ဆားခါးအား မြေသြဇာအဖြစ် အသုံးပြုခြင်း
ဆားခါးကို မြန်မာအများစုသိကြသည်မှာ ဆေးအဖြစ် အသုံးဝင်မှု၊ အထူးသဖြင့် ဝမ်းနှုတ်ဆေးအဖြစ်သာ အသိများကြပါသည်။ ၎င်းဆားခါးကို မြေသြဇာအဖြစ် စိုက်ပျိုးရေးတွင် ထည့်သွင်းအသုံးပြုမှုမှာ မတွေ့ရ သလောက် နည်းပါးပါသေးသည်။ အခြားတိုင်းပြည်များတွင်မူ ဆားခါးကို လူနှင့် တိရိစ္ဆာန်များအတွက် ဆေးအဖြစ်သာမက စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ်လည်း နှစ်ပေါင်း ရာနဲ့ချီ၍ အသုံးပြုခဲ့ကြ၊ အသုံးပြုနေကြဆဲ ဖြစ်ကြောင်းတွေ့ ရသည်။
ဆားခါး (Epsom Salt) ၏ ဓာတုပေါင်းစပ်ဖွဲ့စည်းပါဝင်မှုမှာ MgSO4-7H2O (Hydrated Magnesium Sulfate) ဖြစ်သည်။ ၎င်းတွင် မဂ္ဂနီစီယမ် (Magnesium) ဓာတ် ၁၀% ခန့် နှင့် ဆာလ်ဖာ (Sulfur) ဓာတ် ၁၃ % ခန့် ပါဝင်သည်။ ၎င်းကို အင်္ဂလန်နိုင်ငံ Epsom မြို့ရှိ ခါးပြီး ဆားဓာတ်ပေါက်နေသော စမ်းချောင်း (A bitter saline spring) ထဲမှ ၁၇ နှစ်စုနှစ်တွင် စတင်တွေ့ရှိခဲ့သောကြောင့် Epsom Salt ဟု ခေါ်တွင် ခဲ့ခြင်းဖြစ်သည်။ ခါးသက်သော အရသာရှိ၏။ ထို့ကြောင့် ၎င်းကို တခါတရံ Bitter Salt ဟုလည်း ခေါ်ကြသည်။ အိမ်သုံးဆား (Table salt: Sodium Chloride) နှင့် မတူသည်မှာ အိမ်သုံးဆားက ပင်လယ်ရေကို အငွေ့ပျံ့စေခြင်းဖြင့် ရရှိပြီး ဆားခါး (Epsom Salt) က ကျိုချက်သန့်ဇင်ပြီးမှ ရရှိနိုင်ခြင်းဖြစ်သည်။ ဆားခါးသည်လည်း အိမ်သုံးဆားနည်းတူ ရေတွင် အလွယ်တကူ ပျော်ဝင်နိုင်ပါသည်။
ဆားခါးမှ အပင်များအတွက် လိုအပ်သော မဂ္ဂနီစီယမ်ဓာတ် နှင့် ဆာလ်ဖာဓာတ်တို့ ရရှိနိုင်သည်။ မဂ္ဂနီစီယမ်ဓာတ်သည် မျိုးစေ့အညောက့်ပေါက်ရန် အကူအညီပေးပြီး အပင်၏ ဆဲလဲနံရံများကို တောင့်တင်း ခိုင်မာစေသည်။ ထို့အပြင် အပင်များ အစာချက်လုပ်ရာတွင် Chlorophyll ဖြစ်ပေါ်မှုကို အားပေးပြီး အပင်များမှ Nitrogen နှင့် Phosphorus ဓာတ်တို့ကို စုပ်ယူနိုင်ရန် ကူညီပေးကာ ပန်းပွင့်မှု အသီးတင်မှုတို့ကို ကောင်းလာစေသည်။ ဆာလ်ဖာဓာတ်သည် အပင်များ အသက်ရှည် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်တစ်မျိုးဖြစ်သည်။ မဂ္ဂနီစီယမ်ဓာတ်ကဲ့သို့ Chlorophyll ထုတ်လုပ်ရာတွင် အားပေးပြီး အပင်များမှ NPK ဓာတ်များ စုပ်ယူစားသုံးရာတွင် အကူအညီပေးသည်။ ဆာလ်ဖာဓာတ်သည် မဂ္ဂနီစီယမ်ဓာတ်နှင့် တွဲဖက်အလုပ်လုပ်ရာတွင် အပင်များအတွက် ဗီတာမင်ဓာတ်များကို ဖန်တီးပေးသည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆားခါးအား မြေသြဇာအဖြစ် သုံးစွဲခြင်းသည် အပင်များအတွက် ပန်းပွင့်၊ အသီးတင်မှုကောင်းစေခြင်းနှင့် အပင်များ ပိုမိုစိမ်းလန်း စိုပြေလာနိုင်ခြင်းတို့ ဖြစ်သည်။
အထူးသဖြင့် ဆားခါးအား မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့သောမြေများနှင့် မဂ္ဂနီစီယမ်ဓာတ်များများလိုအပ်သော သီးနှံပင်များအတွက် သုံးစွဲသင့်သည်။ ၎င်းအား မြေသြဇာအဖြစ် သီးနှံပင်များတွင် သုံးစွဲခြင်းသည် မြေချဉ်ငံဓာတ် (pH) ကို သိသိသာသာ မပြောင်းလဲစေခြင်းနှင့် အခြားဓာတ်မြေသြဇာများထက် မြေဆီလွှာပျက်စီးမှုနည်းကြောင်း ဖော်ပြကြသည်ကို တွေ့ရသည်။
ဆားခါးအား မြေသြဇာအဖြစ် အသုံးပြုခြင်းဖြင့် ခရမ်းချဉ်၊ ငရုတ်၊ အာလူး၊ ခါကျက်ဥ၊ သံပယို၊ အုန်း၊ နှင်းဆီနှင့် အခြားအိမ်တွင်းအလှဆင်ပင်များတွင် ပိုမိုဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်း သိသိသာသာကောင်းကြောင်း စာပေများမှ တစ်ဆင့် တွေ့ရသည်။
ဆားခါးကို သွင်းရေ၊ လောင်းရေတို့နဲ့အတူ အရည်ဖျော်ပြီး ပက်ဖျန်း၊လောင်းနိုင်သကဲ့သို့ မြေအတွင်းသို့ တိုက်ရိုက်ထည့်သွင်း ကျွေးလျှင်လည်း ရပါသည်။
စာပေမှတစ်ဆင့် တွေ့ရသော အပင်အများအတွက် ထောက်ခံထားသော ဆားခါးနှုန်းထားများမှာ
· အပင်ကြီးများ (၉ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ဟင်းစားဇွန်း ၂ ဇွန်း ကို တစ်နှစ် ၃ ကြိမ်ခန့် ကျွေးပေးပါ)
· အုန်းပင် (အပင်ကြီးများအတွက် တစ်ပင်လျှင် ၂၀၀ ဂရမ်နှုန်းနှင့် အပင်ငယ်များအတွက် တစ်ပင်လျှင် ၁၀၀ ဂရမ်နှုန်း ကို ၁ နှစ်လျှင် ၃ ကြိမ်ကျွေးပေးပါ)
· ချုံနွယ်အုပ်စုဝင်အပင်များ (၉ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ဟင်းစားဇွန်း ၁ ဇွန်းကို ၃-၄ ပတ်တစ်ကြိမ်ခန့် ကျွေးပေးပါ)
· အလှစိုက်မြက်ခင်းများ (၁၂၅၀ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ၃ ပေါင်ခန့်ကို ရေတွင် ဖျော်၍ ဆေးဖျန်းပုံးဖြင့် ပက်ဖျန်းပေးပါ)
· နှင်းဆီပင်များ (အမြင့် ၁ ပေခန့် နှင်းဆီပင်များကို တစ်ပင်လျှင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်းကို ၂ ပတ်တစ်ကြိမ် ကျွေးပေးပါ)
· အိမ်အလှဆင်အပင်များ (ဆားခါးဟင်းစားဇွန်း ၂ ဇွန်းကို ရေ တစ်ဂါလံတွင် ဖျော်၍ ၁ လ တစ်ကြိမ် လောင်းရေနှင့်အတူ ကျွေးပေးပါ)
· ခရမ်းချဉ်/ငရုတ်ပင်များ (အမြင့် ၁ ပေခန့် ခရမ်းချဉ်ပင်များကို တစ်ပင်လျှင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်းကို ၂ ပတ်တစ်ကြိမ် ကျွေးပေးပါ) တို့အဖြစ် တွေ့ရသည်။
သို့သော်လည်း ဆားခါးအား စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ် အသုံးပြုခြင်းကို သုတေသနများ ဆောင်ရွက်ထားမှု နည်းပါးခြင်းတို့ကြောင့် တချို့သိပ္ပံပညာရှင်နှင့် သုတေသီများက သဘောတူထောက်ခံခြင်း မပြုသည်များလည်း တွေ့ရပါသည်။ ယေဘူယျအားဖြင့် ဆားခါးအား စိုက်ပျိုးရေးတွင် အသုံးပြုရန် ညွှန်းဆိုကြသူများမှာ အပင်အာဟာရနှင့် မြေဆီလွှာသုတေသီသိပ္ပံပညာရှင်များမဟုတ်ကြဘဲ အတွေ့ကြုံရှိ စိုက်ပျိုးသူများဖြစ်ကြသည်။ ထို့ကြောင့် ဆားခါးအား မြေသြဇာအဖြစ် အသုံးပြုခြင်းသည် အပင်များအတွက် အကျိုးရှိစေရုံသာမက မြေဆီလွှာပျက်စီးမှု နည်းပါးကြောင်းညွှန်ပြပြောဆိုကြသော်လည်း မိမိစိုက်ပျိုးမြေနှင့်အပင်များအတွက် အမှန်တကယ်လိုအပ်ချက်ပေါ်မူတည်ပြီး နှိုင်းနှိုင်းချင့်ချင့်သာ စမ်းသပ်ပြီး သုံးစွဲသင့်ကြောင်း စာပေမှတစ်ဆင့် လေ့လာတွေ့ရှိချက်များကို မျှဝေရေးသားဖော်ပြလိုက်ပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
28-7-2014
ကျမ်းကိုး
၁။ Fertilize with Epsom Salts (Charlie Nardozzi)
၂။ Gardening with Epsom Salt (www.saltworks.us)
၃။ Adding Epsom salts to gardens is a safe natural way to increase plant growth (Linda Chalker-Scott)
၄။ Fertilizer Application to Coconut Palm (Horticulture Practical Guide, YAU)
၅။ Epsom Salts and Plants – Is it worth using Epsom salts as plant fertilizer? (Marie Iannotti)
၆။ Something to grow on (North Carolina Cooperative Extension Service, NC State University)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
Topic 2
ဆားခါး
May Thet Paing
လွန်ခဲ့သော ၁ နှစ် ကEnglish
kyaw myint
လွန်ခဲ့သော ၁ နှစ် ကဆားခါးက ဘယ်မှာ ဘယ်လို ဝယ်လို့နိုင်မလဲ ဗျ
Nyein
လွန်ခဲ့သော ၁ နှစ် ကခဖ don't worry and I remember and I'll get down on my family he's at the night but anyways check that whole lot more times like I don't know my friend yeah you got to do with that I didn't like they need it loud thanks all right. I'll talk to you later yeah
မျိုးဦး
လွန်ခဲ့သော ၃ နှစ် ကတိုင်ရင်းဆေးဆိုင် မှာ ဝယ်လိုရပါတယ်
Myat Si Thu
လွန်ခဲ့သော ၃ နှစ် ကဆားခါးဆိုတာဘယ်လိုမျိုးလဲဗျ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from HanPhyoAung
အားလုံး