ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
တောင်သူ့ဘေးက ဇီဝမျိုးစုံမျိုးကွဲများ
ဒီနေ့က ဇွန်လ (၅)ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပါ...ဦးလေးကြီးတို့ရေ
? သင်ဟာ တောင်သူတစ်ယောက်ဖြစ်မယ်
? စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေမယ်
? စိုက်ပျိုးရေးကထွက်တဲ့ အသီးအနှံတွေကို နေ့စဉ်စားသောက်နေသူဖြစ်မယ်ဆိုရင် ဒီစာကိုဆက်ဖတ်သင့်ပါတယ်။
တောင်သူနဲ့ ဇီဝမျိုးကွဲများ
?? တောင်သူတွေဆိုတာ နေ့စဉ်ဘဝမှာ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့အတူ ရှင်သန်နိုးထ လှုပ်ရှားသွားလာကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
?️ မနက်အိပ်ယာထချိန် အိမ်နားက ငှက်အော်သံတွေကြားရမယ်
? လယ်ထဲ ယာထဲ ထွန်ယက်စိုက်ပျိုးကြတဲ့အခါ ငှက်တွေအစာလာကောက်ကြမယ်
?ထမင်းစားတဲ့အခါ လယ်တောက ဟင်းရွက်အစုံနဲ့ တို့စရာတစ်ခွက်ပါမယ်
?လယ်မြေ ယာမြေတွေထဲမှာ တီကောင်လေးတွေရှိတယ် တီကျစ်စာတွေတွေ့နေရတယ်။
ဒီလိုအခိုက်အတန့်တွေကို တောင်သူတွေကြုံဖူးခဲ့ကြပါတယ်။အထူးသဖြင့် ကျနော်တို့ရဲ့ မိဘ ၊ဘိုးဘွားတွေရဲ့ခေတ်ကပေါ့။ ခုများမှာတော့ ဒီလိုတွေမရှိတော့ပါဘူး။
? ဒီဖြစ်စဉ်တွေဟာ နောင်လာမယ့် သားစဉ်မြေးဆက်တွေအတွက် စိုးရိမ်စရာဖြစ်လာနေတယ်ဆိုရင် ပိုမှန်နေပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံးက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး သားစဉ်မြေးဆက်တွေနေထိုင်မယ့် ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ နှိုးဆော်ကြပါတယ်။
ဒီနှစ်မှာတော့ သက်ရှိမျိုးစိတ်တွေ ဒီကမ္ဘာမြေပေါ်က ပျောက်ကွယ်မသွားဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။
??️ ကမ္ဘာတစ်ဝှမ်းမှာတော့ သက်သက်လွတ်စားတာ အပင်စိုက်တာ စိုက်ပြီးသားအပင်တွေပြုစုတာ ပလပ်စတစ်တွေမသုံးတော့တာ လောင်စာဆီမသုံးဖြစ်အောင် စက်တပ်ယဉ်အသုံးမပြုတာ ၊စသည်ဖြင့် သဘာဝပတ်ဝန်းကျင်က ဇီဝမျိုးစုံမျိုးကွဲတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုမူနေထိုင်ကြပါတယ်
ဦးကြီးတို့အနေနဲ့လည်း
- အိမ်ဝန်း၊ခြံဝန်းထဲမှာရှိတဲ့ အပင်မျိုးစိတ်တွေကို ဆက်လက်ထိန်းသိမ်းထားတာ
- တီကောင်တွေ ၊ဖားတွေ၊ ပျား ပိတုန်းလေးတွေ၊ ငှက်ကလေးတွေ၊ပုစဥ်းတွေ စတဲ့ စိုက်ပျိုးရေးရဲ့ မိတ်ဆွေလေးတွေကို ထိန်းသိမ်းထားတာ
- ခြံစည်းရိုးမှာနွယ်တတ်နေတဲ့ ဆေးဘက်ဝင်အပင်လေးတွေကို ထိန်းသိမ်းထားတာ
- စိုက်ပျိုးမြေတွေမှာ ဓာတုဆေးတွေအလွန်အကျွံမသုံးတာ
? ဒီအလေ့အကျင့်ကောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။
ရာသီဥတုတွေမှန်လာဖို့
စိုက်ပျိုးမြေတွေကောင်းမွန်လာဖို့
သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဒီလိုအလေ့အကျင့်ကောင်းတွေလုပ်ဆောင်နေကြရဲ့လား။(ဥပမာ -ခြံထဲမှာ ပျားအုံရှိတဲ့သူ၊ စက်ဘီးပဲစီးတဲ့သူ၊ ဆိုလာစွမ်းအင်ကိုပဲသုံးတဲ့သူ ၊ဒေသမျိုးလေးတွေ စိုက်ထားတဲ့သူ ၊ဓာတုတွေလျော့သုံးနေတဲ့သူ ရှိရင် မန့်သွားပါအုံးနော်)
??? မလုပ်ဖြစ်သေးဘူးဆိုရင် ဒီနေ့ပဲစလိုက်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျို့….
Soe Naing
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးအထူးတင်ပါတယ်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 1 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
ပုံပါစပါးပင်က ဘာဖြစ်တဲ့လက္ခဏာလဲဗျ ဘာဆေးဖျန်းရမလဲ
Zaw Myo Win • ဖြေကြားချက် 3 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....