အစိမ်းရောင်လမ်း
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ

သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ

    ပိုးသတ်ဆေးဆိုးကျိုးများဟုဆိုလိုက်ရင် အားလုံးသိပြီးသားဆိုပေမယ့် ကျွန်မမြင်တွေ့နေရတဲ့ မြင်ကွင်းတွေက ဒီဆောင်းပါးကိုရေးဖို့ တွန်းအားပြုနေပါတယ်။ ကျွန်မပတ်ဝန်းကျင်မှာဆို တောင်သူအယောက် ၁၀၀ မှာ ၉၈ ယောက်နှုန်းသည် အကာအကွယ်လုံးဝမပါဘဲ ပိုးသတ်ဆေးထိတွေ့နေမှုများကို ပိုမိုတွေ့နေရတယ်။ စိုက်ပျိုးရေးတွင် ဓာတုဆေးများ အသုံးပြုလာရမှုကလည်း နှစ်ဆမက ပိုများနေပါပြီ။ 

    တောင်သူဦးကြီးများကို စိုက်ပျိုးရေးသုံးဓာတုဆေးများ၏ဆိုးကျိုးကို အဖက်ဖက်မှ ပညာပေးဟောပြောပွဲတွေ၊ ပညာပေးဆောင်းပါးတွေ၊ သတိပေးဆောင်းပါးတွေ၊ သတင်းတွေကနေ လှုံ့ဆော်သတိပေးနေကြပါတယ်။ သို့သော် တောင်သူတွေမှာ အမှန်တကယ် သတိမူဆင်ခြင်တာ အလွန်နည်းနေပါသေးတယ်။ ဒါတွေက ဘာကြောင့်ပါလဲ...? 

    တကယ်တော့ တောင်သူတွေကို ဓာတုဆေးဆိုးကျိုးတွေ နားထဲကနေ ရင်ထဲရောက်ပြီး ဦးနှောက်အသိဉာဏ်နဲ့ ဆင်ခြင်ပြုမူလာနိုင်တဲ့အဆင့်ထိရောက်အောင် မလုပ်နိုင်သေးလို့ပါပဲ။ 

     ဒီလိုပြောရင် တောင်သူဘက်ကရော..." ဆိုးကျိုးတွေ.. ဘာတွေတော့သိပါတယ် ဒါပေမယ့် မတက်နိုင်ဘူး စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်နေသရွေ့ ဓာတုဆေးတွေကို ကိုင်တွယ်နေရအုံးမှာပဲ " ဟု ပြောခဲ့တဲ့ တောင်သူအတော်များများကိုလည်း ကြုံရဖူးပါတယ်။

    သို့သော်လည်း တောင်သူဦးကြီးများကို  ပြင်းထန်စွာ ထပ်မံသတိပေးပါရစေ။ စိုက်ပျိုးရေးသုံး ဓာတုဆေးမျိုးစုံသည် ကိုယ်တွယ်သူကိုဖြစ်စေ၊ ဘေးပတ်ဝန်းကျင်ကသက်ရှိသတ္တဝါများကိုဖြစ်စေ၊ သဘာဝကိုဖြစ်စေ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးရောပါ ဆိုးကျိုးများစွာဖြစ်ပါတယ်။ ချက်ချင်းရော၊ ဖြည်းဖြည်းချင်းရော အကျိုးဆက်ကို ခံစားရစေနိုင်ပါတယ်။ 

    ဒါဆို မလွှဲသာ မရှောင်သာ ကြုံတွေ့နေရမယ့် ဒီဆိုးကျိုးတွေကို တောင်သူတွေအနေနဲ့ ပပျောက်အောင်မစွမ်းနိုင်သေးပေမယ့် လျော့နည်းအောင်တော့ လုပ်နိုင်ပါတယ်။ တကယ်လုပ်ကြဖို့လည်း လိုလာပါပြီ။ ဖြစ်လာမဲ့ဆိုးကျိုးရဲ့ သက်ရောက်မှုကို လျော့ချနိုင်သော အတတ်နိုင်ဆုံးနည်းလမ်းများကိုမပြောခင် ဆိုးကျိုးတွေကို ပိုပိုမြင်လာနိုင်ဖို့ ပြောပြပါရစေ။

ဓာတုဆေးဝါးတွေနဲ့ ဘယ်လိုထိတွေ့ပြီး ဘယ်လိုသက်ရောက်စေပါသလဲ..?

- ပိုးသတ်ဆေးကို လူ့ခန္ဓာကိုယ်ထဲသို့ နှာခေါင်းမှ ရှူရှိုက်မိခြင်း

- ပါးစပ်မှ မျိုချမိခြင်း

- အရေပြားမှာတဆင့် အရေပြားမွှေးညှင်းပေါက်လေးများမှ ထိုးဖောက်ဝင်ရောက်ခြင်း

- သင့်တော်လုံခြုံသော အဝတ်အစားမဝတ်ဆင်ခြင်းမှ ထိတွေ့ခြင်း

- ကျိုးပဲ့ပျက်စီးနေသော ပစ္စည်းကိရိယာများမှ ထိတွေ့မိခြင်း

- ဆေးဖျန်းပုံးများဆေးကြောခြင်း၊ ဆေးဖျော်ခြင်းမှ ထိတွေ့ ကိုယ်တွယ်မိခြင်း

- စိုက်ခင်းအနီးရှိ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ရှူရှိက်မိခြင်းမှ ပိုမိုဆိုးကျိုးသက်ရောက်စေခြင်း

ဒါတွေကိုမြင်ကြည့်ရင် ကျွန်မတို့တောင်သူဦးကြီးတွေဟာ စားသုံးသူတွေထက် ဓာတုဆေးများကို ပို၍ထိတွေ့ရတဲ့အတွက် ပိုမိုပြင်းထန်တဲ့ဆိုးကျိုးကို ပိုများသောပမာဏဖြင့် ပထမဆုံး ခံစားကြရတာပါ။

ဒါဆို တိုက်ရိုက် ချက်ချင်းပြမယ့် ဓာတုဆေးတွေရဲ့ ဆိုးကျိုးလက္ခဏာတွေကရော

- နှာခေါင်း၊ လည်ချောင်းနှင့် အရေပြားယားယံခြင်း၊

- ခေါင်းကိုက်ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းလျောခြင်း

- ပြင်းထန်လျှင်-အရေပြား၌ အရည်ကြည်ဖုများထွက်လာခြင်း၊ မျက်စိမှုန်ဝါးခြင်းမှ ကွယ်သည်ထိဖြစ်လာခြင်း၊ သေဆုံးခြင်း 

ထို့ပြင် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများသည် လပေါင်းများစွာ (သို့) နှစ်ပေါင်းများစွာဖြစ်ပွားနိုင်တဲ့ နာတာရှည်ဆိုးကျိုးများပါဖြစ်ပွားစေပါတယ်။

- ကိုယ်ခံအားစနစ် ကျဆင်းစေခြင်း၊

- ဦးနှောက်နှင့် အာရုံကြောစနစ်ပျက်စီးခြင်း၊

- ဦးနှောက်၊ ရင်သား၊ ဆီးကြိတ်၊ သားဥအိမ်များ၌ ကင်ဆာရောဂါဖြစ်စေနိုင်ခြင်း၊

- သွေးနှင့် အသည်းရောဂါများကို ဖြစ်ပွားစေခြင်း၊

- ကျောက်ကပ်၊ အဆုတ်နှင့် အခြားကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေခြင်း၊

- မွေးရာပါချို့ယွင်းမှုများ၊ မျိုးဆက်ပွားထိခိုက်မှုများ၊ ကိုယ်ဝန်လျောခြင်းများ ဖြစ်ပွားစေခြင်း

- ကလေးသူငယ်များတွင် အရွယ်မတိုင်မိ အရွယ်ရောက်ခြင်း စသောဖြစ်ပွားမှုများပါ တွေ့ရှိခဲ့ရတယ်။

    သို့သော် ကိစ္စများစွာတွင် ပိုးသတ်ဆေးအဆိပ်သင့်ခြင်းလက္ခဏာများသည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးလက္ခဏာများနှင့် တူနေတတ်ပါတယ်။ ထို့ပြင် ပိုးသတ်ဆေးနှင့်ဆက်နွယ်သော ရောဂါများသည် အခြားရောဂါများနှင့် ဆင်တူနေသောကြောင့် ပိုးသတ်ဆေးအဆိပ်သင့်မှုဟု တိတိကျကျသတ်မှတ်တဲ့ ရှာဖွေတွေ့ရှိမှုမှာ နည်းပြီး အစီရင်ခံတင်ပြမှုလည်း နည်းပါးကြပါတယ်။ ချက်ချင်းပြသောရောဂါလက္ခဏာ များသည် လူတစ်ဦးကို ဆေးကုသမှုခံယူဖို့လှုံ့ဆော်ရန် အလုံအလောက်ပြင်းထန်မည် မဟုတ်ပါ။ ဒါမှမဟုတ် ဆရာဝန်တစ်ဦးသည် လက္ခဏာအများစုကို ပိုးသတ်ဆေးထိတွေ့မှုနှင့်ပတ်သက်၍ဖြစ်ခြင်းဟု စဉ်းစားမိရန် ခဲယဉ်းပေသည်။  သို့သော် ပိုးသတ်ဆေးများကြောင့် အဆိပ်သင့်သည်ဟုထင်လျှင် ချက်ချင်းဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    တောင်သူများအနေဖြင့် ရေတိုသာမက ရေရှည်၌လည်း ပြင်းထန်သော နာတာရှည်ရောဂါများဖြစ်ပွားနိုင်သော ပိုးသတ်ဆေးများထိတွေ့မှုကို အတတ်နိုင်ဆုံး လျော့ချရန်လိုအပ်ပါတယ်။ တောင်သူအနေဖြင့် တတ်နိုင်သောလုပ်ဆောင်မှုများမှာ

- အရေပြားနှင့်မထိတွေ့စေရန် ရှပ်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ဝတ်ကာ အလုံခြုံဆုံးဖြစ်အောင် ပြင်ဆင်ရပါမယ် 

- ရှူရှိက်မိခြင်းမှလျော့ချရန် နှာခေါင်းစည်းများ တပ်ဆင်ရပါမယ်

- ဆေးဖျန်းကိရိယာကိုယ်တွယ်ရာ၌ ဆေးဖျော်ရာ၌ လက်အိတ်များ ဝတ်ဆင်ရပါမယ်

- လည်ရှည်ဖိနပ် ဝတ်ဆင်ရပါမယ် 

- ဆေးဖျန်းပုံးမှလျှံကျ၍ ခန္ဓာကိုယ်ပေါ်မဖိတ်စေရန် ပိုးသတ်ဆေးအပြည့်ဖျော်ခြင်းမှ ရှောင်ကျဉ်ရပါမယ်

    ဒီအချက်တွေက တောင်သူတွေအနေနဲ့ မဖြစ်မနေလုပ်ဆောင်သင့်တဲ့၊ လုပ်ဆောင်နိုင်တဲ့ အချက်တွေပါ။ 

    မပေါ့ဆသင့်ပါဘူး။ မမြင်သာပဲ မမြင်မိပဲ ကြုံတွေ့နေကြရတဲ့ ပိုးသတ်ဆေးဆိုးကျိုးတွေ တောင်သူတွေဝန်းကျင်မှာ ထုနဲ့ထည်ပါပဲ။ ဆိုးကျိုးကိုသိလျက်နဲ့ ဆင်ခြင်နိုင်တဲ့အချက်တွေကိုမှ မလိုက်နာလျှင် မိမိတစ်ကိုယ်တည်း ခံစားရရုံတင်မကပါဘူး မိမိမိသားစုရော ပတ်ဝန်းကျင်ပါ ဆိုးကျိုးသက်ရောက်စေမှာပါ။ ဒါ့ကြောင့်  ပြင်းပြင်းထန်ထန် သတိပေးပါရစေ။

    တောင်သူဦးကြီးတွေအနေဖြင့် တတ်နိုင်သော အကာအကွယ်များကို သေချာစွာ အသုံးပြုကြဖို့ပါပဲ။

ကိုးကားချက်

https://www.pesticidereform.org/pesticides-human-health/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
မောင်ရဲလင်းဇော်

မောင်ရဲလင်းဇော်

လွန်ခဲ့သော ၅ နှစ် က

ဆွေးနွေးပါရစေဗျာ ကျွန်တော်ကတော့ ဒီဓာတုပိုးသတ်တေးျတွကို အသုံးပြုရင် နှာခေ့င်းစည်း မျက်နှာအုပ် လက်ရှည်အင်္ကျီ စတာတွေမပါဘဲ ဆေးဖျန်းရနာစိတ်က တစ်ခုခုလိုနေသလိုပါဘဲဗျာ။ ကျွန်တော်နို့ အနေနဲ့က လောလောဆယ်မီာ သီးရှံပင်တွေပေါ်မှာ ကိရောက်တဲ့ ပိုးမွှားတွေကို ဒီ ဓာတုပိုးသတ်တေးမှမသုံးရင်လည်း တခြားနည်းလမ်းကမရှိသလိုဖြစ်နေသေးတာပါ။ ဆိုကြပါစို့ဗျာ တောင်သူတွေဖြစ်နဲ့ ကျွန်တောတို့မှာ နည်းပညာအရ သဘာဝပိုးသတ်ဆေးတွေကို ဓာတုပိုးသတ်ဆေးတွေထက်အရည်အသွေး ကို တော်တော်လေးမီနိုင်တယ်ဆိုရင်ကျွန်နောတို့ဓာတုပိုးသတ်ဆေးတွေအစား သဘာဝပိုးသတ်ဆေးတွေကို တောင်သူတွေအနေနဲ့ပြောင်းလဲအသုံးပြုလာမှာ သေချာပါတယ်။ စိုက်ပျိုးျရးတေးဆိုင်တွေနဲ့ စိုက်ပျိုးျရးဌာနနွေကနေတစ်ဆင့်ပူးပေါင်းပြီး သဘာဝပိုးသတ်တေးရည်တွေကို စမ်းသပ်ဖြန့်ဖြူးရောင်းချစေခြင်းဖြင့် ဓာတုပိုးသတ်ဆေးတွေ အစား သဘာဝပိုးသ်တဆေးတွေဟာ ဈေးကွက်တစ်ခုအနေနဲ့ နေရာ ရလာနိုင်မှာပါ။ တောင်သူတွေအနေနဲ့ အသိသုတနည်းပါးလှတာကတော့ ကျွန်တော်တို့ မျက်မြင်ကိုတွေ့ပါ။ ကျွန်တော်ကိုယ်တိုင်လည်းအားနည်းနေပါသေးတယ်။ တကယ်တမ်းကတော့ တောင်သူတွေမမှားဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့မှာက စိုက်ပိူးထားတဲ့သီးနှံ တွေကို ဒီလိုမှ မသုံးရင် အရင်းအနှီးတွေ အချိန်ျတွ ကနှစ်တစ်နှစ်အဖြစ်ကုန်လွန်သွားမာစိုးရိမ်ရနဲ့အတွက် ဒီလိုဓာတုပိုးသတ်ဆေးတွေကို သုံးစွဲျနရခြင်းလို့ ကျွန်တော် တွေးရတာ။ သူတို့မှာကနည်းပညာဆိုတာကို အျလးမထားနိုင်ကြဘူးဗျ။ သူတို့တွေစိုက်ပျိုးထားတဲ့သီးနှံတွေကို ရာသီအချိန်ျပါ်ရင် ရတ်သိမ်း ရောင်းချနိူင်မှသာ မိမိတို့ရဲ့မိသားစုစားဝတ်နေရေးကပြေလည်နိူင်မှာျလ။ ‌ ဒီဆောင်းပါးထဲကလို ကျွန်တော်တို့ တောင်သူတွေကိုနည်းပညာပေးျဟာပြောလာတာ ကိုသတိမ မူတာတော့မဟုတ်ဘူးျှ။ ဆေးကိုသုံးစွဲတာခြင်းအတူတူ ဘာလို့ အကာအကွယ်မပါသလဲတိုတဲ့အျကြာင်းအရင်းကတော့ တောင်သူတွေကို တကယ်ထိရောက်တဲ့ နည်းပညာပေးမှုပုံစံများ အားနည်းနေခြင်း ‌ နောက်တစ်ခုကတော့ ကွိန်တော့်အတွေးပါဗျာ စိုက်ပျိုးရေးဆေးတိုင်မိားကနေတစ်ဆင့်မိမိတို့တီမှာလာရေက်ဝယ်ယူသော တောင်သူများအပေါ် ဆေးအညွှန်းများက်ု သီးနှံများ အပေါ် ကာကွယ်နှိမ်နှင်းနိုင်သလို ထိုတေးတွင်ပါဝင်သောဓာတုဓာတ်များသည် လူကို မည်သို့အန္တရာယ်ဖြစ်မည် စသည်ဖြင့် ကြိုတင်သတိပေးရောင်းခိစေချင်ပါသည်။ ‌ နောက်နစ်ခုကနော့ တောင်သူတွေကိုယ်တိုင်ကရော လေးနက်မှုရှိစေခြင်း ‌တာငေ်သူတွေအနေနဲ့ အသိရှိသော်ငြားလည်း အကာအကွယ်ပစ္စည်းများဝယ်ယူခြင်းအျပါ် ကုန်ကျစရိတ်အတွက်စိုးရိမ်နေခြင်းလော ‌တောင်သူတွေအနေနဲ့ ပိုးသတ်ဆေးတွင်ပါဝင်သော ဆေးအာနိသင်များက ထိမိသည်နှင့် ချက်ခြင်း ထိခိုက်မှုမရှိခြင်းလော ကျွန်နော်မြင်သလောက်သိသျလာက်ဗဟုသုနရှိသလေင်ာက် စသည်များစွာဖြ "ကျွန်တော့်ရဲ့အကြံပြုဆွေးနွေးချက် အမီားပါရင်ပြင်ဆင်ပေးပါဦး" ဟု မေတ္တာဖြင့် လေးစားစွာဆွေးနွေးတင်ပြအပ်ပါသည်။ _________++++++++_________

ကိုဇော်ဇော်

ကိုဇော်ဇော်

လွန်ခဲ့သော ၅ နှစ် က

ကျွန်တော် တို့နားမှာဓာတုပိုးသတ်ဆေးတွေကိုပဲသုံးနေကြတယ် ကျွန်တော်ကအခု သြဂဲနစ်ပိုးသတ်ဆေးစသုံးရင်အစင်ပြေပါ့မလားခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....