စီးပွားဖြစ်စျေးကွက်ဝင် အမယ်သစ်သစ်သီး ဇူကီးနီး "ခေါ်" ဖရုံသခွား
ဇူကီးနီး (ခေါ်) ဖရုံသခွားကို ဖရုံသီးအရှည်ဟုလည်း ခေါ်ကြပါသည်။ ဇူကီးနီးမှာ မြန်မာနိုင်ငံအတွက် အမယ်သစ်ဟင်းသီးပင်တစ်မျိုးဟုလည်း ဆိုနိုင်ပါသည်။ ဇူကီးနီးကို မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်ခန့်မှ စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ မြန်မာတို့၏ ဟင်းသီးဟင်းရွက်စျေးကွက်တွင် ပေါပေါများများရောင်းဝယ်စားသုံးမှု ယခုတိုင် မတွင်ကျယ်သေးပါ။ သို့သော် အဆင့်မြင့် city mart များတွင် ဝယ်ယူရရှိနိုင်ပြီး အဆင့်မြင့်ဟိုတယ်သုံး အဆင့်မြင့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သဖြင့် စျေးနူန်းမြင့်စျေးကွက်ကောင်း ဟင်းသီးတစ်မျိုးဖြစ်ပါသည်။
သို့ပါ၍ စားရေးသူသည် မိမ်ကိုယ်တိုင် စမ်းသပ်စိုက်ပျိုး မျိုးစေ့ထုတ်လုပ်ငန်းကို ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခဲ့ဘဘူးသော ဇူကီးနီး စိုက်ပျိုးနည်းစနစ်ကို နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဟိုတယ်သုံးဟင်းသီးတစ်မျိုးဖြစ်သည့် ဇူကီးနီးစျေးကွက် အလွယ်တကူအဆင်ပြေရေးအတွက် ဤဆောင်းပါးရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ဇူကီးနီး၏မူရင်းဒေသမှာ အိန္ဒိယနှင့် တောင်အမေရိကတိုက်တို့ ဖြစ်ပါသည်။ ၎င်း၏ မြန်မာအမည် ဖရုံသခွား (သို့) ဖရုံသီးအရှည်၊ အင်္ဂလိပ်အမည်မှာ Summer Squash (Zuchini)၊ သိပ္ပံအမည်မှာ Cucurbita Pepo၊ မျိုးရင်းအမည်မှာ Cucurbitaceae တို့ဖြစ်ပါသည်။
ဇူကီးနီးမျိုးများ
အပြင် သီးခွံရောင်လိုက်၍ အစိမ်းရင့်ရောင်မျိုး၊ ကြက်ဥနှစ်ရောင်မျိုး၊ အဝါရောင်မျိုးဟူ၍ ရှိပါသည်။ ဇူကီးနီးဟင်းသီးပင်သည် အနည်းငယ်နွယ်တက်ပြီး ပင်ခြေတွင် တစ်ဆစ်တစ်လုံး သီးကိုင်းဖြာပြီး သီးတတ်ပါသည်။ ဘောင်တင်စိုက်ပျိုးပြီး စင်တင်ရန် မလိုပါ။ အဝါမျိုးကို မိုးရာသီ၊ ဆောင်းရာသီးနှစ်မျိုးလုံး စိုက်ပျိုးနိုင်ပြီး ကျန်မျိုးများကို အောက်တိုဘာလ၊ နိုဝင်ဘာလ ဆောင်းရာသီတွင် စိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးသင့်သော မြေအမျိုးအစား
မြေသြဇာထက်သန်သော မြေမျိုးကို ကြိုက်နှစ်သက်ပါသည်။ နူန်းဆန်သောမြေ၊ မြေနီသဲဝှမ်း၊ နူန်းစနယ်မြေ၊ ရေစီးရေလာကောင်းသောမြေများတွင် စိုက်ပျိုးသင့်ပါသည်။ မြေအချဉ်အငန်ဓာတ် Soil pH ၆ မှ ၆ ဒသမ ၅ ကို ကြိုက်နှစ်သက်ပါသည်။
ကြိုက်နှစ်သက်သော ရာသီဥတု
ပူနွေးသော ရာသီဥတုမှာ ဖြစ်ထွန်းပြီး အတော်အတန်အေးသည့် ရာသီဥတုတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ဂျပန်၊ ကိုရီးယားနှင့်ဥရောပနိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်စားသုံးမှု များပါသည်။ အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်နှင့် ၂၅ ဒီဂရီ စင်တီဂရိတ်အတွင်း ဖြစ်ထွန်းပါသည်။
မျိုးစေ့နူန်းထား
တစ်ဧကကို ၁ ဒသမ ၅ ကီလိုဂရမ် အသုံးပြုကြပြီး Hybrid စပ်မျိုးများကို အသုံးပြုစိုက်ပျိုးကြပါသည်။
ဇူးကီးနီးစျေးကွက်အလားအလာ
ဇူကီးနီး ဟင်းသီးအစိုကို အဆင့်မြင့်ဟိုတယ်များတွင် ဟင်းသီးဟင်းရွက် အစိမ်းကြော်ဟင်းမယ်အဖြစ် အသုံးပြုကြသဖြင့် စျေးကောင်းနိုင်ပါသည်။
- အသီးစိုအနုများကို ထမင်းပွာများတွင် တို့စရာအဖြစ် အစိမ်းလိုက်လည်း စားကြပါသည်။ အသားနှင့်လည်း ကြော်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားကြပါသည်။
- ဂျပန်း၊ ကိုရီးယားနှင့် ဥရောပနိုင်ငံများတွင် အသုံးများသည့် ဟင်းသီးတစ်မျိုးလည်း ဖြစ်ပါသည်။
- မြန်မာနိုင်ငံတွင် ယခုအချိန်ထိ စိုက်ပျိုးသူဦးရေ နည်းနေသေးသဖြင့် ခရီးသွားလုပ်ငန်း တိုးတက်တွင်ကျယ်လာပြီး နိုင်ငံခြားခရီးသွားလာ၍ ဟိုတယ်စားသောက်ဆိုင်များ၏ ဇူကီးနီးဟင်းသီး လိုအပ်ချက် မြင့်တက်လာကာ စျေးကွက်ကောင်းလာမည် ဖြစ်ပါသည်။ နိုင်ငံခြားစျေးကွက်သို့လည်း အသီးစိုများ စျေးကွက်ချဲ့ထွင်နိုင်ပါသည်။ ဇူကီးနီး မျိုးကောင်းမျိုးသန့် စပ်မျိုးများကို ယခုအချိန်တွင် ထိုင်းနိုင်ငံမျိုးစေ့ ကုမ္ပဏီများမှ စျေးကြီးပေး၍ ဝယ်ယူစိုက်ပျိုးနေကြရပါသည်။
လှဆန်း(စိုက်ပျိုးရေး) B.Ag - 79
yan naung
လွန်ခဲ့သော ၃ နှစ် ကပျိုးထောင်နည်းသိချင်ပါတယ် မျိုးဆေ့ဝယ်ပျိုးတာမပေါက်လို့ပါ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 1 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 0 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 0 ခု
ပုံပါစပါးပင်က ဘာဖြစ်တဲ့လက္ခဏာလဲဗျ ဘာဆေးဖျန်းရမလဲ
Zaw Myo Win • ဖြေကြားချက် 3 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....