မိုးစပါးနှင့် နွေးစပါးအကြောင်း သိကောင်းစရာနှင့် အခြားဆောင်းပါးများ
အခမဲ့ ရယူပါ (4.05 MB)မိုးစပါးနှင့် နွေးစပါးအကြောင်း သိကောင်းစရာနှင့် အခြားဆောင်းပါးများ
ဤစာအုပ်ပါ ဆောင်းပါးများမှာ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ဒို့ကျေးရွာဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါးများ၊ ယခင်က လယ်ယာစီးပွား သတင်းတွင် ရေးသားဖော်ပြ ခဲ့သော ဆောင်းပါးများနှင့် အခြားဆောင်းပါးများ စုစုပေါင်း ဆောင်းပါး ၃၅ ပုဒ်ပါဝင်ပါသည်။ ဆောင်းပါးများသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထွက်ကောင်းစပါးမျိုး ရာကျော်-၁ စိုက်ပျိုးရေးအတွေ့အကြုံများသည် မျက်မှောက်ကာလတွင် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင်မားရေးအတွက် စပါးမျိုး၊ စိုက်ချိန်၊ စိုက်ပျိုးနည်းစနစ်၊ ပျိုးသက်၊ ကောက်ကွက်၊ မြေသြဇာ၊ စပါး ပေါင်းမြက်နှိမ်နင်းနည်း၊ ရိတ်သိမ်းချိန်စသည့် စိုက်ပျိုးရေးဆောင်းပါးများဖြ စ်သည်။
ဤစာအုပ်ကို စာရေးဆရာ ဆင်းသီဟ မှ ရေးသားပြုစုထားသော စာအုပ်ဖြစ်ပြီး အစိမ်းရောင်လမ်း အင်တာနက် စာမျက်နှာနှင့် ဖုန်းဆော့ဝဲလ်မှ တောင်သူများထံ အခမဲ့ ဖြန့်ဝေခွင့် ပြုထားပါသည်။ သုံးစွဲခွင့်ပေးပါသော စာရေးဆရာ ဆင်းသီဟအား အစိမ်းရောင်လမ်းမှ ကျေးဇူးအထူးတင်ရှိပါတယ်။
မှတ်ချက်။ ။ စာအုပ်အရွယ်အစားမှာ ၄.၅ မက်ဂါဘိုက်သာ ရှိပါသည်။