ဝါစိုက်ပျိုးခြင်းနှင့် ဖြုတ်စိမ်းအန္တရာယ်
ဦးကြီးတို့ မင်္ဂလာပါဗျ။
ဝါသီးနှံတွင် ဖြုတ်စိမ်းသည် တွေ့ရများသော ဖျက်ပိုးတစ်မျိုးဖြစ်ပါသည်။ ဝါစိုက်ပျိုး ဖူးသော တောင်သူဦးကြီးတိုင်း ဖြုတ်စိမ်းကျရောက်မှုကို တွေ့မြင်ဖူးမယ်ထင်ပါတယ်။ ဝါသီးနှံ တွင် ဖြုတ်စိမ်းကျရောက်ခဲ့ပါက အထွက်နှုန်းကို များစွာထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဖြုတ် စိမ်းအကြောင်းကို ဆက်လက်လေ့လာကြရအောင်။

ဖြုတ်စိမ်းအန္တရာယ်ကို ဝါစိုက်တောင်သူများ ဆိုးရွားစွာခံစားကြရပါသည်။ ဖြုတ်စိမ်း သည် စုပ်စားပိုးတစ်ကောင်ဖြစ်ပါသည်။ ဖြုတ်စိမ်းကောင်များသည် နိုက်ထရိုဂျင်ပါသော မြေသြဇာအသုံးပြုထား၍ ကျန်းမာသန်စွမ်းနေသော ဝါခင်းများတွင် ကျရောက်မှုပိုများပါ သည်။ ဖြုတ်စိမ်းအကောင်ကြီးများသည် သေးငယ်ပြီး စိမ်းဝါရောင်ရှိပါသည်။ ဖြုတ်စိမ်း ကောင်လေးများ၏ အရှေ့တောင်ပံတွင် အနက်စက်ကလေး ရှိပါသည်။ ဖြုတ်စိမ်းလေးများ သည် ၎င်းတို့နားနေသည်ကို အနှောင့်အယှက်တစ်ခုပေးပါက ခုန်နိုင်ပြီး ပျံသန်းနိုင်ပါသည်။ ဖြုတ်စိမ်းလေးများသည် ဝါရွက်များ၏ အောက်မျက်နှာပြင်များ တွင် နေထိုင်ပြီး ပင်ရည်ကို စုပ်ယူစားသုံးပါသည်။ ထို့သို့ ပင်ရည်ကို စုပ်ယူစဥ် အပင်ထဲသို့ အဆိပ်တစ်မျိုးထိုးသွင်း ခဲ့ပါသည်။ ဖြုတ်စိမ်းများသည် တစ်နှစ်ပတ်လုံး ကျရောက်နိုင်ပြီး အပူချိန်မြင့်သောအချိန်တွင် ကျရောက်မှုပိုများပါသည်။ ဝါသီးနှံတွင် ဖြုတ်စိမ်းများကျရောက် ခဲ့ပါက လက္ခဏာများသည် မြင်သာထင်သာရှိပါသည်။
ဖြုတ်စိမ်းကျရောက်မှုလက္ခဏာများ

ဖြုတ်စိမ်းများ စုပ်စားထားသော ဝါရွက်များသည် အဝါရောင်ပြောင်းသွားပါသည်။ အရွက််အနားသတ်များသည်လည်း အညိုရောင်ပြောင်းသွားပါသည်။ ထို့အပြင် စုပ်စားခံ ထားရသော ဝါရွက်များသည် အောက်ဘက်ကို ကွေးနေပါသည်။ ဖြုတ်စိမ်းများ များစွာကျ ရောက်ခဲ့ပါက ဝါပင်များကြီးထွားမှုရပ်တန့်သွားပါသည်။ ဝါရွက်များသည် သံချေးရောင် ပြောင်းသွားပြီး အရွက်များကြွေကျသွားပါသည်။
အပင်ငယ်များတွင် ကျရောက်ခဲ့ပါက ဝါပင်များဆက်လက်မကြီးထွားနိုင်တော့ပါ။ နောက်ပိုင်းကြီးထွားမှုပိုင်းတွင် ကျရောက်ခဲ့ပါက အသီးတင်မှုနည်းခြင်း၊ ကြီးထွားမှုနည်းခြင်း၊ အထွက်နှုန်ူးများကျဆင်းခြင်း၊ ဝါမျှင်အရည်အသွေးများကျဆင်းခြင်း စသည့်တို့ကို တွေ့ရပါသည်။ ဖြုတ်စိမ်းအကောင်ကြီးရော ပိုးတုံးလုံးရော ပင်ရည်ကို စုပ်ယူကြပါသည်။ ထိုသို့စုပ်ယူရာတွင် ထိုးသွင်းလိုက်သော အဆိပ်များသည် အရွက်များ၏ တစ်သျှူးများကို ထိခိုက်စေသောကြောင့် အစာချက်လုပ်ခြင်းလုပ်ငန်းများကို ထိခိုက်စေပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
• ပထဦးဆုံးအရေးကြီးသောအချက်မှာ ခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးခြင်းဖြစ်ပါ သည်။
• မျိုးစေ့ကို ဆေးတစ်မျိုးမျိုးနှင့် လူးနယ်၍ စိုက်ပျိုးနိုင်ပါမည်။
• ဝါခင်းထဲတွင် ဖြုတ်စိမ်းများ စတွေ့တွေ့ချင်း ကာကွယ်နှိမ်နင်းနည်းများ ပြုလုပ်သင့်ပါ သည်။
• ဝါခင်းထဲတွင် သားရဲကောင်များဖြစ်သော ပင့်ကူများ၊ လိပ်ခုံးကျိုင်းများ၊ ရှဥ်ခိုးကောင် များစသည့် သားရဲကောင်များကို မသေစေရန် ဂရုတစိုက် ဆေးဖျန်းသင့်ပါသည်။
• နိုက်ထရိုဂျင်မြေသြဇာများ လျော့သုံးရပါမည်။
• ဝါခင်းအတွင်း လေဝင်လေထွက်ကောင်းအောင် ပင်ကြားတန်းကြား ကျဲကျဲထားစိုက် ရမည်။
• ဒိုင်မီသိုရိတ်(Dimethoate)၊ ဆိုက်ပါမီသရင်း(Cypermethrin၊ အဆီဖတ် (Aceaphate) စသည့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးနိုင်ပါသည်။
• ဖြုတ်စိမ်းကျရောက်မှုအခြေအနေများကို အမြဲတမ်းကြည့်ရှုစစ်ဆေးနေရပါမည်။
ချမ်းသာဦး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ztk
လွန်ခဲ့သော ၅ နှစ် ကthank
သန့်ဇင်ဦး
လွန်ခဲ့သော ၅ နှစ် ကဝါပင်လေးတွေဝါပြီးခြောက်နေတယ်ဘာလုပ်ရမလဲခဗျာ
ဆက်စပ်မေးခွန်းများ
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
Mg Mg • ဖြေကြားချက် 1 ခု
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 2 ခု
နှမ်းမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကူညီပေးလို့းမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးရောဂါရှာချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 2 ခု
စပါးမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကိုကူညီပေးလို့ရမလားဗျ အပင်ရောဂါအတွက်ဓာတ်ခွဲခန်းမှာစမ်းသပ်ချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 2 ခု
ဘက်တီးရီးယားလား စောပင်နာကျလားမခွဲခြားတတ်လို့ပါ ဘာမိူသတ်ဆေးဖျန်းရမလဲညွန်းပေးပါအုံးဗျ
ရှိုင်းထက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....