ဆရာသက်နိုင်သည် ငါးလုပ်ငန်းဦးစီးဌာနတွင် ဓာတ်ခွဲခန်းတာဝန်ခံ၊ ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာနစုတာဝန်ခံ၊ စစ်ကိုင်းတိုင်းငါးလုပ်ငန်းဦးစီးမှူး စသည့်တာဝန်များထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အငြိမ်းစားယူထားသူဖြစ်သည်။ လက်ရှိတွင် ငါးလုပ်ငန်းနယ်ပယ်တွင် ပညာရှင်တစ်ဦးအဖြစ် ဆက်လက် လုပ်ဆောင်နေပြီး စာပေများလည်း ရေးသားနေသူဖြစ်ပါသည်။