ကျန်းမာသောဆိတ်နှင့် မကျန်းမာသောဆိတ်၏ သွင်ပြင်လက္ခဏာများ
ကျန်းမာသောဆိတ်သည်
- အစာကောင်းမွန်စွာစားသုံးခြင်း၊ စားမြုံပြန်နေခြင်း
- တောက်ပသောအမွေးနှင့် နူးညံ့ပြီး ဆွဲဆောင်နိုင်သော အရေပြားရှိခြင်း
- တောက်ပသောမျက်လုံးနှင့် ပန်းရောင်မျက်ခွံရှိခြင်း
- ပျော်မြူးနေခြင်း၊ ဖြတ်လတ်နေခြင်း
- နို့စားဆိတ်မျိုးတွင် နို့ထွက်နှုန်းမှန်ခြင်း
- ဆိတ်ချေးပုံမှန်ယိုချခြင်း
- ခြေ၊ လက်များ ခိုင်မာစွာရပ်နေခြင်း

မကျန်းမာသောဆိတ်သည်
- အုပ်စုမှခွဲပြီး မှိုင်၍ ရပ်နေတတ်ခြင်း
- အစာကောင်းစွာမစားခြင်း
- စားမြုံ့ပြန်မှုပုံမမှန်ခြင်း
- အသားအရေခမ်းခြောက်နေခြင်း (မစိုပြေခြင်း)
- သာမန်ကိုယ်အပူချိန်၏အထက် (သို့) အောက်တွင်ရှိနေခြင်း
- မျက်လုံးနှင့် ပါးစပ်ဝန်းကျင်တွင် အရောင်ပြောင်းခြင်း
- ဝမ်းလျှောခြင်း
- နှာခေါင်းနှင့် ပါးစပ်ဝန်းကျင်တွင် အရိအရွဲများရှိခြင်း
- မျက်လုံးများနီရဲခြင်း
- ခြေမသန်ခြင်း
- သွားလာလှုပ်ရှားမှုမမှန်ခြင်း
- အမွေးကျွတ်ခြင်း (သို့) အမွေးကြမ်းခြင်း
- ပိန်ချုံးခြင်း
- နို့စားဆိတ်များ နို့ထွက်ကျဆင်းခြင်း
ကျန်းမာသောဆိတ်၏ ဇီဝကမ္မဆိုင်ရာအချက်များ
- ကိုယ်ခန္ဓာအပူချိန် - ၃၈.၇ - ၄၀ ဒီဂရီစင်တီဂရိတ်
(စအိုတိုင်းတာမှု) (၁၀၁.၀၇ - ၁၀.၄.၅ ဒီဂရီဖာရင်ဟိုက်)
- နှလုံးခုန်နှုန်း - ၇၀ - ၈၀/မိနစ်
- အသက်ရှုနှုန်း - ၁၂ - ၂၀/မိနစ်
ဆိတ်ငယ်လေးများတွင် အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းပိုမြန်ပါသည်။
- ရူမင်လှုပ်ရှားနှုန်း (အစာအိမ်) - ၁-၁.၅/မိနစ်
*ကိုယ်ခန္ဓာအပူချိန်ရယူရန် ဆိတ်ကိုထိန်းချုပ်ပြီး နားနေသည့် အနေအထားဖြင့် စအိုအတွင်း သာမိုမီတာသွင်း၍ တိုင်းယူနိုင်ပါသည်။ သွေးခုန်နှုန်းကို ခြေထောက်အတွင်းအပေါ်ပိုင်းရှိ သွေးလွှတ်ကြောမကြီးပေါ်တွင် လက်ချောင်းဖြင့် ညင်သာစွာဖိ၍ တစ်မိနစ်အတွင်း အကြိမ်ရေမှတ်သားရပါမည်။ အသက်ရှုနှုန်းကို နံရိုး၏အောက်ပိုင်းတွင် လက်ချောင်းတင်ပြီး တစ်မိနစ်အတွင်း အကြိမ်ရေမှတ်သားတိုင်းတာနိုင်ပါသည်။
ဆိတ်မွေးမြူရေးခြံများ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ခွာလှီးခြင်း၊ ကိုယ်ခန္ဓာအလေးချိန် ချိန်ယူခြင်း၊ နေ့စွဲနှင့် မှတ်တမ်းထားရှိခြင်း၊ ပုံမှန်သန်ချဆေးတိုက်ကျွေးခြင်း၊ ဒေသအတွင်း အစိုးရတိရစ္ဆာန်ဆေးကုဌာန၏ ရောဂါပျံ့နှံမှုလေ့လာထားမှုအရ ကာကွယ်ဆေးပုံမှန်ထိုးမှု အစီအစဉ်ရေးဆွဲခြင်း၊ မိမိခြံကိုကြည့်ရှုပေးသည့် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် မွေးမြူရေးလုပ်ငန်းတူလုပ်ကိုင်သူများ စုစည်း၍ တိရစ္ဆာန်ကျန်းမာရေး ပြဿနာဖြေရှင်းမှု ဆွေးနွေးတိုင်ပင်များပြုလုပ်ရန်လိုအပ်ပါသည်။
FSWG မှထုတ်ဝေသော "ကျေးလက်ဒေသဆိတ်မွေးမြူရေး" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဒီစာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်မြသက်နိုင်
လွန်ခဲ့သော ၁ နှစ် ကလေပွနေရင်ဘာတွေပြုလုပ်ရမလဲရှင့်
ဒေါ်မြသက်နိုင်
လွန်ခဲ့သော ၁ နှစ် ကသန်ချဆေးတစ်နှစ်ဘယ်နှစ်ကြိမ်တိုက်ကျွေးသင့်ပါသလဲ
ဒေါ်မြသက်နိုင်
လွန်ခဲ့သော ၁ နှစ် ကဝမ်းလျှောနေရင်ဘယ်လိုကုသရမလဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026