အစိမ်းရောင်လမ်း
နှမ်းသီးနှံနှင့် ဘိုရွန်ချို့တဲ့မှု

နှမ်းသီးနှံနှင့် ဘိုရွန်ချို့တဲ့မှု

မြတ်စုဝေ
မြတ်စုဝေ 15/12/2021

    ဘိုရွန်ဓာတ်ဟာ ဆီထွက်သီးနှံတွေအတွက် အလွန်အသုံးဝင်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။

    သူ့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ ဆဲလ်ကွဲပွားမှုကို အားပေးသောကြောင့် ပင်စည်ရှည်ထွက်စေခြင်းနှင့် အသီးအပွင့်အောင်စေမှုကို အားပေးပါတယ်။ ဆီထွက်သီးနှံတွေအတွက် အစေ့အဆန်အောင်စေပြီး အထွက်နှုန်းတိုးစေပါတယ်။ 

    ဒါ့အပြင် ဘိုရွန်ဓာတ်ချို့တဲ့မှု‌ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သီးနှံအရည်အသွေးနဲ့ အထွက်နှုန်းလျော့ကျမှုများ ဖြစ်လျှက်ရှိပါတယ်။

ဘိုရွန်ချို့တဲ့မှုများစေတဲ့ အကြောင်းရင်းတွေကတော့

- မြေငန်ဓာတ်များသောကြောင့် (ဆားပေါက်မြေများ)

- အော်ဂဲနစ်သဘာဝမြေဆွေးနည်းသောမြေများ 

- နိုက်ထရိုဂျင်ဓာတ် များလွန်းခြင်း

- ကယ်စီယမ်ဓာတ်များလွန်းခြင်း

- အေး၍စိုစွတ်သော ရာသီဥတုရှိသောနေရာများ

- သဲဆန်သောမြေများတွင် ချို့တဲ့မှုရှိတတ်ကြပါတယ်။

    ဘိုရွန်ကို အပင်မှစုပ်ယူနိုင်သော ပုံစံများအနေနဲ့ကတော့ boric acid (H3BO4) နဲ့ borax အနေနဲ့ အပင်က စုပ်ယူကြပါတယ်။ များသောအားဖြင့်တော့ ရွက်ဖျန်းဆေးအနေနဲ့ အသုံးပြုကြပါတယ်။

ချို့တဲ့မှုလက္ခဏာ

    ဘိုရွန်ချို့တဲ့မှုကို အပင်အရွက်ထိပ်ပိုင်း အရွက်နုလေးများတွင် တွေ့ရပါတယ်။ အရွက်လေးတွေက သေးငယ်ပြီး ပုံစံမမှန် တွန့်လိမ်ပြီး ကြွပ်ဆတ်နေပါလိမ့်မယ်။ နောက်ပြီး ရွက်ကြောနဲ့ ရွက်ပြားမှာ ဆဲလ်သေကွက်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။ သီးတောင့်နဲ့ ပင်စည်မှာ ကွဲရာတွေဖြစ်နေတတ်ပြီး တစ်ခါတစ်ရံ ကယ်စီယမ်ချို့တဲ့မှုနဲ့ ဆင်တူတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အမြစ်ကြီးထွားမှုကိုဟန့်တားပြီး သီးနှံအထွက်နှုန်းကို ထိခိုက်စေပါတယ်။

ဘိုရွန်ချို့တဲ့မှုမဖြစ်အောင်

    နှမ်းသီးနှံတွင် နိုက်ထရိုဂျင်ဓာတ် နဲ့ ဘိုရွန်ဓာတ်က အပင်ကြီးထွားဖွံဖြိုးမှုအတွက် အရေးပါလှပါတယ်။ သူတို့နှစ်ခုကို ပေါင်းစပ်ပြီး အသုံးပြုပါက အထွက်နှုန်းကို တိုးစေပါတယ်။ နှုန်းထားအနေနဲ့ကတော့ မြေ ၂.၄၇ ဧကလျှင် နိုက်ထရိုဂျင် ၆၀ ကီလိုဂရမ်နဲ့ ဘိုရွန် ခေါ်  လက်ချားမှုန့် ၁- ၃ ကီလိုဂရမ်ကို ရွက်ဖျန်းဆေးအနေနဲ့တွဲသုံးတာ အကောင်းဆုံးဖြစ်တယ်လို့ သုတေသနအချို့မှာ ဖော်ပြထားပါတယ်။ 

    Boric acid နဲ့ Borax ၀.၂% တို့ကို  နှမ်းသီးနှံအဆင့်အလိုက်ပေါ်မူတည်ပြီး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ နှုန်းထားအနေနဲ့ကတော့ ကိုယ်သုံးမယ့် ကုန်ကြမ်းပစ္စည်းအညွှန်းပေါ်မူတည်အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံ ဘိုရွန်ချို့တဲ့မှုအတွက် တစ်မျိုးတည်းဖျန်းမယ်ဆိုပါက ပင်စည်ရှည်ထွက်ဖို့ အပင်ငယ်စဥ်နဲ့ ပန်းမပွင့်မှီ သန္ဓေအောင်ရန်နှင့် အစေ့အဆန်ပြည့်တင်းပြီး အရည်အသွေးကောင်းလိုပါက မြေ ၂.၄၇ ဧကလျှင် ဘိုရွန် ၃ လီတာ ကို ရေ ၅၀-၂၀၀ လီတာထိ ရောပြီး ဖျန်းနိုင်ပါတယ်။ ဒါပေမဲ့ ပြင်းအားများလွန်းပါက အပင်လောင်နိုင်သောကြောင့် စနစ်တကျ အသုံးပြုစေလိုပါသည်။ 

ကျမ်းကိုး

https://pesquisa.bvsalud.org/portal/resource/pt/sea-188017

https://www.frontierag.co.uk/blog/don-t-overlook-boron-in-your-osr-crop-this-autumn

https://www.yara.co.uk/crop-nutrition/oilseed-rape/nutrient-deficiencies-oilseed-rape/boron-deficiency-oilseed-rape/

https://www.researchgate.net/publication/323940011_Response_of_Pulse_and_Oilseed_Crops_to_Boron_Application_A_Review

2
Htun oo

Htun oo

လွန်ခဲ့သော ၄ လ က

ဘိုရွန်ပါတာဘာဆေးအမည်လဲ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ဘိုရွန် ကိုစိုက်ပျိုးမြေပေါ်ကျဲပက်လို့ရလား ကျဲပက်လို့ရလျှင်အချိုးအစား သိပါရစေ

You

ဆက်စပ်မေးခွန်းများ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

kyaw zin • ဖြေကြားချက် 0 ခု

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

kyaw zin • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....