အာဟာရချို့တဲ့နေကြောင်းကိုညွှန်ပြနေတဲ့ နွားခြံတွင်းလက္ခဏာများ
နို့ပေးနွားမများ၏ ထုတ်လုပ်မှုနှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အစာထဲတွင် အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များအချိုးညီညီ လုံလောက်စွာပါဝင်နေရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် နွားခြံအတွင်းတွင် အောက်ပါလက္ခဏာများကိုတွေ့ရတတ်ပါသည်။
(က) စားမြုံ့ပြန်သည့် နွားအကောင်ရေနည်းခြင်း
နွားခြံအတွင်း နွားများ နားနေချိန်တွင် နွားအားလုံး၏ ၅၀ ရာခိုင်နှုန်းအောက်သာ စားမြုံ့ပြန်နေလျှင် နွားများသည် အမျှင်ဓာတ် ပမာဏကို လုံလောက်စွာမရရှိသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့သို့ ဖြစ်ရခြင်းမှာ အစာထဲတွင် အမျှင်ဓာတ်ပမာဏနည်းနေခြင်း (သို့မဟုတ်) အစာထဲတွင် အမျှင်ဓာတ် လုံလောက်စွာပါဝင်သော်လည်း နွားမသည် အစာကို ရွေးချယ်စားသောက်ခြင်း (feed sorting: အစာနုကိုသာ ရွေးချယ်စားခြင်း) ကြောင့်ဖြစ်နိုင်ပါသည်။ သေချာစေရန် နွား၏ မစင်ကိုကြည့်ပြီး စစ်ဆေးနိုင်သလို နို့တွင်ပါဝင်သော အာဟာရဓာတ်များ (နို့တွင်းအဆီဓာတ် ပမာဏ) ကို ကြည့်ပြီးလည်းစစ်ဆေးနိုင်ပါသည်။
(ခ) မစင်များပျော့နေခြင်း
နွား၏ မစင်များသည် အလွန်ပျော့နေခြင်း (သို့မဟုတ်) အရည် ဖြစ်နေလျှင် ကျွေးသည့် အစာထဲတွင် အမျှင်ဓာတ် လုံလောက်စွာ မပါသည်ကို ညွှန်ပြနေပါသည်။ အကယ်၍ မစင်တွင် ပူစီပေါင်းလေးများ တွေ့ရလျှင် နွားမ၏ အစာအိမ် (သို့မဟုတ်) အူမကြီးအတွင်း အက်စစ်ဓာတ် များခြင်း(acidosis) ကြောင့် ဖြစ်နိုင်ပါသည်။ ထို့သို့ ဖြစ်ရခြင်းမှာ အစာထဲတွင် ကစီဓာတ် များပြီး အမျှင်ဓာတ် နည်းသောကြောင့် ဖြစ်ပါသည်။
(ဂ) ခြေလက်နာနေသောနွား များနေခြင်း
အစာနုများပြီး အစာကြမ်းနည်းသော အစာကျွေးလျှင် အစာအိမ်တွင်း အက်စစ်ဓာတ်များခြင်း (rumianl acidosis) ဖြစ်ပြီး နွားများတွင် ခြေလက်နာခြင်း ဖြစ်တတ်ပါသည်။ (အခြား အကြောင်းရင်းများကြောင့် ခြေလက်နာခြင်းလည်း ရှိနိုင်ပါသည်။)
(ဃ) နို့ထွက်နှုန်းနှင့် နို့တွင်ပါဝင်သော အာဟာရဓာတ်များ
နို့ထွက်နှုန်း ရုတ်တရက် ပြောင်းလဲသွားခြင်းသည် အပူဒဏ် (heat stress) ခံစားရခြင်းကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုများနှင့် အစာအာဟာရ ရုတ်တရက်ပြောင်းလဲလိုက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နို့ထွက်နှုန်းမြင့်မားသော နို့ပေးကာလ အစောပိုင်းတွင် အစာရုတ်တရက် ပြောင်းကျွေးခြင်းကို ရှောင်ရှားသင့်ပါသည်။ အစာထဲတွင် အစာကြမ်းပမာဏနည်းလျှင် နို့တွင်းအဆီဓာတ် (milk fat) ပမာဏ ကျဆင်းတတ်ပါသည်။ မွေးခါစနွားမများတွင် စွမ်းအင်ဓာတ် မလုံလောက်သောကြောင့် နို့တွင်းအသားဓာတ် (milk protein) နှင့် အဆီ မဟုတ်သော အစိုင်အခဲ (solid not fat) ပမာဏ လျော့နည်းနေတတ်ပါသည်။ စွမ်းအင်ဓာတ် မလုံလောက် သောကြောင့် အစာခြေပိုးများသည် အသားဓာတ် အသုံးချနိုင်မှုကို ကောင်းစွာအလုပ်နိုင်သောကြောင့် နို့တွင်းအသားဓာတ် ပမာဏ လျော့နည်းရခြင်းဖြစ်ပါသည်။ စွမ်းအင်ဓာတ် အပိုဖြည့်စွက် ကျွေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။

(င) ရောဂါ ဖြစ်ပွားနှုန်းများခြင်း
နို့ပေးကာလ ပထမရက်ပေါင်း ၆၀ အတွင်းနှင့် မွေးခါစအချိန်တွင် ရောဂါဖြစ်ပွားမှုနှုန်းများ နေတတ်ပါသည်။ မွေးဖွားချိန် နွားများ လဲခြင်း (နှစ်ရာခိုင်နှုန်းကျော်)၊ နွားကလေး မွေးပြီး အချင်းကျန်ခြင်း (ရှစ်ရာခိုင်နှုန်းကျော်)၊ အစာအိမ်နေရာမမှန်ခြင်း (သုံးရာခိုင်နှုန်းကျော်) နှင့် သားအိမ်နှင့် ပတ်သက်သော ရောဂါများစသည့် ရောဂါများ အဖြစ်များပါသည်။ နို့ပေးကာလအစောပိုင်းတွင် ရောဂါများ ဖြစ်သောကြောင့် နို့ထွက်နှုန်း ကျဆင်းနိုင်သလို မျိုးပွားမှု ဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်ပါသည်။ သားအိမ်နှင့် ပတ်သက်သော ရောဂါများ ဖြစ်နိုင်ခြေသည် ကလေးမမွေးမီ အစာစားနှုန်းကျဆင်းခြင်းနှင့် ဆက်စပ်နေပါသည်။
ဒေါက်တာမင်းအောင်ရေးသားသော နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်မောင်
လွန်ခဲ့သော ၇ လ ကကောက်ရိုးချင်ဖတ်ကဘယ်လိုပြုလုပ်ရပါသလဲဆရာ
ဦးအောင်ငွေ
လွန်ခဲ့သော ၂ နှစ် ကချင်ဖတ်အစာပြုလုပ်ကျွေးမယ်ဆိုရင်နွားတကောင်းရဲ့ တရက်မည်ကျွေးသင့်ပြီး တစ်နှစ်စာမည်မျှ သှိုလှောင်ရန်းလိုအပ ် ပ ာသလဲဆရာကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
ငါးကန်အတွက်emလုပ်နည်း
MgHtike • ဖြေကြားချက် 1 ခု
အစားအားနည်းခြင်း ဘယ်ကျွေးရမလဲ
king • ဖြေကြားချက် 2 ခု
နွားမတစ်ကောင်ကို တစ်နေတာ အစားပိဿာဘယ်လောက်ကျွေးရလည်းဖြေပေးပါအုံနော်
ZWE THUT KHUNG • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....