၂၀၀၅ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ဓာတုဗေဒအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ CMMD Journalism School, Myanmar Journalism Institute တို့မှ သတင်းပညာများကို သင်ကြားခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်ကာ သတင်း၊ ဆောင်းပါးများ စတင်ရေးသားခဲ့ပြီး၊ “ပြည်သူ့ခေတ်”ဂျာနယ်၊ “ရွှေမြစ်မခ”သတင်းအေဂျင်စီ၊ The Farmer ဂျာနယ်နှင့်မဂ္ဂဇင်း၊ မြန်မာပြည်စီးပွားရေးလမ်းညွှန် တို့တွင် အချိန်ပြည့်သတင်းထောက်အဖြစ် တာဝန်ယူ ရေးသားခဲ့ပါသည်။ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆက်စပ်သော စီးပွားရေးသတင်း၊ နည်းပညာပေးဆောင်းပါး ပုဒ်ရေ (၆၀၀) ကျော်ကို ပြည်တွင်းပြည်ပ သတင်းဌာနများ၌ ပါဝင်ရေးသားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် မြန်မာ့စိုက်မွေးစီးပွားမီဒီယာ (Agri-Business Media)ကို တည်ထောင်ကာ Gromaxx Myanmar (UMG Co.ltd) ၊ Democracy Today Newspaper ၊ MNA Online TV&News၊ အစိမ်းရောင်လမ်း (Green Way) စိုက်/မွေးဆော့ဝဲ တို့ထံသို့ သတင်းနှင့်ဆောင်းပါးများ၊ တောင်သူ Interview များကို စီစဉ်ပေးပို့လျက်ရှိပါသည်။