အသားစားကြက်ခြံကို စီမံအုပ်ချုပ်သူ နေ့စဉ်လုပ်သင့်သည့် လုပ်ငန်းဆောင်တာများ
(၁) အပူချိန်
ခြံတွင်းအပူချိန်သည် ကြက်များ၏ အခြေအနေပေါ်မူတည်၍ ထိန်းညှိပေးရမည်။ အပူချိန် (၂၁) ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိပါက အပူပေးမှုရပ်ထားနိုင်သည်။
(၂) စိုထိုင်းဆထိန်းချုပ်မှု
ဆောင်းရာသီတွင် ကြက်ခြံအားအရမ်းခြောက်သွေ့မနေစေရန်နှင့် နွေရာသီတွင် စိုစွတ်မှုမလွန်ကဲ စေရန်လိုအပ်ပါသည်။
(၃) လေဝင်၊ လေထွက် အဆုံးအဖြတ်ပေးခြင်း
နွေရာသီတွင် လေဝင်လေထွက်အကောင်းဆုံးဖြစ်စေရန် ပြုလုပ်သင့်ပြီး ဆောင်းရာသီ အပူချိန် အလွန်နည်းသောအခါတွင် လေဝင်၊ လေထွက်ကို ညဉ့်နက်သည့်အချိန်တွင် ရပ်နားထားသင့်သည်။
(၄) အစာခွက်အရေအတွက်နှင့် သန့်ရှင်းမှုအနေအထား
အစာခွက် လုံလုံလောက်လောက်ရှိရပါမည်။ အစာခွက်ထဲတွင် ကျန်နေသည့်အစာများနှင့် ပုပ်သိုးနေသော အစာများကို ဖယ်ထုတ်ပစ်ရမည်။
(၅) ရေခွက်အရေအတွက်နှင့် သန့်ရှင်းမှုအနေအထား
ရေကောင်းရေသန့်ရရှိရန် အမြဲတမ်းထည့်ပေးနေရန်နှင့် ရေခွက်များမကြာခဏ သန့်ရှင်းပေးရမည်။
(၆) သိပ်သည်းမှု
ကြက်အများအပြား ကြပ်သိပ်နေအောင်မမွေးသင့်ပါ။ သတ်မှတ်ထားသော အကျယ်အဝန်းပေါ်တွင် သင့်တော်သော အကောင်ရေမွေးမြူရမည်။

(၇) အခင်းပုံစံအား အောင်မြင်သော အနွေးပေးမှုဖြစ်စေရန် အရည်အသွေးကောင်းသော အောက်ခံအခင်းများလိုအပ်သည်။
(၈) ကြက်ချေးအခြေအနေ ပုံမှန်မဟုတ်သော ကြက်ချေးအရောင်များကို ဂရုပြုစောင့်ကြည့်ရမည်။
(၉) အသက်ရှုသည့်ပုံစံ၊ အသက်ရှုသည့်အခြေအနေနှင့် အသံတို့ကိုစောင့်ကြည့်ရမည်။
(၁၀) ကြက်များ၏ အပြင်လက္ခဏာနှင့် လှုပ်ရှားမှုများ မျက်လုံး၊ ပါးပြင်နှင့် အမွှေးအတောင်များ ပြောင်းလဲမှုရှိ၊ မရှိ စောင့်ကြည့်ရမည်။
(၁၁) အလင်းပေးချိန်နှင့် ပြင်းအား အလင်းပေးသည့် စနစ်နှင့် အလိုအလျောက်အချိန်သတ်မှတ်ထားမှုကို စစ်ဆေးရမည်။
(၁၂) အစာအရေအသွေးနှင့် သိုလှောင်ထားမှုအခြေအနေ
အစာများပုပ်သိုးမှုမရှိစေရန်နှင့် ကြွက်ကဲ့သို့သော ပိုးမွှားများ အစာသိုလှောင်သည့် နေရာသို့မဝင်ရန် စစ်ဆေးရမည်။
(၁၃) အစာစားသုံးမှု ပုံမှန်မဟုတ်သော အစာစားသုံးမှုနှင့် သတ်မှန်ထားသော အစာပမာဏ စားသုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရမည်။
(၁၄) ပယ်ထုတ်ခြင်းနှင့် သေနှုန်းသည် ပုံမှန်ထက်များပါက ဖြစ်ပေါ်စေသော အကြောင်းများဖယ်ရှားသင့်သည်။
(၁၅) ကာကွယ်ဆေးထိုး အစီအစဉ် စီမံချက်အတိုင်း ဆောင်ရွက်ရမည်။
(၁၆) ဆေးပေးခြင်း ပြဿနာပေါ်လာသည့်အခါ အဓိကဆေးပစ္စည်းများနှင့် မည်သို့ပေးရသည်ကို သိရှိထားရမည်။
(၁၇) အုပ်ချုပ်မှု မှတ်တမ်းများ ကြက်အုပ်စုတစ်စုချင်းစီအလိုက် နေ့စဉ်မှတ်တမ်းများနှင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရမည်။
(၁၈) ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း
ရေဆိုးများ၊ အညစ်အကြေးများနှင့် လမ်းပြင်ဆင်မှုများအားသေချာစွာ စီမံထားရမည်။
(၁၉) ခြံသုံးပစ္စည်းများနှင့် စက်ပစ္စည်းများအားပြင်ဆင်ခြင်း
စက်ပစ္စည်းများနှင့် အသုံးအဆောင်များအား ကောင်းမွန်သည့် အနေအထားတွင်ထားရှိရမည်။
(၂၀) အုပ်ချုပ်မှုစီမံချက်
အလုပ်လုပ်ရန် စာရင်းပြုစုထားရမည်။
(၂၁) ငွေသုံးစွဲမှုအစီအမံများ
ဝင်ငွေထွက်ငွေစာရင်းမှတ်တမ်းများကို သိမ်းဆည်းထားရမည်။
(၂၂) ရလဒ်ခွဲခြားစိတ်ဖြာခြင်း
တင်ပို့ပြီးနောက် အစာကျွေးနှုန်းနှင့် စီမံခန့်ခွဲမှုကို ပြန်လည်သုံးသပ်ရမည်။ အမှားတွေ့ရှိပါက နောက်တစ်ကြိမ် မပြုလုပ်မိရန် သတိထားရမည်။
ref: စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သူဇာဖြိုး
လွန်ခဲ့သော ၁ နှစ် ကငွေသုံးစွဲမှုအစီအမံများ
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....