အစိမ်းရောင်လမ်း
လာမည့် ကြံသီးနှံထွက် ရာသီတွင် ကြံတစ်တန်လျှင် အများဆုံး ကျပ် ၆၅ဝဝဝ ပေးဝယ်မည်

လာမည့် ကြံသီးနှံထွက် ရာသီတွင် ကြံတစ်တန်လျှင် အများဆုံး ကျပ် ၆၅ဝဝဝ ပေးဝယ်မည်

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကြံသီးနှံ ရာသီအတွက် နိုဝင်ဘာလမှစ၍ သကြားစက်များ စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ကြံတစ်တန်လျှင်အနည်းဆုံး ကျပ် ၄၂ဝဝဝ မှ ကျပ် ၆၅ဝဝဝ အထိ ဈေးကောင်းပေး ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၊ သကြား၊ ကြံလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ၎င်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက “နိုဝင်ဘာလတော့ စဖွင့်မယ်။ တချို့စက်တွေကတော့မဖွင့်နိုင်သေးတာလည်း ရှိမယ်။ ပျဉ်းမနား၊ ဒဟတ်ကုန်းနဲ့ ရေတာရှည်မှာတော့ စက်ဖွင့်ဖို့ အချင်းချင်း ညှိနှိုင်းပြီးတော့ ဖွင့်ဖြစ်လိမ့်မယ်။ ဥက္ကံနဲ့ နဝဒေးဘက်မှာ ဆိုရင်တော့ တစ်တန်ကို ကျပ် ၄၅ဝဝဝ နဲ့ဝယ်မယ်။ မူဆယ်မှာရှိတဲ့ နန်းအွန် စက်ရုံမှာတော့တရုတ်ဘက်ကို ပို့လို့ တစ်တန်ကို ကျပ် ၆၅ဝဝဝ နဲ့ဝယ်မှာဖြစ်ပါတယ်။ ဂရိတ်ဝေါ စက်ရုံကတော့ သကြားဈေး အလိုက်ပေး ဝယ်မယ်။ သကြား တစ်ပိဿာ ကျပ် ၅၀ တက်တိုင်း ကြံဈေးကို တိုးမြှင့်ပေးဝယ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ ယခင်ဘဏ္ဍာနှစ်က ကြံတစ်တန်လျှင် အနည်းဆုံး ၅၀ဝဝဝ ကျပ် ရရှိခဲ့ခြင်းကြောင့် ကြံစိုက်ဧက တိုးတက်လာကြောင်း၊လက်ရှိတွင် ပဲစိုက်ပျိုးတောင်သူများမှ ကြံသီးနှံ စိုက်ရန် လိုလားနေကြပြီး အလားအလာ အနေဖြင့်လည်း ကြံစိုက်ဧက တိုးတက်လာနိုင်သည်ဖြစ်၍ ကြံကြိတ်စက်များကို အဆင့်မြှင့်တင်ခြင်း၊ ကြံ့ခိုင်စေရန် ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ထားသင့်ကြောင်း ၎င်းက ပြောသည်။

“လက်ရှိ ပြည်တွင်းမှာ သကြားတွေ ပုံနေပါတယ်။ ပြန်လည် တင်ပို့ကုန် စနစ်နဲ့ သကြား တင်ပို့ခွင့်ပိတ်လိုက်ပေမယ့် တခြားလိုင်စင်နဲ့ သကြား တင်သွင်းခွင့်တွေ ရှိသေးတယ်။ လုပ်ငန်းလိုင်စင်နဲ့ ဥပမာ-ကော်ဖီမစ်တွေ သုံးဖို့ သကြားတင်သွင်းခွင့် ပေးထားတာတွေ ရှိနေသေးတယ်။ ကြံသီးနှံစိုက်မယ် ဆိုရင်တော့ စိုက်ချင်တိုင်းတော့ စိုက်လို့မရပါဘူး။ အနီးအနားမှာ စက်ရုံတွေရှိရမယ်။ နောက်တောင်သူတွေ အနေနဲ့ ကြံသကာကို ကိုယ်တိုင်ချက် လုပ်တတ်ရင် ပိုအဆင်ပြေနိုင်တယ်။ ကြံသကာ ဈေးကွက်က တရုတ်ဘက် ပို့ရင် ဘာအခွန်အခမှ မပေးရဘူး”ဟု ၎င်းက ပြောသည်။ လက်ရှိတွင်မြန်မာနိုင်ငံတွင် ကြံစိုက်ဧကပေါင်းငါးသိန်း ဝန်းကျင်ရှိနေပြီး ကြံတစ်ဧကလျှင် တန် ၂၀ ထွက်ရှိကြောင်း၊ ကြံစိုက် တောင်သူများ အနေဖြင့် စက်သွင်းကြံ ဈေးမကောင်းပါက ကြံသကာချက် ဈေးကွက်တွင် တရုတ်နှင့်ဂျပန် ဝယ်လိုအားရှိနေခြင်းကြောင့် ဈေးကွက်ပျောက်မည်ကို စိုးရိမ်ရန်မလိုကြောင်း သိရသည်။ ၂၀၁၇-၁၈ဘဏ္ဍာနှစ် ကြံရာသီ ကြိတ်ဝါးမှု လျာထားချက်အခြေအနေမှာ ကြိတ်ဝါးတန် ၈၀ဝဝဝ၊သကြား ထွက်ရှိမှု ၈၄၀ဝ တန်၊ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၅ ဖြစ်ကြောင်း၊ တင်လဲထွက်ရှိမှု တန် ၃၂၀ဝ၊ ရာခိုင်နှုန်းအားဖြင့်လေးရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကြံသီးနှံသတ်မှတ်ရေးအစည်းအဝေးတွင် မြန်မာနိုင်ငံ၊ သကြား၊ကြံလုပ်ငန်းရှင်များ အသင်းမှ ကနဦး တင်ပြဆွေးနွေးချက်များအရ စက်ပိတ်ရက်ကို ဧပြီလအထိလည်းကောင်း၊ ကြိတ်ဝါးရက်အတွက် ၉၅ ရက် သတ်မှတ်ခဲ့ကြောင်း သိရသည်။ နေပြည်တော်၊ ပျဉ်းမနားရှိ ကြံစိုက်တောင်သူ ဦးလင်းကိုက”တောင်သူတွေဘက်ကတော့ သကြားပေါက်ဈေးအတိုင်း ဈေးပေးတာထက် သတ်မှတ်ဈေးနဲ့အညီ ပေးတာကို ပိုကြိုက်ပါတယ်။ စက်စဖွင့်ရက်ကိုလည်း နောက်မကျစေချင်ဘူး။ နောက်ဈေးလည်း အရင်နှစ်ထက်ပိုကောင်းဖို့ဘဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။

၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် မူဆယ်နမ်းအွန် ကြံစက်မှ ကြိတ်ဝါးတန် ၁၈ဝဝဝ တန်၊ သကြား ထွက်ရှိမှု ၁၆၂၀ တန်၊ ရာခိုင်နှုန်းအားဖြင့်ကိုးရာခိုင်နှုန်း၊ တင်လဲရည်ထွက်ရှိမှု ၈၄၉ ဒသမ ၆ တန်၊ ၄ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကြိတ်ဝါးတန် ၅၈ဝဝဝ ၊ သကြားထွက်ရှိမှု ၅၈၀ဝတန်၊ ၁၀ ရာခိုင်နှုန်း၊ တင်လဲရည်ထွက်ရှိမှု ၂၅၅၂ တန်၊ ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကြိတ်ဝါးတန် ၆၉၄၀ဝ၊ သကြားထွက်ရှိမှု ၆၉၄၅ တန်၊ ၁၀ ဒသမ ၁၂ ရာခိုင်နှုန်း၊ တင်လဲရည် ၂၉၄၀ တန်၊ ၄ ဒသမ ၁၂ ရာခိုင်နှုန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကြိတ်ဝါးတန် ၆၁၇၁၀၊ သကြား ထွက်ရှိမှု ၅၈၈၇ ဒသမ ၁၃၄တန်၊ တင်လဲရည်ထွက်ရှိမှု ၂၅၄၂ ဒသမ ၄၅၂ တန်၊ ၄ ဒသမ ၁၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

- နီနီအောင်

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ(၁၈) အမှတ်(၂၆၈)၊ စက်တင်ဘာ ၁၈ - ၂၄၊ ၂၀၁၇ ခုနှစ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....