မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၉)
အလားအလာကောင်းသည် ဆိုသော အေအမ်မှိုမျိုးကွဲများ၏အရည်အချင်းများကို ဆက်လက်လေ့လာကြရအောင်..
အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုသည် ကုန်းနေအပင်များ၏ အမြစ်များတွင် သဘာဝအလျှောက် စွဲကပ်ယှဉ်တွဲနေထိုင် အကျိုးပြုနေကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်နားလည်စေရန် ဖော်ပြလိုပါသည်။
ဇီဝမြေသြဇာအရင်းအမြစ်ဖြစ်သော အေအမ်အက်ဖ်မှိုများကို ကမ္ဘာမြေရှိ သက်ရှိနှင့် ၎င်းတို့၏ ပတ်ဝန်းကျင် ဆက်နွှယ်မှု ဂေဟစနစ်တိုင်းတွင် သဘာဝအားဖြင့် တွေ့ရသည်။ အေအမ်အက်ဖ်မှိုမျိုးကွဲများကို ဖော်ထုတ်ခြင်းသည် ၎င်းမှိုများကို ဇီဝမြေသြဇာအဖြစ် အသုံးချရန် ထုတ်လုပ်ရာတွင် အရေးကြီးသည်။
အပိုင်း ၁.၁ အပင်မျိုးစိတ်တို့၏ မိုက်ကိုရိုက်ဇာမှီခိုမှုအဆင့် (Mycorrhizal dependency)
*အပင်တစ်ပင်၏ မိုက်ကိုရိုက်ဇာအပေါ် မှီခိုနေခြင်း သဟဇီဝနဖြစ်စဉ်အရ အပင်အတွက် တိုးတက်မှုများ (Kulia and Gosh 2022).

မိုက်ကိုရိုက်ဇာမှီခိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်
မိုက်ကိုရိုက်ဇာမှီခိုခြင်းဆိုသည်မှာ အပင်တပင်သည် ရရှိသော မြေဆီသြဇာအခြေအနေတခုတွင် ပေါက် ရောက်ပါက ၎င်း၏ အမြင့်ဆုံးကြီးထွားမှုနှင့်အထွက်ရရှိရန် မိုက်ကိုရိုက်ဇာအပေါ် မှီခိုနေခြင်း အနည်းအများကို ခေါ်သည်။
မိုက်ကိုရိုက်ဇာ မှီခိုပင်
မိုက်ကိုရိုက်ဇာ မှီခိုသောအပင်တို့၏ ဖြစ်စဉ်နိယာမသည်လည်း အထူးစိတ်ဝင်စားဖွယ် ကောင်းပေသည်။ ပဲမျိုးနွယ်ဝင် အပင်များတွင် မိုက်ကိုရိုက်ဇာမှိုများ တွေ့ရသည်။ မိုက်ကိုရိုက်ဇာ မှီခိုသော အပင်မျိုးစိတ်များ၏ သိသာထင်ရှားမှုမှာ အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုများကို စီမံကိုင်တွယ်ဆောင်ရွက်ရာတွင် များစွာ အရေးပါသည်။
မိုက်ကိုက်ရိုက်ဇာမှီခိုသော အပင်တို့သည် ၎င်းတို့၏ အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုစွဲမှုနှုန်းအရ ကွဲပြားခြားနားကြသည်။
- (က)မိုက်ကိုရိုက်ဇာထာဝရမှီခိုပင်နှင့်
- (ခ)မိုက်ကိုရိုက်ဇာရံဖန်ရံခါမှီခိုပင် ဟူ၍ သတ်မှတ်နိုင်ပေသည်။
ဘာကြောင့် မိုက်ကိုရိုက်ဇာအပေါ် မှီခိုမှုက အရေးကြီးတာလဲ
မိုက်ကိုရိုက်ဇာအပေါ်မှီခိုမှုသည် အမြစ်မွှေးများ၏ ရုပ်သွင်ပြင်လက္ခဏာတို့နှင့်လည်း မကြာခဏ ဆက်နွှယ် နေပေသည်။ ရှည်လျားကျယ်ပြန့်သော အမြစ်ဖွဲ့စည်းမှုရှိသည့် အပင်မျိုးစိတ်များသည် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ဖြစ်ပေါ်မှုတွင် များစွာမူတည်နေသည်။ ၎င်းတို့တွင် ပီလောပီနံ၊ ကော်ဖီ၊ ရှောက်နွယ်ဝင်မျိုးစိတ်များ၊ ကြက်သွန်နှင့် အပူပိုင်းပဲမျိုးနွယ်ဝင် အပင်များ ပါဝင်ပေသည်။
အမြစ်မွှေးရှည်လျားပြီး များစွာပါရှိသည့် အပင်မျိုးစိတ် မျိုးပြားများသည် အမြစ်မွှေးများတို၍ အနည်းငယ် သာရှိသည့်အပင်တို့ထက် အာဘာစကူလာမိုက်ကိုရိုက်ဇာမှို ဖြစ်ပေါ်မှုတွင် မှီခိုမှုနည်းသည်။ ၂၁ ရာစုတွင် အမြစ်မွှေးရှည်လျားပင်များ မှီခိုအကျိုးပြု အောက်မြေလွှာ အေအမ်မှိုမျိုးများကို လေ့လာနေကြပြီ ဖြစ်သည်။ဒါကလည်း အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို၏ သဟဇီဝနပြောင်းလဲမှုဖြစ်စဉ်တခု ဖြစ်သည်။
ဘာကြောင့် ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှိုအရောအနှောပါတဲ့ စီးပွားဖြစ် အေအမ်မှိုမျိုးစများက အရေးကြီးလာတာလဲ..
မိုက်ကိုရိုက်ဇာထာဝရမှီခိုပင်တို့သည် တုံ့ပြန်မှု မြင့်မားသည်။ ၂၁ ရာစု စီးပွားဖြစ် အေအမ်မှိုမျိုးစ ထုတ်လုပ် မှုတွင် မှိုအရောအနှောများဖြင့် ထုတ်ကြသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အေအမ်မှို၏ အကျိုးပြုမှု ခိုင်မာလာသည်။
အကြောင်းမှာ ဒေသအမျိုးမျိုးနှင့် သီးနှံမျိုးကွဲများစွာတွင် အေအမ်မှိုမျိုးကွဲများ ၏ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ ဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြခြင်းသည် အဓိကအချက်တခုဖြစ်သည်။
စိုက်ပျိုးရေးဆိုင်ရာပတ်ဝန်းကျင်လေ့လာမှုဇုန်တွင် စီးပွွားဖြစ်ရောင်းချသည့် အေအမ်မှိုမျိုးစတွင်ပါသော မှိုအရောအနှောများ (သို့) အေအမ်မှိုမျိုးကွဲများ၏
- (က) သဘာဝအနေအထားကောင်းခြင်း
- (ခ) မြေထဲတွင်ဖြစ်တည်မှု တည်ငြိမ်ခြင်းများကြောင့်
အေအမ်အက်ဖ်မှို အရောအနှောပါတဲ့ စီးပွားဖြစ်အေအမ်မှိုမျိုးစ ထုတ်ရသည်ကို ပိုမိုနားလည်ပြီး အကျိုးရှိရှိ အသုံးချနိုင်လာသည်။
ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှိုအရောအနှောပါတဲ့ စီးပွားဖြစ် မှိုမျိုးစများ၏ အကျိုးပြုမှုများ
အေအမ်အက်ဖ်မှို အမျိုးမျိုးနှင့် အရော၏ ၇၅ ရက်သားအရွယ် ပီလောပီနံပင်၏ ကြီးထွားမှုနှင့် အာဟာရဓာတ် စုပ်ယူမှုအပေါ် အကျိုးသက်ရောက်မှု (မြနှင့် မြင့် ၁၉၉၉)

ဆေးဘက်ဝင်အပင်တွေ အရည်အသွေးကောင်းအောင် တပိုင်တနိုင်တောင်သူများက အလားအလာကောင်း သည့် အေအမ်အက်မှိုကို ဘာကြောင့် သုံးသင့်သလဲ
ထာဝရမှီခိုပင် စပျစ်ပျိုးပင်များတွင် အေအမ်မှိုမျိုးစိတ်အစုအဖွဲ့အရောများထိုးသွင်းခြင်းအကျိုးရှိမှု တွေ့ရှိချက်
ထာဝရမှီခိုပင် စပျစ်ပျိုးပင်များတွင် မှိုမျိုးစိတ်အရောများထိုးသွင်းခြင်း အကျိုးရှိမှု

တွေ့ရှိချက်
အေအမ်အကဖ်မှိုမျိုးစိတ် Rhizoglomus intraradices (Glomas intraradices) ပါဝင်သော မှိုမျိုးစိတ်အရော ထိုးသွင်းသော လက်ခံပင်သည် အမိုင်နိုအက်ဆစ်ဖြစ်သည့် ပရိုလင်းကို ပိုထုတ်သည်။ ပရိုလင်းသည် အပင်အတွက် ရာသီဥတုဒဏ် ကာကွယ်ပေးသည်၊ အပင်ကြီးထွားစေသည်။
ကိုးကား
မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
Aguilar, A. (2017). Polifenoles Como Respuesta a Hongos Micorrícicos Arbusculares
en vid (Vitis vinifera L.). Doctoral tesis. Concepción: Universidad deConcepción, 99.
Kuila D. and Gosh S. Aspects, problems and utilization of Arbuscular Mycorrhizal (AM) application as bio-fertilizer in sustainable agriculture. Current Research in Microbial Sciences 3 (2022)
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပီလောပီနံပင်လား
ပ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....