ရွက်ချိုပင်စိုက်ပျိုးထုတ်လုပ်ရာတွင် ခဲမြေအစားသုံးသင့်သည့် တီမြေဆွေး
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၄)
ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရော ဂလိုက်ကိုဆိုဒ်နှင့်အာဟာရဓာတ်ပါဝင်မှုတိုးစေသော ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုစာဟောင်း (SMS) နှင့် မြေဆွေးများ အသုံးပြုခြင်း (အပိုင်း၁)
စတီးဗီယား ရွက်ချိုမှုန့်ပင်ထုတ်ရန် ကြီးထွားမီဒီယာတွင် ရိုးရိုးမြေအစား ဇီဝနှိုးဆွတီမြေဆွေးကို အစားထိုးသုံးသင့်သည်။
ဘာကြောင့် သုံးသင့်သလဲ
ရွက်ချိုမှုန့်ပင်သည် ဆေးဖက်ဝင်အစွမ်းမြင့်သဖြင့် ဆေးဖက်ဆိုင်ရာစက်ရုံများတွင် လိုအပ်ချက်မြင့်မားလာသည်။
စတီးဗီယားပင် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးတွင် မလွှဲမရှောင်သာသော အဓိကမျက်နှာစာတစ်ခုကတော့ အသုံးပြုသည့် ကြီးထွားမီဒီယာနှင့် ဖြည့်တင်းသည့်အာဟာရများ ဖြစ်သည်။ ထို့ပြင် ကုန်ကျစရိတ်သက်သာရေးအချက်သည်လည်း အမြန်လိုအပ်လာပြီဖြစ်သည်။
တီမြေဆွေးသည် ကြီးထွားမီဒီယာအတွက် လိုအပ်သောအရည်အချင်းများရှိသည်။ တီမြေဆွေးအပါအဝင် ဥယျာဥ်ခြံမြေ၊ မှိုပုံဟောင်း၊ နွားချေး၊ အော်ဂဲနစ်မြေဆွေး၊ ကြံမြှုပ်ချေး၊ ပါလိုက် (leaf mold, press mud, peat moss) များကို ဖြည့်စွက်သုံးပါက ကြီးထွားမီဒီယာတွင် အာဟာရဓာတ်ပါဝင်မှုကို မြင့်စေမည်ဖြစ်သည်။
ကြီးထွားမီဒီယာကောင်းတခုသည်
- ၁။ အပင်အတွက် လုံလောက်သော ထောက်ပံ့မှုပြုနိုင်ရမည်။
- ၂။ ရေစီးဆင်းမှုကောင်းရမည်။
- ၃။ လေဝင်လေထွက်ကောင်းရမည်။
- ၄။ လုံလောက်သောရေထိန်းနိုင်စွမ်း (water holding capacity) ရှိရမည်။
- ၅။ အမြစ်နှင့်ကြီးထွားမီဒီယာပြင်ပရှိ လေထုကြားတွင် ကောင်းသောဓာတ်လဲလှယ်မှု(good gaseous exchange mechanism) ရှိရမည်။
- ၆။ အာဟာရဓာတ် အနေအထားမြင့်ရမည်။
- ၇။ ပေါ့ပါးရမည်။ အပင်ကြီးထွားမှုအတွက် အရေးကြီးရမည်။
- ၈။ ကြီးထွားမီဒီယာကောင်းမွန်မှုရှိမရှိကို နိုင်ထရိုဂျင်နှင့် ဖော့စဖောရပ်ကို အပင်မှအမြင့်ဆုံးစုပ်ယူနိုင်သော အဖြေရလဒ်များအရ မှတ်တမ်းယူသည်။
ဇယား- စတီးဗီးယားပြောင်းရွှေ့မစိုက်မီ ကြီးထွားမီဒီယာ၏ ရုပ်ပိုင်းနှင့်ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

သစ်သားကန်ဖြင့်တီကောင် မြေသြဇာပြုလုပ်နည်း (မြ ၂ဝ၂ဝ)
- အဆင့် ၁ - ဗေဒါရိုး ငှက်ပျောဖတ်များထည့်သည်။
- အဆင့် ၂ - တီကောင်များ ထည့်သည်။
- အဆင့် ၃ - ရေလောင်းသည်။

ဘာကြောင့် အကျိုးရှိသလဲ..?
တီမြေဆွေးသည်လေဝင်လေထွက်ကောင်းသည်။
ဥယျာဥ်ခြံမြေနှင့် တီမြေဆွေးအရောသည် မြေအရည်အသွေးတိုးလာပြီး အပင်ဒြပ်ထုတိုးစေသည်။ ကလိုရိုဖီးမော်လီကျူး အစိတ်အပိုင်းများဖြစ်သော နိုက်ထရိုဂျင်ရရှိမှုမြင့်မားသည်။ နေရောင်ဖြင့်အစာချက်မှု၊ အရောင်ခြယ်များပါဝင်မှုနှင့် သက်ဆိုင်သော မင်နရယ်ကြွယ်ဝသည်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယံကြွယ်ဝသည့် အရင်းအမြစ်ဖြစ်သည်။
သို့ဖြစ်၍ ကြီးထွားမီဒီယာအဖြစ် ခဲမြေအစား ဇီဝနှိုးဆွတီမြေဆွေး (သို့မဟုတ်) ဥယျာဥ်ခြံမြေနှင့်တီမြေဆွေးအရောများကို အစားထိုး သုံးသင့်ပါသည်။
ကိုးကား
မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာ လက်စွဲ
Sardar.H. et al., Evaluation of different growing media based on agro-industrial waste materials for the morphological, biochemical and physiological characteristics of stevia. Biomolecules 2021, 11, 698. https:// doi.org/10.3390/biom11050698 IN. Cleaner Waste Systems. Volume 3, December 2022, 100038.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tun Win
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ ခမျာ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024