မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၁၈)
တပိုင်တနိုင်တောင်သူများ လွယ်လွယ်ကူကူစိုက်နိုင်သော ကြီးထွားမြန်ဆေးဖက်ဝင်အပင်တွေ အရည်အသွေး ကောင်းစေဖို့ အလားအလာကောင်းသည့် အေအမ်အက်မှို သုံးကြစို့..
အလားအလာကောင်းသည့် အေအမ်အက်မှို၏ အရည်အချင်းများကို လေ့လာကြရအောင်..
* မိုက်ကိုရိုက်ဇာမှို၏ ဇီဝမြေသြဇာ မှိုမျိုးစအဖြစ်သုံးရန် ရွေးချယ်ခြင်း

အာဘာစကူလာ မိုက်ကိုုရိုက်ဇာမှို၏ မှိုမျိုးစအဖြစ်သုံးသင့်သော အရည်အချင်းနှင့် ဂေဟစနစ်တွင် လုပ်ဆောင်ချက်
မြေထဲမှ ဖော့စပရပ်စ်ကို စုပ်ယူပြီး အပင်သို့ပို့ပေးခြင်းနှင့်ဆက်နွှယ်သောမိုက်ကိုရိုက်ဇာ၏အရည်အချင်း
- က။ ပြင်ပနေမှိုမျှင်ထွက် ထုထည်များ များရမည်။
- ခ။ ပျံ့နှံ့မှု ကောင်းရမည်။
- ဂ။ မြေထဲမှ ဖော့စပရပ်စ်ကို စုပ်ယူမှုကောင်းသည်။
- ဃ။ အမြစ်စွဲအားမြန်သည်။
အမြစ်စွဲအားမြန် ကောင်းစေသော လုပ်ငန်းများ
- က။ မှန်ကန်သောဖော့စပရပ်စ်အမျိုးအစား၊ အချိုးအစား
- ခ။ ယှဉ်ပြိုင်စွမ်း ကောင်းရမည်။
- ဂ။ မြေအရည်အချင်း
- ဃ။ လက်ခံပင်
- င။ မြေထဲတွင် အခြားအကျိုးပြု သက်ရှိများ
အပင်အထွက်ကောင်းစေသောစွမ်းရည်နှင့် ဆက်နွှယ်သောမိုက်ကိုရိုက်ဇာ၏ အရည်အချင်း
- က။ မြေထဲမှ ဖော့စပရပ်စ်ကို စုပ်ယူပြီး အပင်သို့ပို့ပေးရာတွင် အပင်လိုအပ်ချက်အတိုင်း ပို့နိုင်ခြင်း
- ခ။ အမြစ်စွဲအားမြန် ကောင်းသည်။
မြေတွင်ကြာရှည် အသက်ရှင်ရပ်တည်မှု စွမ်းရည်
- က။ အသက်ရှင်ရပ်တည် Persist ဖြစ်မှု ကြာရမည်။
- ခ။ ပြင်ပနေမှိုမျှင်ထွက်ထုထည်များများရမည်၊ စွမ်းရည်မြင့်ရမည်။
မြေတွင်ပြန်လည်ရှင်သန်မှု
- က။ နောက်နှစ် ရာသီဥတုပြောင်းသွားလျှင် ပြန်လည်ရှင်သန်နိုင်ရမည်။
- ခ။ မိုက်ကိုရိုက်ဇာ၏ မျိုးအစိတ်အပိုင်းများသည် နောက်ရာသီတွင် ပြန်လည်ရှင်သန်နိုင်ရမည်။
မိုက်ကိုရိုက်ဇာမှိုမျိုး ကျယ်ကျယ်ပြန့်ပြန့်ထုတ်နိုင်ခြင်း
- က။ မှိုမျိုးစ အရေအတွက် များရမည်။
- ခ။ မှိုမျိုးစများသည် ခြောက်သွေ့ဒဏ်ခံရမည်။
- ဂ။ မှိုမျိုးစများသည် ကြာရှည်ရပ်တည်နိုင်ရမည်။
ဝါစိုက်ခင်းတွင် အလားအလာကောင်းသည့် အေအမ်အက်မှို၏ အကျိုးသက်ရောက်မှု (Soe and Mya ၂၀ဝ၅)

တပိုင်တနိုင်တောင်သူများ ဆေးဘက်ဝင်အပင်တွေ အရည်အသွေးကောင်းအောင် အလားအလာကောင်း သည့် အေအမ်အက်မှို ဘာကြောင့် သုံးသင့်သလဲ..
ကြက်သွန်မျိုးကွဲများတွင် အေအမ်အက်မှို Glomus Fasciculatum အရောနှင့် တမျိုးတည်းထိုးသွင်းခြင်းဖြင့် မိုက်ကိုရိုက်ဇာထိုးသွင်းခြင်းအကျိုးသက်ရောက်မှု% တိုးလာခြင်း

အေအမ်အက်ဖ် ထိုးသွင်းခြင်းဖြင့် ကြက်သွန်အရည်အသွေး ကောင်းစေသော ကျန်းမာရေးအထောက်အကူပြု အင်ဇိုင်းသတ္တိ တိုးလာခြင်း

သုံးသပ်ချက်
အေအမ်အက်ဖ်မှို၏ မှိုမျိုးစအဖြစ်သုံးသင့်သော အရည်အချင်း နှင့် ဂေဟစနစ်တွင် လုပ်ဆောင်ချက်ကို တိုင်းတာသောနည်းတနည်းမှာ မိုက်ကိုရိုက်ဇာထိုးသွင်းခြင်းအကျိုးသက်ရောက်မှု% (MIE) ဖြစ်သည်။
ဝါသုတေသနစိုက်ခင်းတွင်အေအမ်အက်ဖ်မှိုအမျိုးမျိုး ထိုးသွင်းခြင်း အကျိုးသက်ရောက်မှု % ကို ဖေါ်ပြထားသည်။
ဝါပင်များအတွက် မှိုမျိုးစအဖြစ် သုံးနိုင်သောအေအမ်အက်ဖ်မှိုသည်Glomus Fasciculatum မှိုမျိုးသည်ဖြစ်သည်။ ဝါခင်းမှစုဆောင်းရရှိထားသော ဇာတိသားမှိုမျိုးဖြစ်သည်။ ၎င်းကို အခြားသီးနှံများ ရာဘာ၊ ပဲတီစိမ်း၊ မြေဆီထိန်းပဲများတွင်လည်း စမ်းသပ်ထားသည်။
ဆေးဖက်ဝင် ကြက်သွန်မျိုးကွဲများတွင် Glomus Fasciculatum မှိုမျိုးအပါအဝင် အေအမ်အက်မှိုအရော ထိုးသွင်းခြင်းဖြင့် ကျန်းမာရေးအထောက်အကူပြု အင်ဇိုင်းတိုးလာခြင်း၊ အမြစ်စွဲရာခိုင်နှုန်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရသည်၊
ဖေါ်ပြပါ သီးနှံပင်များတွင်Glomus Fasciculatum မှိုမျိုးသည် ဇာတိသားအေအမ်အက်ဖ်မှိုမျိုးအဖြစ် သဘာဝ အတိုင်းရှိနေပြီး အပင်များအပေါ် အကျိုးသက်ရောက်မှု ရှိသည်။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
၂။ Abbott LK. Robson AD. and Gazey C. Selection of inoculant arbuscular mycorrhizal fungi. Methods in Microbiology V 24:1-21 (1992).
၃။ Govindu D. Duvva A. and Podeti S.Mycorrhizae Applications in Sustainable Forestry
In: Mycorrhizal Fungi.Edited by Ramalingam Radhakrishnan. November 25th, 2020. DOI: 10.5772/intechopen.94580
၄။ Golubkina N. et al.Prospects of Arbuscular Mycorrhizal Fungi Utilization in Production of Allium Plants. Plants 2020, 9, 279; doi:10.3390/plants9020279
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
Arbuscular Mycorrhizal Fungi
အောင်နိုင်လင်း
လွန်ခဲ့သော ၃ နှစ် ကနားမလည်လို့ပါ ခင်ဗျ မြေဆီ လား ဖျန်းဆေးလားသိချင်ပါတယ် ဘလိုအသုံးပြုရတာလဲခင်ဗျ.အေအမ်အက်မှိုဆိုတာက
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....