တီမြေဆွေးအကျိုးပြုမှုအပေါ် စတီးဗီးယားပင်တွင် စံထားစမ်းသပ်တွေ့ရှိချက်များ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၃၈)
ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှု တိုးစေသော ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုစာဟောင်း (SMS)နှင့် မြေဆွေးများ အသုံးပြုခြင်း (အပိုင်း - ၅)
ဟူးမစ်အက်ဆစ် (၅၂%)ထုတ်ပြီး နိုက်ထရိုဂျင်ကြွယ်ဝသောတီမြေဆွေးကို ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ် အရသာတိုးစေရန် သုံးသင့်သည်။
တီမြေဆွေး၏ အပင်အကျိုးပြုဇီဝကမ္မဖြစ်စဥ်
တီမြေဆွေးသည် ဇီဝနှိုးဆွပစ္စည်းတစ်မျိုးဖြစ်ပြီး တီမြေဆွေးစစ်ထုတ်ရည်တွင်ပါဝင်သော အနည်းလို အာဟာရများကြောင့် ဟော်မုန်းသတ္တိရှိသည်။ ဖိုက်တိုဟော်မုန်းများဖြစ်သော ဆိုက်တိုခိုက်နင်၊ အောက်ဆင်၊ ဂစ်ဘရယ်လင်တို့ပါဝင်သဖြင့် အပင်ကြီးထွားမှုအားပေးသည် (Shahrajabian et al.2021 တီမြေဆွေးတွင် ဟူးမစ်အက်ဆစ်ထုတ်မှု ၅၂ % ရှိသည်။ (Chaitra et al., 2018)
စတီးဗီးယားရွက်ချိုမှုန့်ပင်
စတီးဗီးယားရွက်ချိုမှုန့်သည် ဆေးဖက်ဝင်ပင်ဖြစ်သည်။ အရွက်များသည်စတီးဗီရော ဂလိုက်ကိုဆိုဒ် ကြွယ်ဝသည်။ စတီးဗီရောဂလိုက်ကိုဆိုဒ်ပါဝင်သဖြင့် စူးခရိုးစ်သကြားရည်ထက် အဆ ၃ဝဝ ပိုချိုသည်။
စတီးဗီးယားရွက်ချိုမှုန့်ပင်အရွက်တွင် ရီဘောင်ဒီရိုဆိုက်နှင့် စတီဗီရိုဆိုက်ပါဝင်သည်။ စတီဗီရိုဆိုက် ပါဝင်မှုသည် အခြားစတီးဗီရောဂလိုက်ကိုဆိုဒ်များပါဝင်မှုထက် ပိုလွှမ်းမိုးသော ပစ္စည်းဖြစ်သည်(Kumar et al.,2013)။ စတီးဗီးယားရွက်ချိုမှုန့်ပင်သည် ကင်ဆာအကြိတ်အဖုများကို ဟန့်တားသော အရည်အသွေးရှိသည်။ cardiovascular ရောဂါ၊ အထူးသဖြင့် ဆီးချိုရောဂါကုသမှုအတွက်လည်း အထောက်အကူပြုသည် (Chouhan et al.,2016)။
စတီးဗီးယားပင်သည် သဘာဝအန်တီအောက်ဆီးဒန့်လည်း ကြွယ်ဝသည်။ အစားအစာ စက်ရုံများတွင် အသုံးပြုမှု အလားအလာကောင်းသည့် အပင်ဖြစ်သည်။ စတီးဗီးယားပင်ထုတ်လုပ်မှု မြှင့်တင်ရေးတွင် အဓိကအချက်ဖြစ်သည့် မလွှဲမရှောင်သာသော မျက်နှာစာတခုကတော့ အသုံးပြုသည့် ကြီးထွားမီဒီယာ နှင့် ဖြည့်တင်းသည့်အာဟာရများဖြစ်သည်။ ကုန်ကျစရိတ်သက်သာသော စတီးဗီးယားပင် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးသည် အမြန်လိုလာပြီဖြစ်သည်။ ကြီးထွားမီဒီယာ ဖြည့်စွက်အဖြစ် သုံးနိုင်သော တီမြေဆွေးအပါအဝင် ဥယျာဥ်ခြံမြေ၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေး၊ အော်ဂဲနစ် မြေဆွေး၊ ကြံမြှုပ်ချေး၊ ပါလိုက် leaf mold၊ press mud၊ peat moss များသည် ကြီးထွားမီဒီယာ အာဟာရဓာတ်ပါဝင်မှု မြင့်စေသည်။
တီမြေဆွေးမှထုတ်ယူသော ဟူးမစ်အက်ဆစ်တွင်ပါသော ဓာတုပစ္စည်းများ

ကြီးထွားမီဒီယာဖြည့်စွက်အဖြစ် တီမြေဆွေးအပါအဝင် ဥယျာဥ်ခြံမြေ၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေးသုံးခြင်း
စုစုပေါင်းကလိုရိုဖီး (မီလီဂရမ်/ဂရမ်) တိုးခြင်း

စုစုပေါင်းဖလေဗိုနွိုက် (မီလီဂရမ်/ဂရမ်) အစိုအလေးချိန်တိုးခြင်း

ကယ်ရိုတီနွိုက် (မီလီဂရမ်/ဂရမ်) အစိုအလေးချိန်တိုးခြင်း

ဆွေးနွေးချက်
- ဟူးမစ်အက်ဆစ်သည် မြေဆွေးထဲတွင် ၂-၃% ပါဝင်သည် (Green way, October 2022)။ တီမြေဆွေး ထည့်ခြင်းဖြင့် ဟူးမစ်အက်ဆစ်ထုတ်မှု ၅.၂ဝ ထိ ဖြစ်လာခြင်းကြောင့် မြေ၏ဇီဝဓာတုဆိုင်ရာ သတ္တိ တိုးလာခြင်းဖြစ်သည်။
- အပင်ဒြပ်ထုတိုးသည် (Bziouech et al.,2022)။
- ကြီးထွားမီဒီယာထဲတွင် ဖိုတိုစင်သိတ်များ ပိုစုလာခြင်းမှတဆင့် စတီးဗီးယားအရွက်ထဲတွင် နေရောင်နှင့် အစာချက်သော အရောင်ခြယ်ဆေးများ တိုးလာသည် (Singh et al.,2022)။
- မြေဆွေးအမျိုးမျိုးထည့်ခြင်းသည် ကလိုရိုဖီးတိုးလာစေသည်။
- တီမြေဆွေးထည့်ခြင်းသည် ကလိုရိုဖီး (မီလီဂရမ်/ဂရမ်)တိုးမှု အများဆုံးဖြစ်သည်။
- အကြောင်းမှာ ကလိုရိုဖီးမော်လီကျူးများနှင့် တွဲနေသော နိုက်ထရိုဂျင်ရခြင်းကြောင့်ဖြစ်သည် (Libutti et al.,2020)။
- မြေဆွေးအမျိုးမျိုးထည့်သည့် စမ်းသပ်မှုတိုင်းတွင် မင်နရယ်ပါဝင်မှုတိုးလာသည်။
- တီမြေဆွေးထည့်သော ကြီးထွားမီဒီယာထဲတွင်စိုက်သော စတီးဗီးယားအရွက်ထဲတွင် ပိုတက်စီယံ၊ နိုက်ထရိုဂျင်၊ဖော့စပရပ်ပါဝင်မှု အမြင့်ဆုံးဖြစ်သည်။
- အပင်အစို၊ အခြောက်အလေးချိန်လည်း တိုးသည်။ အကြောင်းမှာ တီမြေဆွေးကြောင့် မီဒီယာထဲတွင် နိုက်ထရိုဂျင်၊ ဖော့စပရပ် ပါဝင်မှုတိုးစေခြင်းကြောင့် ဖြစ်သည်။
- တီမြေဆွေးထည့်ထားသည့် ကြီးထွားမီဒီယာ ဥယျာဥ်ခြံမြေထဲတွင် ကယ်ရိုတီနွိုက် (မီလီဂရမ်/ဂရမ်) အများဆုံးဖြစ်သည်။
သုံးသပ်ချက်
၁။ စတီးဗီးယားပင်သာမက အခြားဥယျာဥ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော တီမြေဆွေးထဲရှိ အဓိကသိသင့်သော နိုက်ထရိုဂျင်ကြွယ်ဝမှု၊ အကျိုးပြုဟူးမစ်အက်ဆစ်၊ ကာဗွန်နှင့်နိုက်ထရိုဂျင် အချိုး ( < ၂၀) နှင့် ပီအိပ်ချ်ကိုဖော်ပြထားခြင်းဖြစ်ပါသည်။ တောင်သူများသည် မိမိတို့အသုံးပြုနေသော၊ သီးနှံစုံ အသုံးပြုသင့်သော မြေဆွေးများ၏ အာဟာရတန်ဖိုးများနှင့် ဘာကြောင့်အကျိုးရှိသည်ကို ကြိုတင် နားလည်စေရန် စတီးဗီးယားပင်တွင်အသုံးပြုမှုကို စံအဖြစ်ထားပြီး ဖော်ပြရှင်းလင်းထားခြင်းဖြစ်ပါသည်။ အသုံးပြုသင့်သော မြေဆွေးနှုန်းထားများကို ဆက်လက်ဖော်ပြသွားပါမည်။
၂။ ကြီးထွားမီဒီယာတွင် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေးဆွေးများ၊ သဘာဝမြေသြဇာများနှင့် ဇီဝမြေသြဇာများကို ဖြည့်စွက်သုံးခြင်းဖြင့် စတီးဗီးယားရွက်ချိုမှုန့်ပင် ဒြပ်ထုတိုးအောင် ဆောင်ရွက်သင့်သည်။ ယင်းကဲ့သို့လုပ်ဆောင်နိုင်မည်ဆိုပါက စတီးဗီရိုဆိုက်ပုံစံနှင့် စတီးဗီးယား စစ်ထုတ်ပစ္စည်းများ တိုးလာနိုင်မည်ဖြစ်သည်။
ကိုးကား
Chaitra P. et al., Extraction and characterization of humic acid from vermicompost and farm yard manure . Journal of Pharmacognosy and Phytochemistry 2018; 7(6): 573-575
Sardar.H. et al., Evaluation of different growing media based on agro-industrial waste materials for the morphological, biochemical and physiological characteristics of stevia. Biomolecules 2021, 11, 698. https:// doi.org/10.3390/biom11050698 IN. Cleaner Waste Systems. Volume 3, December 2022, 100038.
Shahrajabian, M.H.; Chaski, C.Polyzos, N.Petropoulos, S.A. Biostimulants Application: A Low Input Cropping Management Tool for Sustainable Farming of Vegetables. Biomolecules. 2021 May; 11(5): 698. .doi: 10.3390/biom11050698
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
ငရုတ်ပင်အရွက်ဝါတာဘာဖြစ်လို့လဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 2 ခု
အမေရိကန်နည်းပညာဖြင့် ထိုင်းနိုင်ငံထုတ် အော်ဂဲနစ် သီးနှံမျိုးစုံအတွက် တောင်သူလယ်သမားကြီးများ ကုန်ကျစရိတ်သက်သာ အထွက်နှုန်းတိုး မှိုကင်းစင် အရွက်ဝါ အဖျက်ပိုးအန္တရာယ်များကို သိသာစွာကာကွယ်ပေးသည် သီးနှံ အစေ့အဆံများ သိသာစွာ တိုးတက်လာပါလိုက်မည် မှာယူလို့ပါက-☎️🇲🇲09787471142
ko htike • ဖြေကြားချက် 2 ခု
ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ
waiyan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....