အစိမ်းရောင်လမ်း
အရည်အသွေးကောင်းသော အီးအမ်အရည် ဟုတ်မဟုတ် စစ်ဆေးနည်း (၁)

အရည်အသွေးကောင်းသော အီးအမ်အရည် ဟုတ်မဟုတ် စစ်ဆေးနည်း (၁)

Methods to test a good quality EM liquid (Effective microorganism) ???

အီးအမ်သည် ဂျပန်နိုင်ငံမှ စတင်ပေါ်ပေါက်လာခဲ့ပြီး မြန်မာမှာသာမက အခြားသော နိုင်ငံများတွင်လည်း အသုံးများသော ဇီဝမြေဩဇာ တစ်ခုဖြစ်သည်။ 

အီးအမ်ဆိုတဲ့စကားမှာ Effective Microorganism ဆိုသည့် အင်္ဂလိပ် စကားလုံး၏ အစ စာလုံး ၂ ခု ဖြစ်သည်။ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သန့်ရှင်းရေး နှင့် လူသုံးကုန်ပစ္စည်းများတွင် အီးအမ်ကို သုံးသည်။ အရည်ပုံစံ၊ အမှုန့်ပုံစံ၊ အလုံးပုံစံ (EM Ball) စသည်ဖြင့် ပုံစံ အမျိုးမျိုးဖြင့်တွေ့မြင်နိုင်ပါသည်။ များသော အားဖြင့် တွေ့ရသည့်ပုံစံမှာ အရည်ဖြစ်သည်။

ဓာတုလွတ် ဩဂဲနစ် စိုက်ပျိုးရေးတွင် အီးအမ်ကို ဘိုကာချီမြေဆွေးလုပ်ရန်၊ အပင်နှင့် မြေဆီလွှာကို ဖျန်းရန် စသည်ဖြင့် အသုံးများသည်။ 

ယခုတွင် မြန်မာ့ စိုက်ပျိုးရေးဆေးဈေးကွက်အတွင်း အီးအမ်ပျော်ရည် ရောင်းချနေသည့် ကုမ္ပဏီများ၊ ဆိုင်များလည်း  ပေါများနေပါပြီ။ တစ်ချို့ကလည်း မိမိကိုယ်တိုင် ဖော်စပ်ဖန်တီးကြပါသည်။ သို့သော် အီးအမ်ပျော်ရည်က အာနိသင် ရှိမရှိ၊ အဆင်ပြေ မပြေ ဆိုသည်ကိုတော့ သိရှိရန် လိုအပ်ပါသည်၊ 

အဏုဇီဝ ပညာရှင်များအနေဖြင့် အဏုကြည့် မှန်ဘီလူးအောက်တွင် စစ်ဆေးခြင်း (Microscopic Analysis) ၊ ဗီဇစစ်ဆေးမှု (Gene analysis with PCR) ၊ ဓာတု - ရုပ်ဇီဝ လုပ်ဆောင်မှုများအား စစ်ဆေးခြင်း (Physiochemical analysis)၊ အဏုဇီဝ ပိုးအရေအတွက်ကို စစ်ဆေးခြင်း (Colony counting and spectrophotometric analysis) စသော စစ်ဆေးမှုများကို လုပ်ဆောင်ဖို့ရန် လိုအပ်ပါသည်။ ဒါတွေကတော့ လက်တွေ့ လုပ်ဆောင်ရန် အတော်ခက်ခဲပါသည်။ 

ကဲ အဲ့ဒါဆို ဘာလို့ လွယ်လွယ် လုပ်မရတဲ့ဟာတွေ ပြောနေသေးလဲဆိုတော့ ဒီလိုမဟုတ်ပါဘူး ခင်ဗျ။ကျွန်တော် အဓိကပြောမယ့် အကြောင်းအရာက စမ်းရတာ လွယ်ကူမယ့် အပိုင်းတွေကိုပဲ အဓိက ပြောသွားမှာ ဖြစ်ပါတယ်။ အီးအမ် ပျော်ရည် အာနိသင် ရှိမရှိကို တိုင်းတာရန် အဆင့် (၆) ဆင့်လိုအပ်ပါသည်။ 

အဆင့် (၁) အရောင်အား စစ်ဆေးခြင်း

အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံးအရောင်မှာ အညိုရောင်၊ ဝါညိုရောင်၊ မန်ကျည်းသီးအနှစ် အရောင် ဖြစ်သည်။

အရောင် အရမ်းဖျော့နေပါက ဥပမာ ကောက်ရိုးရောင်၊ ပယင်းရောင် ဆိုလျှင် နုနယ်သော၊ အာနိသင် နည်းသော အီးအမ်ဟု ယူဆနိုင်ပါသည်။ အနက်ရောင်၊ အမဲရောင်၊ အညိုပုတ်ပုတ် မှိုင်းမှိုင်းဖြစ်နေပါက သက်တမ်း ရင့်လွန်းသော၊ အာနိသင် မရှိသော အခြေအနေဖြစ်သည်။ ရှင်းရှင်းလင်းလင်း သိရှိစေရန် ပုံတွင် ပါသော အရောင်ချယ်ပြ ဇယားတွင် လေ့လာပါ။

အဆင့် (၂) အနံ့အား စစ်ဆေးခြင်း

အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံးအနံ့မှာ ခပ်သင်းသင်း၊ ဘီယာ၊ ဝိုင်၊ စူးရှရှ တင်လဲရည် အနံ့မျိုး ဖြစ်သည်။ အကယ်၍ အပုတ်နံ့၊ ငံပြာရည်နံ့၊ တိရိစ္ဆာန်သေးကဲ့သို့ စူးရှရှအနံ့မျိုး စသဖြင့် အရမ်းနံနေပါကသုံးစား၍ မရသော အီးအမ်ဖြစ်သည်။ 

အဆင့် (၃) အသက်ရှူမှုကို စစ်ဆေးခြင်း (ဂက်စ်ထွက်မှု)

စပါကလင်၊ ကိုကာကိုလာ စသော ဂက်စ်ပါသည့် အအေးဘူးများကို ဖွင့်လိုက်လျှင်ခနဲ ဓာတ်ငွေ့ ထွက်တာမျိုး မြင်ဖူးကြလိမ့်မည်။ အီးအမ် အရည်သည်လည်း အလုပ်လုပ်ဆောင်သည့်အနေအထားတွင် ယခုလို ဂက်စ်ထွက်မှု ရှိသည်။ ပုလင်း၊ ဘူး၊ စည်ပိုင်း စသော ထည့်စရာပစ္စည်း တစ်ခုခုအတွင်းတွင် အီးအမ် အရည် တစ်ဝက်နှင့်အထက် ရှိပါက ဂက်စ်ထွက်မှုဖြစ်သည်။ ဆိုလိုချင်သည်မှာ ပုလင်း (၁ လီတာဆန့်) က ကြီးနေမယ်၊ ထည့်ထားတဲ့ အီးအမ်က ဖင်ကပ်သာသာ (တစ်ဇွန်းလောက်သာသာ သို့မဟုတ် ၁၀ စီစီလောက်) ဆိုပါကလည်း ဂက်စ်ထွက်မှုဖြစ်ပေါ်ရန် မသေချာပါ။ ယင်းအနေအထားဖြင့် ဂတ်စ်ထွက်မှု ရှိနေပါက တော်တော်စွမ်းသည်ဟုပြောရပေမည်။ သို့သော် CEM (ပင်မအီးအမ်အရည်) တွင် ယခုလို  ဂက်စ် ထွက်မှု မဖြစ်ပါ။

နောက်ထပ်အဆင့် (၃) ဆင့်ဖြင့်စမ်းသပ်စစ်ဆေးခြင်းကို အပိုင်း(၂) တွင် ဆက်လက်ဖော်ပြသွားပါမည်။

ဖုန်းမာန် Lab

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

5
မောင်နူ

မောင်နူ

လွန်ခဲ့သော ၁ နှစ် က

ဆက်လက်ဖော်ပြပေးပါ

ဝင်းထွဋ်

ဝင်းထွဋ်

လွန်ခဲ့သော ၄ နှစ် က

အသီးအချဉ်ဖောက်ရည်နဲ့တွဲဖျော်ပြီးကြာကြာသိုလှောင်ထားလို့ရပါသလားဆရာ

ခိုင်ခိုင်ဦး

ခိုင်ခိုင်ဦး

လွန်ခဲ့သော ၄ နှစ် က

အီးအမ်ဖျော်စပ်ပုံသီု.မဟုတ်ထုတ်လုပ်ပုံလေးသိချင်ပါတယ်ရှင်.

စိုင်းအောင်မိန်း

စိုင်းအောင်မိန်း

လွန်ခဲ့သော ၄ နှစ် က

မွေးမြူရေးသုံး EM ပြုလုပ်နည်းလေးပြပေးပါလားဗျ

Kyaw Kyaw Oo

Kyaw Kyaw Oo

လွန်ခဲ့သော ၄ နှစ် က

သိချင်နေတာ ကြာပီးဆရာ

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု

အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142

ko htike • ဖြေကြားချက် 2 ခု

ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ

waiyan • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....