အစိမ်းရောင်လမ်း
ပန်းသီးဖုန်းနဲ့ အန်းဒရွိုက်ဖုန်း ကွာခြားချက်

ပန်းသီးဖုန်းနဲ့ အန်းဒရွိုက်ဖုန်း ကွာခြားချက်

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။

ယခုတစ်ပတ်မှာတော့ အိုင်ဖုန်း (ပန်းသီး) နဲ့ အန်းဒရွိုက်ဖုန်း အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

အရိုးရှင်းဆုံးပြောရရင် အန်းဒရွိုက်ဖုန်းဆိုတာ ကျွန်တော်တို့အများစု နေ့စဥ်အသုံးပြုနေတဲ့ ဖုန်းတွေကို ပြောတာဖြစ်ပါတယ်။ တံဆိပ်မျိုးစုံ၊ ကုမ္ပဏီ မျိုးစုံကထုတ်လုပ်ကြပါတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်ပြီး လူအများစုဝယ်ယူအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ 

အိုင်ဖုန်း ဆိုတာကတော့ ဖုန်းရဲ့နောက်ကျောမှာ ပန်းသီးပုံစံလေး ပါရှိပြီး ဈေးနှုန်းအားဖြင့်လည်း မြင့်ပြီး လူတန်းစားတစ်ခုလောက်သာ ကိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ အချို့ တောင်သူ ဦးလေး ဒေါ်လေးတွေလည်း အိုင်ဖုန်းတွေ ကိုင်နေကြပါပြီ။ 

ဒါဆိုရင်အိုင်ဖုန်းနဲ့ အန်းဒရွိုက်ဖုန်းတွေက ဘယ်အချက်တွေမှာ ကွာခြားနေလဲဆိုတာ လေ့လာကြည့်ရအောင်လား ခင်ဗျ။

ဒီဖုန်းအမျိုးအစား ၂ ခုရဲ့ ကွာခြားချက်ကတော့ အလုပ်လုပ်ဆောင်တဲ့ စနစ် ဖြစ်ပါတယ်။ အိုင်ဖုန်းတွေမှာ သုံးထားတဲ့ ပစ္စည်းကိရိယာတွေရဲ့ ဈေးနှုန်းဟာ အန်းဒရွိုက်ဖုန်းတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းကွာခြားတာ ဖြစ်ပါတယ်။ အိုင်ဖုန်းတွေ ဈေးကြီးတာ၊ နာမည်ကြီးတာဟာ ပစ္စည်းအရည်အသွေးထက် ဆော့ဝဲလ်တည်ဆောက်ပုံကြောင့်ဖြစ်ပါတယ်။ အဓိကကတော့ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချရမှုက ပြိုင်ဖက်မရှိတာကြောင့် အိုင်ဖုန်းတွေက နာမည်ရတာဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လုပ်ငန်းဆောင်တာဖြစ်စဥ်တွေဟာလည်း သေချာထိန်းချုပ်ထားတာမို့ ဖုန်းစက်ဟန်းတာ၊ လေးတာမျိုးတွေလည်း အဖြစ်နည်းပါတယ်။

တစ်ဖက်မှာလည်း မိမိအနေနဲ့ နည်းပညာကို စိတ်ဝင်စားတယ်၊ ထိန်းချုပ်ကန့်သတ်မှုတွေ မလိုချင်ဘူး၊ ဈေးနှုန်းလည်းသင့်တင့်တယ်၊ မိမိ စိတ်ကြိုက် စီမံခန့်ခွဲတာတွေလည်း လုပ်ချင်တယ်ဆိုရင်တော့ အန်းဒရွိုက်ဖုန်းတွေက ရွေးချယ်ဖို့ သင့်တော်ပါတယ် ခင်ဗျ။

https://maungnyi.wordpress.com/

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ယူကျူ့(Youtube) အကြောင်းသိကောင်းစရာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....