အစိမ်းရောင်လမ်း
ပိုးဝင်နေတဲ့ မျိုးကိုဆေးရည်စိမ်ပြီး စိုက်လို့ရမလားနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

ပိုးဝင်နေတဲ့ မျိုးကိုဆေးရည်စိမ်ပြီး စိုက်လို့ရမလားနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

မင်္ဂလာပါရှင့်

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်

၁။ မေး (U La Doi) - အပင်အခေါက်က ဒီလိုအနာဖြစ်သွားတာ အဲဒါကိုဘယ်လိုပြန်လုပ်ယူရင်ကောင်းမလဲဆရာ။

ဖြေ (  ဒို့ဦးလေး) - သန့်ရှင်းရေးလုပ်ပြီး...ကော့ပါးဆာလဖိတ် ကို ရေဖျော် သုတ်ပေးပါ 

(ဖုန်းမဏ်တိုး) - ဘောဒိုဆေးရည် သို့ ကော့ပါးပါသော မှိုသတ်ဆေးတစ်ခုခုကို ခပ်ပျစ်ပျစ်ဖျော်၍ သုတ်ထားနိုင်ပါသည်။ ရက်အနည်းငယ်ကြာပါက ပင်ခြေတွင် ပိုတက်စီယမ် နှင့် ဖော့စဖရပ် အချိုးမြင့်မြင့် ပါသော မြေဩဇာများကိုကျွေးနိုင်ပါသည်။ 

၂။ မေး (သူရိန်) - ပင်လုံးပျံ့ပိုးသတ်ဆေးတိုင်းက အမြစ်ကို လောင်းလို့ရလား အမြစ်လောင်းရင် ထိရောက်လားခဗျ။

ဖြေ (ဦးမောင်မောင်ထွေး) - ပင်လုံးပျံ့ပိုးသတ်ဆေးဆို အရွက်ကဖျန်းရင်အမြစ်ထိသွား ဒါကြောင့်အမြစ်ကိုထိအောင်လှန်ပြီး အောင်ဖြန်းရန်မလိုပါအမြစ်မှာကျတဲ့ ပိုးလည်းသေမှာပါ ဆွေးမြေ့ပြီးအာဟာရများလည်းဖြစ်စေမယ်။ မြေနဲပြန်မဖုံးရင်ခြောက်သွေ့လေလွင့်ပြီး အလဟသဖြစ်သွားမယ်။

၃။ မေး (အမည်မသိ) - ငရုပ်ပင်ရေဝပ်ပြီး ညှိုးသွားတာ ပြန်ကောင်းနိုင်ပါဦးမလားဗျ ဘာလုပ်ဆောင်ရမလဲဗျ။

ဖြေ (ဒို့ဦးလေး) - မနက်ခင်း မလန်းရင်..မရနိုင်တော့ပါဘူး။

(ဦးမောင်မောင်ထွေး) - ငရုပ်ပင်ရေဝင်လို့အောက်ဆီဂျင်ပြတ်လို.အမြစ်များသေတာဆို ရေကျသွားရင်ပြန်အမြစ်များပေါက်လာမယ်ဆို အပင်နလံထူလာမယ် အမြစ်ပုပ်ဘက်တီးရီးယားဝင်သွားရင်တော့ အပင်နလံမထူဘဲသေသွားမယ်။ အပင်ချေပေါင်းသင်ပြီး ထရိုင်ကိုဒါးမားမြန်မြန်ဖျန်းနိုင်ရင်အချို့ပြန်နလံထူလာနိုင်မယ်။

၄။ မေး (Khun Naing) - အာလူးမျိုးကို ပိုးဝင်နေလို့ ဆေးရည်စိမ်လို့ရလား ဘာဆေးရည် မျိုးကိုစိမ်ရမှာလဲဗျ။

(ဒို့ဦးလေး) - အင်ဒေါင်း မျိုးလူးဆေး စိမ်စိုက်ပါ။

(ဦးမောင်မောင်ထွေး) - မျိုးအာလူးကရောဂါနဲ့ဆိုမစိုက်ပါနဲ့ရောကာကင်းတဲ.မျိုးကိုပြောင်းစိုက်ပါ

၅။ မေး (U Si Thu) မိုးနည်းလို့ ရေမရှိသည့်အတွက် စပါးကျဲခင်းထဲကို ချောင်းရေတင်ချင်ပါသည်။ ချောင်းရေသည် ရေငန်ဖြစ်နေပါသဖြင့် တင်လို့ရ မရ သိချင်ပါတယ် ခင်ဗျာ (အခြောက်ကျဲ ခင်းပါ) 

ဖြေ (ဒို့ဦးလေး) - အရေးပေါ် (မဖြစ်မနေ)သွင်းဖို့ဆိုရင်.. ဂျစ်ဆန် ပက်ပြီးသွင်းပါ။ ရေလှောင်မထားဘဲ ၊အပင်ဖြစ်ရေလောက်သာသွင်းပါ။ မိုးရေကို ခံထားပါ(ကန်သင်းပိတ်ထားပါ) မိုးရေသည် အချဥ်ဓါတ်များပါတယ်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

5
U Mg Mg Htwe

U Mg Mg Htwe

လွန်ခဲ့သော ၃ နှစ် က

ဂျစ်ပစင်ကကယ်စီယံဆာဖိတ်ဒိုလိုမိုက်က. ကယ်စီယံမက်ကနီစဖိယံကာဘောနိပ်ဖြစ်တယ် နှစ်မျိုးစလုံးကောင်းတယ်ကန့်ချို့ထဲရင်gypsum သုံး magnessium ချို့ထည်ရင် ဒိုလိုမိုက်သုံး pH တက်ချင်ရင် gypsum သုံး

U Mg Mg Htwe

U Mg Mg Htwe

လွန်ခဲ့သော ၃ နှစ် က

မိုးခေါင်လို့စပါးကြဲခင်းထဲချောင်းထဲကဆားငံရေဆိုမသွင်းပါနဲ.အပင်ပေါက်လေးတွေကအပင်ကြီးလောက်ဆားငံရေကိုမခံနိုင်ပါဆားရေကနောက်ပိုင်းမှာလဲစပါးပင်ကိုဆက်ပြီးဒုက္ခပေးနေဦးမှာ

၀င်းမင်းထွန်း

၀င်းမင်းထွန်း

လွန်ခဲ့သော ၃ နှစ် က

မင်္ဂလာပါ

ရဲထက် ကရင်

ရဲထက် ကရင်

လွန်ခဲ့သော ၃ နှစ် က

အချဉ်ဖောက်တဲ့မြေကိုဘာနဲ့ ပြင်ရင်ကောင်မလဲ

ရဲထက် ကရင်

ရဲထက် ကရင်

လွန်ခဲ့သော ၃ နှစ် က

ဂျဆင်နဲ့ဒိုလိုမိုက် မြေပင်ရင်ဘယ်ဟာကောင်လဲ

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....