အစိမ်းရောင်လမ်း
တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

(၉.၁၁.၂၀၂၁) မှ (၁၂.၁၁.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်၊စပါး

ဆန်စပါးတွေကတော့ အသစ်တွေလည်းဈေးကွက်ထဲ ဝင်လာပြီဖြစ်လို့ အဟောင်းဈေးတွေက ငြိမ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာလည်း ဖျာပုံပေါ်ဆန်းနဲ့ ဒေးဒရဲပေါ်ဆန်းတို့က တစ်အိတ်ကို ၄၅၀၀၀ကနေ ၄၈၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၆၀၀၀ ကနေ ၅၀၀၀၀ ကျပ်၊ နယ်စုံက တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၂၀၀၀ ကနေ ၅၉၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ တစ်အိတ်ကို ၂၄၅၀၀ ကနေ ၂၅၅၀၀ ကျပ်၊ ငစိန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ မှ ၂၄၀၀၀ ကျပ်၊ ရက် ၉၀ ကတော့တစ်အိတ်ကို ၂၇၀၀၀ ကနေ ၂၉၀၀၀ကျပ်၊ သီးထပ် ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ မှ ၂၅၅၀၀၊ ဧည့်မထ ၂၅ မှတ်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပါတယ်။

ဧရာ၀တီတိုင်း ဈေးကွက်မှာတော့ ပြီးခဲ့တဲ့နှစ် စပါးဈေးဆန်ဈေးတွေက ဈေးငြိမ်နေပြီး အသစ်တွေကတော့ ဈေးကွက်ထဲစပြီးဝင်လာပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ဧည့်မထ(မိုး)(၂၀၂၂)စပါးက တင်း ၁၀၀ ကို ၆၄၄၀၀၀ နဲ့ ဈေးဖွင့်ထားပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ကျပ်ရှိပါတယ်။ မြောင်းမြကတော့ တင်း ၁၀၀ ကို ၆၅၃၂၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ မထွက်သေးပါဘူး။ အခြားမြို့နယ်တွေဖြစ်တဲ့ ကန်ကြီးတောင့်၊ ကျုံပျော်၊ ရေကြည်၊ကျောင်းကုန်း၊ ဇလွန်၊ ဝါးခယ်မ၊ ညောင်တုန်း၊ ပန်းတနော်တို့မှာတော့ ဧည့်မထ(မိုး) အသစ်က စပါးတင်း ၁၀၀ ကို ၅၃၀၀၀၀ ကနေ ၆၁၀၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ ဆန်ကလည်း တစ်အိတ်ကို အနိမ့်ဆုံးဈေး ၂၁၅၀၀ ကနေ ၂၄၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

မတ်ပဲ

မတ်ပဲက ပြီးတဲ့အပတ်က ငွေကြေးဈေးပြောင်းလဲမှုကြောင့်ပြန်တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ကျဆင်းသွားပါတယ်။ အစိုးရကပြောင်းလဲလိုက်တဲ့ ပေါ်လစီအချို့ကကြောင့် ဒေါ်လာဈေးက ၁၇၀၀ ကျော်အထိ ကျဆင်းသွားခဲ့ပြီး ပဲဈေးတွေကလည်း ဆက်တိုက်ကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲ(FOC)ဈေးက တစ်တန်ကို ဒေါ်လာ ၇၆၅ ကနေ ၇၈၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်အနည်းငယ်သာ ကျဆင်းသွားပေမယ့် ပဲဈေးက ငွေကြေးလဲလှယ်မှု ပေါ်သက်ရောက်နေတဲ့ ကျပ်ငွေဈေးကျဆင်းမှုမှာတော့ ကွာဟချက်ကြီးပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်း ၇ သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်  တစ်တန်ကို ၃၀၀၀၀ ကျော်လောက်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီ ဈေးငြိမ်ပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

အောင်လံမှာတော့ တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဈေးဖွင့်ထားပေမယ့် အရောင်းအဝယ်ကတော့ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ လက်ကျန် မရှိ အရောင်းအဝယ်ကလည်း နည်းနေတဲ့အတွက် ဈေးကတော့ ငွေကြေးအပြောင်းအလဲပေါ်မူတည်ပြီးသာ ဈေးကပြောင်းလဲနေတာဖြစ်ပါတယ်။ မတ်ပဲလောက်အတက်အကျမကြမ်းပဲ အနည်းငယ်သာပြောင်းလဲပါတယ်။

ပဲစင်းငုံနီ(FOC) ဈေးက တစ်တန်ကို  ၆၅၅ ဒေါ်လာ ကနေ ၆၇၅ ပေါက်ဈေးရှိပြီး ၁၀ ဒေါ်လာလောက်ပဲဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၁၁ သိန်း ၆ သောင်းခွဲ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅၀၀၀ လောက်ဈေးကျဆင်းပါတယ်။

မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိပါဘူး။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုန်သည်တွေက ငွေထုတ်ရာမှာ အခက်အခဲရှိနေပြီး ရောင်းသူများတဲ့အတွက်ကြောင့် ဈေးချဝယ်ယူမှုတွေလည်း ရှိနေတယ်လို့လည်းသိရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ တရုတ်က တင်သွင်းမှုပြန်လည် ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းများကြောင့် ပဲတီစိမ်းတွေက ဈေးပြန်တက်လာပါတယ်။ ငွေကြေးပြောင်းလဲမှုကြောင့်သာ ရန်ကုန်ဈေးကွက်မှာ ဈေးအနည်ငယ်ပြန်ကျဆင်းသွားခဲ့ပေမယ့် နယ်ဈေးကွက်တွေမှာတော့ အဝယ်ပြန်လိုက်ပြီး ဈေးတက်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊)က တော့ တစ်ပိဿာကို ၂၄၁၅ မှ ၂၅၈၅ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂၂၅၀ မှ ၂၃၃၅  ကျပ်ရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၄၁၅ ကနေ ၂၅၈၅ ကျပ် ရှိပြီး ၈၅ ကျပ် ဈေးကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၄၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံမှာတော့ တစ်တင်းကို ၄၂၂၀၀၀ မှ ၄၂၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၄၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၁၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

 

1
ဦးအောင်ဝင်းနိာင်

ဦးအောင်ဝင်းနိာင်

လွန်ခဲ့သော ၄ နှစ် က

ဂအုံဂဂ၊ တြဈ။ ့က ဘယူ ဆ၊တ

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....