တစ်ချက်လေး စောင်းငဲ့ကြည့်အုံး
အပတ်စဥ် တင်ဆက်ပေးနေတဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေး တို့အတွက် မျှဝေခဲ့ပေးခဲ့တာ မှတ်မိမယ် ထင်ပါတယ်ခင်ဗျ။ ဒါနဲ့ ဖေ့စ်ဘုတ်သုံးတဲ့ တောင်သူတွေ ရှိကြလားခင်ဗျ။ ဒီတစ်ပတ်မှာတော့ အိုင်စီတီကို အခြေခံပြီးပြုလုပ်ထားတဲ့ ဖေ့စ်ဘုတ်အသုံးပြုရာမှာ သတင်းမှန် မမှန် စစ်ဆေးနိုင်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျ။
မြန်မာနိုင်ငံဟာ ဖေ့စ်ဘုတ်အသုံးပြုမှုများတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာ သတင်းအတုတွေ မကြာခဏထွက်သလို လူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး စိုးရိမ်ထိတ်လန့်စေတတ်ပါတယ်။ တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သတင်းတွေ့တိုင်း မယုံကြဘဲ ပြန်လည်မမျှဝေခင်မှာ သတင်းမှန်/ မမှန် စစ်ဆေးနိုင်ဖို့ နည်းလမ်းလေးတွေကို တောင်သူဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးလိုက်ပါတယ်။
၁။ ပို့စ် (Post) အကြောင်းအရာကို သုံးသပ်ပါ
သတင်းခေါင်းစဥ်ကို လေ့လာပါ။ စာဖတ်သူစိတ်ဝင်စားလာအောင် စာလုံးကြီးတွေ၊ သာသာထိုးထိုးရေးထားတဲ့ ခေါင်းစဥ်တွေဆိုရင်တော့ လေ့လာဆန်းစစ်ဖို့လိုပြီပဲ ဖြစ်ပါတယ်ခင်ဗျ ။
၂။ ဝက်ဘ်ဆိုက်ကို လေ့လာဆန်းစစ်ပါ
ပိုစ့်မှာပါလာတဲ့ လင့်ခ် (Link) ကိုနှိပ်ပြီး သတင်းတင်ထားတဲ့စာမျက်နှာကို အရင်စစ်ဆေးပါ။ စာရေးသူရယ်၊ ဘယ်လိုအကြောင်းအရာတွေ အများဆုံးရေးသားထားလဲ စစ်ဆေးပါ။
၃။ အကြောင်းအရာထဲမှာပါတဲ့ လူတွေရဲ့ ပြောစကားကို လေ့လာကြည့်ပါ
သတင်းထဲမှာ ကျွမ်းကျင်သူကို ရည်ညွှန်းထားတဲ့အပြင် သူတို့ပြောစကားဆိုပြီး ထည့်ရေးထားမယ်။ နာမည်တော့ မပါဘူး။ ဥပမာ – “နာမည်ကြီး ကျွမ်းကျင်သူတစ်ဦးက ပြောသည်” ဆိုတာမျိုးပါ။ ဒါက သတင်းအမှားတွေမှာ တွေ့ရတတ်ပါတယ် ခင်ဗျ။
၄။ သတင်းတင်တဲ့ အချိန်နဲ့ ရက်စွဲကို စစ်ပါ
မိမိတွေ့ရတဲ့သတင်းဟာ လက်ရှိဖြစ်ပျက်နေတာလား၊ ယခင်က ဖြစ်ပြီးသားသတင်းအဟောင်းကို ပြန်တင်ထားတာလားဆိုတာ သိရဖို့ သတင်းတင်ထားတဲ့ရက်စွဲကို စစ်ဆေးပေးပါခင်ဗျ။
၅။ တခြားမှာတင်ထားတဲ့ သတင်းခေါင်းစဉ်၊ အကြောင်းအရာတွေနဲ့ တိုက်စစ်ပါ
တခြားသတင်းရင်းမြစ်တွေကို ထည့်သွင်းဖော်ပြထားလား၊ အချက်အလက်တွေက ယုံကြည်စိတ်ချရတဲ့ တရားဝင် ထုတ်ပြန်တဲ့ သတင်းတွေလားဆိုတာ လေ့လာပါ ခင်ဗျ။
ဒါကြောင့် တောင်သူဦးလေး ဒေါ်လေးတို့လည်း ဖေ့စ်ဘုတ်သုံးပြီး အကြောင်းအရာတစ်ခုခုကို share နှိပ်ပြီး ပြန်လည်မမျှဝေခင် အပေါ်မှာဖော်ပြထားတဲ့ အချက်လေးတွေကို အခြေခံပြီး သတင်းကို တစ်ချက်လေး စောင်းငဲ့ကြည့်ပေးပါအုံးနော်။
တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးခင်ဗျ။ ယခင်တစ်ပတ်က အင်တာနက်ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026