မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေဩဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၂)
ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် မြေကျန်းမာရေး ကောင်းစေသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့်
၂.၁ မှိုထိုးဖောက်ဝင်ရောက်စဉ်အဆင့်

ပုံ ၂.၁ (က) မြေကြီးထဲရှိ ပြင်ပနေ မှိုမျှင်သည် ပြောင်းမြစ်ကို ထိုးဖေါက်ဝင်ရောက်စွဲကပ်ပြီး အက်ပီဒါမယ်ဆဲလ် (epidermal cell) များကြားတွင် အပရီဇိုရီယမ် (appresorium) ဖြစ်ပေါ်သည်။ ( x ၄၀ဝ)

ပုံ ၂.၁ (ခ) ပြောင်းမြစ်ကိုထိုးဖောက်ပြီး ၂-၅ ရက်အတွင်း အာဘာစကူးများသည် ကော့တက်ချ်ဆဲလ်များအတွင်း၌ စတင်ဖြစ်ပေါ်သည်။ မှိုသည်လက်ခံဆဲလ်နံရံကို ထိုးဖောက်ပြီးနောက် မှိုမျှင်တစ်မျှင်သည် ကိုင်းဖြာခြင်းဖြင့် အာဘာစကူးများ ဆဲလ်ထဲတွင် ဖြစ်ပေါ်လာသည်။ (x ၄၀ဝ)
၂.၂ အမြစ်ထဲသို့ထိုးဖောက်ဝင်ရောက်သောအဆင့်

ပုံ ၂.၂ ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၅-၁၀ ရက်တွင်အမြစ်၏ ကော်တီကယ်ဆဲလ်လွှာထဲရှိ ဆဲလ် တွင်း ၊ ဆဲလ်ကြားမှိုမျှင်နှင့် အစာစုပ်အင်္ဂါများ ထင်ရှားလာသည်။ ( x ၄၀ဝ)
၂.၃ အစာစုပ်အင်္ဂါ (arbuscule)နှင့် အစာစုအင်္ဂါ (vesicle ) များဖြစ်ပေါ်သောအဆင့်

ပုံ ၂.၃ (က) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၁၅ ရက် တွင်အမြစ်၏ ကော်တီကယ် ဆဲလ်လွှာ ထဲတွင် အစာစုပ် အင်္ဂါ နှင့် အစာစုအင်္ဂါ ဖြစ်ပေါ်ပုံ ( x ၄၀ဝ)
အစာစုပ်အင်္ဂါများ ပျက်စီးခြင်း

ပုံ၂.၃(ခ) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၂၀ ရက်တွင် အမြစ်၏ ကော်တီကယ်ဆဲလ်လွှာထဲတွင် အစာစုပ်အင်္ဂါများ ပျက်စီးနေပုံ (x ၄၀ဝ)
အထက်ဖေါ်ပြပါ အဆင့်များမှတဆင့် အာဟာရဓာတ်များသည် အစာစုပ်အင်္ဂါ အာဘာစကူးအမျှင်များကို ဖြတ်သန်းပြီး လက်ခံပင်မှ မှိုထဲသို့လည်းကောင်း (ကာဖွန်)၊မြေကြီးထဲမှ အာဟာရဓာတ်များ (ဖေါ့စပရပ်စ်နှင့် နိုက်ထရိုဂျင်)သည် မှိုမှတဆင့် လက်ခံပင်သို့လည်းကောင်း အပြန်အလှန်ရွှေ့ပြောင်းခြင်း သဟဇီဝနဖြစ်စဉ် ဖြစ်ပေါ်သည်။
မှိုထိုးသွင်းပြီး ၂၀ ရက်နောက်ပိုင်း သဟဇီဝနဖြစ်စဉ်ကာလတွင် မှိုမျိုးစ (inoclum) အဖြစ်စသုံးနိုင်သည်။ သို့ဖြစ်သဖြင့် အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို စီမံခန့်ခွဲရန် မှို၏ဖွံ့ဖြိုးမှုအဆင့်ဆင့် နှင့် သဟဇီဝနဖြစ်စဉ်ကာလသည် အရေးကြီးသဖြင့် ဇီဝဗေဒကို အခြေခံကျကျ နားလည်ရန်လိုအပ်ပါသည်။
ကိုးကား
1/ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
2/ Duhamel M. Evolution of the cooperation and consequences of a decrease in plant diversity on the root symbiont diversity.Thesis, Research Gate 2013
3/ Sieverding, E. Vesicular-arbuscular mycorrhiza management in tropical agrosystems. Technical cooperation, Federal republic of germany, Eschborn, pp. 23-36 (1990):
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
Arbuscular Mycorrhizal Fungi
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024