သတိပြုရမည့် Email (အီးမေးလ်) အတုများ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ သတိပြုရမယ့် အီးမေးလ်အတုများ အကြောင်းကို တောင်သူတွေအတွက် မျှဝေပေးသွားမှာဖြစ်ပါတယ် ခင်ဗျ။
အီးမေးလ်ရဲ့ အကြောင်းကို ယခင်က ဆောင်းပါးတွေမှာအကျယ်တဝင့် ဖော်ပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ အီးမေးလ်တွေကနေတစ်ဆင့် ကိုယ်ရေးအချက်အလက် ခိုးယူခြင်းနဲ့ ငွေကြေးလိမ်လည်မှုတွေပြုလုပ်လာနေကြတာမို့ အီးမေးလ်အသုံးပြုနေတဲ့ တောင်သူ ဦးလေး ဒေါ်လေးတို့ရှိမယ်ဆိုရင် သတိထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျ။
အီးမေးအတုတွေမှာဆိုရင် သာမန် အီးမေးလ်အစစ်ကဲ့သို့ အမှတ်အသားများ၊ တံဆိပ်များ၊ လိုဂိုများ ပါဝင်ပြီး လက်ခံမည့်သူ ယုံကြည်အောင်ပြုလုပ်ထားလေ့ရှိပါတယ်။ အဆိုပါ အီးမေးရဲ့ အောက်ခြေတွင်လည်း လက်ခံရရှိသူမှ ဒေါင်းလုဒ်ဆွဲပြီး ဖွင့်ကြည့်စေရန် လင့်ခ်တစ်ခု (သို့မဟုတ်) ဖိုင်တစ်ဖိုင်ပါလေ့ရှိပါတယ်။ ၎င်း လင့်ခ် (သို့မဟုတ်) ဖိုင် အပေါ်နှိပ်ကြည့်လိုက်ပါက malware (အဖျက်အမှောင့်ဆော့ဝဲလ်) ကူးစက်ခံရပြီး မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လျှို့ဝှက်နံပါတ်တွေ ခိုးယူခံရမှာ ဖြစ်ပါတယ်။
အီးမေးလ်ဖြင့် ငွေကြေးလိမ်လည်ရာတွင် ဘဏ်အယောင်ဆောင် အီးမေးလ်များဖွင့်ကာ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ ဝင်နိုင်ရန် လင့်ခ် တစ်ခုပေးထားလေ့ရှိပါတယ်။ ၎င်းလင့်ခ်ထဲသို့ဝင်ရောက်လိုက်သောအခါ အသုံးပြုသူရဲ့ နာမည်နှင့်လျှို့ဝှက်နံပါတ်များကို တိုက်ရိုက်ခိုးယူသွားခြင်း ပြုလုပ်နိုင်တာမို့ သတိပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိမသိတဲ့သူဆီမှ ပေးပို့လာတဲ့ လင့်တွေ၊ ဖိုင်တွေကို နှိပ်မကြည့်ဖို့၊ မိမိရဲ့
အသိမိတ်ဆွေထံမှ ပေးပို့လာရင်လည်း သေချာအောင်အတည်ပြု မေးမြန်းပြီး စစ်ဆေးပါလို့ အကြံပြုလိုက်ရပါတယ် ခင်ဗျ။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
Facebook ပေါ်ရှိ group နှင့် page များကို သုံးသပ်ခြင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 1 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....