ချေးငွေများ လျှောက်ထားနိုင်ပါတယ်။ သို့သော် ပုံစံ(၇) မူရင်းနှင့် သက်သေခံမြေပုံ (၁၀၅) မူရင်းတို့အား ဘဏ်တွင် အပ်နှံထားရမည့် သတ်မှတ်ချက်ရှိသောကြောင့် ၎င်းမှာလည်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မရှိသော တိုင်းရင်းသားဒေသ တောင်သူအများစု အကျုံးမ၀င်သည့်သဘောပင်ဖြစ်ပါတယ်။ ထို့ကြောင့် အစိုးရချေးငွေရရှိနိုင်မှုမှာ မြန်မာနိုင်ငံရှိ အမှန်တကယ် တိုင်းရင်းသားဒေသ တောင်သူများနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် အခွင့်အရေးနည်းပါးသည်ဆိုတာထက် မရှိသည့် အနေအထားမျိုး ဖြစ်နေပါတယ်။
ပုံစံ(၇)မရှိလျှင် တောင်သူများအနေနဲ့ မြေယာအငြင်းပွားမှုများနှင့် မြေယာဆုံးရှုံးမှုများ ပိုမိုဖြစ်လာသလို၊ အစိုးရမှ အတိုးနှုန်းသက်သာသော တောင်သူချေးငွေများလည်း ချေးငှားပိုင်ခွင့်မရှိသကဲ့သို့ ဖြစ်နေပါတော့တယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ ရေးဆွဲလာခဲ့တဲ့ မြေယာဥပဒေများ၊ စည်းမျဉ်းများကြောင့် တောင်တန်း၊ ပြည်မခွဲခြားမှုမှာ မရည်ရွယ်၍သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ပိုမိုအရှိန်မြင့်လာတာကို တွေ့ခဲ့ရပါတယ်။
ထို့ကြောင့် တောင်တန်းဒေသများနှင့် လုပ်ကွက်ငယ်တောင်သူများတွင် ပုံစံ(၇)များ အလျင်အမြန်ထုတ်ပေးခြင်း၊ သင့်တော်သော တောင်သူချေးငွေထောက်ပံမှုများ၊ ကူညီမှုအစီအစဉ်များကို နိုင်ငံနှင့်အဝန်း တောင်သူများ တပြေးညီရရှိခံစားစေရန် လုပ်ဆောင်သွားဖို့ အရေးတကြီးလိုအပ်ပါတယ်။ ထို့ပြင် စိုက်ပျိုးတောင်သူများအားလုံး သာတူညီမျှ အခွင့်အရေးရရေးအတွက် ကျေးလက်နှင့် ဝေးလံခေါင်သီသည့်ဒေသများအထိ ရောက်ရှိနိုင်သော ဝန်ဆောင်မှုမျိုးဖြစ်စေရန် ယခုလက်ရှိ ဥပဒေများနှင့် မူဝါဒများကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု.... မြင်မိပါတယ်။
Ye Wint Thu
လွန်ခဲ့သော ၄ နှစ် ကခြောက်ဖင်ချတဲ့မှုလား
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သိင်္ဂီလှိုင်
အားလုံး
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020
တောင်သူဦးကြီးများ၏ ရန်သူများနောက်ကွယ်မှ ကြိုးကိုင်သူတွေကို ရှာဖွေပါ
12/11/2020