တီကောင်မွေးပြီး စွန့်ပစ်ပစ္စည်းများမှ မြေဆွေးနှင့် တီကျစ်ရည်များ ထုတ်လုပ်နည်း အပိုင်း - ၃
တီမွေးမြူရေးမှ ရရှိနိုင်သော အကျိုးအမြတ်များ
ကျေးလက်ရှိ နွား၊ ကြက်၊ ဝက်၊ ဆိတ် စသည့် တိရစ္ဆာန်မွေးမြူကြသော တောင်သူများအတွက် တီမွေးမြူရေးသည် များစွာအကျိုးအမြတ်ရရှိနိုင်ပေသည်။

ဥပမာ - နွားမွေးထားပြီး ပိုလျှံသော နွားချေးကို တီမွေးလျှင် တောင်သူများအတွက် တီကျစ်စာ၊ တီကျစ်ရည်နှင့် တီကောင်တို့ကို ထုတ်လုပ်နိုင်ပြီး စိုက်ပျိုးရေးသဘာဝမြေသြဇာများကို များစွာထုတ်လုပ်ပေးနိုင်ပေသည်။
သဘာဝအားဖြင့်ဆိုပါက နွားချေးကို ချက်ခြင်းအသုံးမပြုနိုင်ဘဲ လများစွာ ကြာပြီး ဆွေးမြေ့ခံပြီးအသုံးပြုမှသာ အပင်များအတွက် ရောဂါများ မကျရောက်ဘဲ ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေးမြေ့အောင်ထားရသည့်အတွက် နွားချေးတွင်ပါဝင်သည့် အပင်အာဟာရဓာတ်များ ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်သည်။
နွားချေးအစိုကို တီကောင်မွေးပြီး အပင်ကျွေးပါကမူ တစ်လခန့်အကြာတွင် သာမန်နွားချေးထက် အာဟာရတန်ဖိုးများစွာမြင့်သော သဘာဝတီကျစ်မြေဆွေးကို ရရှိနိုင်မည် ဖြစ်ပါသည်။
*တီမြေဆွေးနှင့် တီကျစ်ရည်၏ အားသာချက်များ*
#စိုက်ပျိုးရေးတွင် တီမြေဆွေးနှင့် တီစွန့်ပစ်ရည်ကို အသုံးပြုခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ကောင်းစွာရရှိနိုင်ပါသည်။
- နည်းပညာလိုအပ်မှု အရမ်းနည်းခြင်း
- အပင်များ လျင်မြန်စွာ ကြီးထွားရန် အဓိကအပင်အာဟာရ ၆ မျိုးနှင့် အနည်းလိုအာဟာရစုစုပေါင်း ၁၁ မျိုးကို ရရှိနိုင်ခြင်း
- မျိုးစေ့အညှောက်ပေါက်နိုင်မှုကို အားပေးပြီး ပျိုးပင်များ၏ အမြစ်ဆင်းမှုနှင့် ကြီးထွားမှုကို ကောင်းစေခြင်း
- မြေဆီလွှာတွင် သဘာဝမြေဆွေးကို ထိန်းသိမ်းထားနိုင်ခြင်း
- အပင်အတွက်လိုအပ်သော အကျိုးပြုအဏုဇီဝပိုးမွှား အမြောက်အများ ပွားများလာစေခြင်း
- သီနှံအထွက်တိုးစေခြင်း
- မြေတွင်း အစိုဓာတ် ပိုမိုထိန်းသိမ်းထားနိုင်ခြင်း
- မြေအောင်းရောဂါများ ကျရောက်မှု လျော့နည်းစေခြင်း
- စွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ပြီး လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း
- စီးပွားရေးအရ တွက်ခြေကိုက်ပြီး စိုက်ပျိုးရေးသမားများအတွက် သဘာဝတီကျစ်မြေသြဇာနှင့် တီကျစ်ရည်တို့ကို ငွေကြေးကုန်ကျစရိတ်နည်းနည်းဖြင့် ဖော်ထုတ်အသုံးပြုနိုင်ခြင်း
တီကောင်မွေးမြူခြင်းနှင့် တီမြေဆွေးပြုလုပ်သော လုပ်ငန်းမှာ ပတ်ဝန်းကျင်ကောင်းမွန်အောင် ပြုလုပ်ပေးပြီး အကျိုးအမြတ်များစွာလည်း ရသော ရေရှည်ခံစိုက်ပျိုးရေးလုပ်ငန်းတခု ဖြစ်ပါသည်။
တီမြေဆွေးနှင့် တီစွန့်ပစ်ရေကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုပါက မြေဆီလွှာကောင်းမွန်စေပြီး သီးနှံများအတွက် ရေရှည်အကျိုးရှိစေသလို ကုန်ကျစရိတ်သက်သာမှုကြောင့် အမြတ်အစွန်းများ ပိုမိုရရှိလာနိုင်ပါသည်။
ထို့အပြင် သဘာဝမြေဩဇာဖြစ်၍ စားသုံးသူများအတွက် အန္တရာယ်ကင်းသည့် သီးနှံများ ရရှိစေနိုင်သလို စိုက်ပျိုးသူများအတွက်လည်း ဓာတုအဆိပ်သင့်ခြင်းများ နည်းပါးစေနိုင်သည့် အကျိုးကျေးဇူးများပါ ရရှိနိုင်မည်ဖြစ်ပါသည်။
အပိုင်း (၁) နှင့် (၂) ကို မဖတ်ရသေးပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အပိုင်း (၁) - https://greenwaymyanmar.com/posts/Vermicompost_Vermitea
အပိုင်း (၂) - https://greenwaymyanmar.com/posts/Vermicompost_Vermitea_2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thein Soe Min
လွန်ခဲ့သော ၅ လ ကရပါတယ်
မောင်စိုးအောင်
လွန်ခဲ့သော ၄ နှစ် ကတီမွေးကန်ထဲကိုEMဖျန်းလို့ရလား
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from Htet Zaw Htun (organic Farming Coach)
အားလုံး
ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း
18/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၂
12/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၁
10/08/2022
စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၂)
31/07/2022
စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၁)
29/07/2022