ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
ရေဆင်း၊စိုက်ပျိုးရေးသုတေသနမှာ စုံစမ်းမှာယူပါ။
ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
ရေဆင်း၊စိုက်ပျိုးရေးသုတေသနမှာ စုံစမ်းမှာယူပါ။
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
ပုံပါစပါးပင်သည် ပိုတက်ဆီယမ် (K) ချို့တဲ့ခြင်း ဖြစ်ပါတယ်။ပိုတက်ဆီယမ် ချို့တဲ့တာ သေချာတယ်ဆိုရင်တော့ တစ်ဧကကို ပိုတက်ရှ် (MOP) မြေသြဇာ ၆ ပိဿာကနေ ၁၀ ပိဿာခန့်အထိ မြေပြင်မှာ ကျွေးပေးရမှာဖြစ်ပြီး၊ အပင်က ချက်ချင်းစုပ်ယူနိုင်ဖို့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားတဲ့ ရွက်ဖျန်းမြေသြဇာ (ဥပမာ - ၁၃:၀:၄၆) ကိုလည်း ပက်ဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ ပိုတက်ရှ် (MOP)မရပါက 15:15:15 ကွန်ပေါင်းမြေဩဇာအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ မြေဩဇာကျွေးရာတွင် အပင်မှ အဟာရစုပ်ယူနိုင်ရန်အတွက် ရေရှိဖို့တော့လိုပါမယ်ခင်ဗျာ။
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
ဧရာပဒေသာစပါး ဒုတိယအကြိမ် မြေသြဇာကျွေးရာတွင် ၁၅:၁၅:၁၅ ကွန်ပေါင်းမြေသြဇာ တစ်မျိုးတည်းကိုသာ သီးသန့်ကျွေးရန် လိုအပ်ပြီး ပုလဲ (ယူရီးယား) ထပ်မံရောစပ်ရန် မလိုပါဘူး။ ပထမအကြိမ်တွင် ၁၆:၁၆:၁၆ နှင့် ပုလဲတွဲကျွေးထားသဖြင့် နိုက်ထရိုဂျင်ဓာတ် ပြည့်ဝနေပြီဖြစ်ကာ နိုက်ထရိုဂျင် ထပ်များပါက အပင်လဲခြင်းနှင့် ပိုးမွှားကျခြင်းတို့ ဖြစ်နိုင်ပါတယ်။ စပါးပင်ပွားနည်းသော ပြဿနာအတွက် စိတ်မပူဘဲ လက်ရှိတွင် ၁၅:၁၅:၁၅ ဖြင့် အပင်သန်မာအောင်လုပ်ပြီး၊ နောက်ထပ် သက်တမ်း ၇၀-၇၅ ရက် (အနှံသန္ဓေတည်ချိန်) ရောက်မှသာ ပုလဲနှင့် ပိုတက်စီယမ်မြေသြဇာကို တွဲဖက်၍ တတိယအကြိမ်အဖြစ် အားဖြည့်ကျွေးပေးသင့်ပါတယ်။
ကျေးဇူးပါဆရာ
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
စပါးခင်းတွင် အိမ်တွင်းပြုလုပ် ငါးအမိုင်နိုအက်စစ် (FAA) ကို ရွက်ဖြန်းအားဆေးအဖြစ် အသုံးပြုရာ၌ အခြေခံအချိုးအစားမှာ ဆေးရည် (၁) ဆ လျှင် ရေ (၁၀၀၀) ဆ (1:1000 Ratio) ဖြစ်ပါတယ်။ ထို့ကြောင့် ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ငါးအမိုင်နိုအက်စစ်ရည် ၂၀စီစီ(ဟင်းစားဇွန်း ၂ ဇွန်းခန့်) နှုန်းဖြင့် အတိအကျ ရောစပ်အသုံးပြုရပါမယ်။ ဤသဘာဝအားဆေးသည် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသဖြင့် စပါးပင်ပိုင်းကြီးထွားမှုနှင့် အပင်ပွားနှုန်းကို အထူးကောင်းမွန်စေသော်လည်း နှုန်းထားထက် ပိုမိုသုံးစွဲပါက အရွက်လောင်ခြင်းနှင့် ပိုးမွှားကျရောက်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် မနက်စောစော သို့မဟုတ် ညနေခင်း နေအေးချိန်များတွင်သာ (၇) ရက်မှ (၁၀) ရက်တစ်ကြိမ် စနစ်တကျ ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။
ဖျန်းမှာလား ကတွတ်ပေါက်ကနေ ထည့်မှာလား? ဆေးဖျန်းတစ်ပုံကို လက်ဖက်ရည်ပန်းကန် ၁ ခွက်ထည့်တယ်။
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
နှမ်းမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကူညီပေးလို့းမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးရောဂါရှာချင်လို့ပါဗျ
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
စပါးမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကိုကူညီပေးလို့ရမလားဗျ အပင်ရောဂါအတွက်ဓာတ်ခွဲခန်းမှာစမ်းသပ်ချင်လို့ပါဗျ
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို
Facebook က ကူးလာတာ။ ⬆️ ဒီနှစ်ထဲမှာ မှတ်မိသလောက် မတ်ပဲဈေးက သုံးကြိမ် တက်ထားပါတယ်။ ပဲသစ်ပေါ်ချိန်မှာ ပထမအကြိမ်၊ သင်္ကြန် မတိုင်ခင် ဒုတိယအကြိမ်နဲ့ ဇွန်၊ ဇူလိုင်မှာ တတိယအကြိမ်ဆိုပြီး သုံးကြိမ် တက်ထားပြီး မတ်ပဲဈေး အကျကနေ ပြန်တက်တိုင်းမှာ မြင့်သထက် မြင့်လာတာမျိုးပဲ တွေ့ရပါတယ်။ 🔺 (အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။) 👉 ဈေးတစ်ကြိမ် တက်ပြီးရင် နောက်တစ်ခါ ပြန်မတက်တော့ဘူးလို့ ထင်ရလောက်အောင် စိတ်ပျက်၊ လက်လျှော့ချင်စရာ ကောင်းလောက်အောင် ဈေးတန်းဝေ့လည်နေပြီးတော့မှ မထင်မှတ်တဲ့အချိန်မှာ ဝေါခနဲ၊ ဝုန်းခနဲ ဈေးတက်လာပြန်ပါတယ်။ ↗️ 👉 အခုတစ်ကြိမ်မှာလည်း မတ်ပဲဈေးဟာ ဇူလိုင်လထဲမှာ အမြင့်ဆုံး ရောက်ပြီးတဲ့နောက် ဈေးပြန်ကျလာပြီး သီတင်းပတ်အတော်ကြာ ဈေးတန်းလည်နေရာကနေ အခုဆိုရင် ဈေးအကျဘက်ကိုတောင် ရောက်လာပါတယ်။ 📈📉🤔 ✅ လက်ရှိမှာ မတ်ပဲဈေး ကျဆင်းလာတာ မှန်ပေမဲ့ ဟိုးအရင်လတွေက Raw သုံးတင်းကို သုံးထိပ်စီးတောင် မကွဲဘဲ နယ်တစ်တင်းဈေးလည်း ကျပ်တစ်သိန်း ရဖို့တောင် မနည်း ဆုတောင်းယူခဲ့ရတဲ့ အခြေအနေနဲ့ ယှဉ်ရင် အခုပေါက်ဈေးတွေက မဆိုးသေးဘူးလို့ ဆိုရမှာပါ။👍 📢 မြန်မာမတ်ပဲဈေးကွက်ဟာ အိန္ဒိယပေါ်မှာ မူတည်နေတယ် ဆိုပေမဲ့ ဒီကြားထဲမှာလည်း ဈေးကစားသူတွေရဲ့လက်ထဲမှာ အတက်အကျ ဖြစ်နိုင်တာကြောင့် မတတ်သာတော့ဘဲ ဈေးတိုးပေးတဲ့ကာလအထိ ဆက်လက် စောင့်စားရမယ့်သဘော ရှိနေပါတယ်။ 📊 ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် မတ်ပဲ၊ ပဲစဉ်းငုံတွေဟာ မိုးတွင်းကာလတလျှောက်မှာ ဈေးတက်တာ သိပ်မတွေ့ရဘဲ မိုးနှောင်းနဲ့ မိုးလွန်ကာလတွေ ရောက်မှသာ တက်ဈေး ဖြစ်လာတာ တွေ့ရတာကြောင့် Risk ယူပြီး စောင့်နိုင်သူတွေအဖို့ ဆက်စောင့်နိုင်ပြီး Risk မယူရဲ ၊ မယူနိုင်လို့ ဒီနေရာမှာပဲ ဖြတ်တော့မယ် ဆိုရင်လည်း မိမိသဘောသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။ 📢 🎯 မှတ်ချက် - အိန္ဒိယဘက်က မတ်ပဲ စိုက်ပျိုးထွက်ရှိမှု၊ တင်သွင်းမှု စတဲ့ သတင်းတွေကို ကျနော်တို့ 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 ကနေ အလျင်မပြတ် တင်ဆက်နေမှာဖြစ်လို့ စောင့်ကြည့်ဖို့ကိုလည်း မှာချင်ပါတယ်။ #မတ်ပဲ #မတ်ပဲဈေးကွက် #ပဲဈေးကွက် #Market_Beat See less
ဘက်တီးရီးယားလား စောပင်နာကျလားမခွဲခြားတတ်လို့ပါ ဘာမိူသတ်ဆေးဖျန်းရမလဲညွန်းပေးပါအုံးဗျ
စောပင်နာကျပါ။ အမဲစက်တွေရဲ့ အလယ်မှာ အရစ်ကွင်းတွေ ထနေပါတယ်။ ဒီကာလမှာ မိုးများလာပြီး စိုထိုင်းစ တက်လာလို့လည်း ပါပါတယ်။ အစိမ်းရောင်လမ်းက စိုက်ပျိုးမိုးလေဝသကို စစ်ပြီး မိုးဆက်တိုက်ရွာနေမယ် စိုထိုင်းစကလည်း ရောဂါကျရောက်နိုင်ခြေ လိုင်းထက် ဆက်တိုက်မြင့်နေမယ်ဆိုရင် သတိထားစောင့်ကြည့်သင်ပါတယ်။ စောပင်နာကျရောဂါအကြောင်းကို ဒီခေါင်းစဉ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့
ဆရာတို့ရေကျွန်တော်စပါးပင်ဒီလိုတွေဖြစ်နေလို့မှိုလားပိုးလားဗျအပင်နှုတ်ကြည့်တော့အမြစ်မှာပျပိုးလိုအကောင်တွေတွေ့တယ်ပိုးကြောင့်ဝါတာလားဗျဘာပိုးလဲပြောပေးပါအုံး
ဟိုနားတဝိုက်ဒီနားတဝိုက်ဝါနေတာပုံထဲကလိုအပင်ရဲ့အမြစ်ထဲမှာလဲပျပိုးလိုဖြတ်ပိုးလိုအကောင်တွေတွေ့တယ်တော်တော်များများဝါနေပီ
မန်ဒါလီဘဲ
မြေပဲခင်း အောက်ရွက်နေဝါနေလို့ ဘယ်လိုမှိုသတ်ဆေးသုံးပြုရမလဲဗျ မှိုသတ်ဆေးဖျန်းပြီး အားဆေး ဘယ်နှစ်ရက်ခြားမှဖျန်းသင့်လဲ?
ပုံပါမြေပဲပင်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ မှိုပိုးကြောင့်ဖြစ်သည့် 'စောပင်နာကျရောဂါ' (Early Leaf Spot) ဖြစ်ပါတယ်။ ရောဂါသက်သာစေရန် ဟက်ဆာကိုနာဇိုး (Hexaconazole) သို့မဟုတ် Azoxystrobin + Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ရွေးချယ်၍ ရောဂါပြင်းထန်မှုအပေါ် မူတည်ကာ ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် (အနည်းဆုံး ၂ ကြိမ်) ဖျန်းပေးရပါမည်။ ရောဂါကူးစက်ပျံ့နှံ့မှုရပ်တန့်သွားပါကအပင်သန်စွမ်းမှု ပြန်လည်ကောင်းမွန်စေရန်အတွက် အမိုင်နိုအက်ဆစ်ပါဝင်သော အားဆေးကို ၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် နှုန်းဖြင့် သမအောင် ရောစပ်ဖျန်းပေးနိုင်ပါတယ်။
ဒါ ဘာဖြစ်တာလဲဗျ အညွန့်တေမှာအ့လိုတွေ့ရလို့
ပုံပါ ခရမ်းချဉ်ပင်တွင် တွေ့ရသော လက္ခဏာမှာ ယင်ဖြူ စုပ်စားပိုးမှတစ်ဆင့် ကူးစပ်တတ်သည့် ခရမ်းချဉ် အဝါရောင်ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါ (Tomato Yellow Leaf Curl Virus - TYLCV) ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ အပင်၏ ထိပ်ဖျားအညွန့်များနှင့် အရွက်သစ်များ အပေါ်သို့ လိပ်တက်ခြင်း၊ အရွက်များ သေးငယ်ကျုံ့ဝင်ခြင်းနှင့် အပင်ကြီးထွားမှု ရပ်တန့်ကာ ခြင်းတို့မှာ ထင်ရှားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် တိုက်ရိုက်ကုသရန် ဆေးဝါးမရှိသဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များအရရောဂါရနေသောအပင်ကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရောဂါသယ်ဆောင်သည့် ယင်ဖြူများကို ကာကွယ်ရန် အဝါရောင် ကော်စေးထောင်ချောက်များ အသုံးပြုခြင်း သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid)၊ အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိပါတယ်ခင်ဗျာ
နှင်းဆီးအပင်ဖြစ်အောင်ဘယ်လိုလုပ်ရလည်း
အပင်ဖြစ်နှေးနေလို့
နှင်းဆီပင်ဖြစ်အောင်ပထမသန်မာတဲ့အောက်ခံပင်ပေါ်အဖူးမြှတ်မျိုးပွားထားသောအပင်ဖြစ်ရမယ်လေဝင်လေထွက်ကောင်းပြီ မြေသြဇာကောင်းသောမြေဖြစ်ပြီးတစ်လတခါသဘာဝမြေဆွေးကျွေးပေးပြီးnpk လည်းမှန်မှန်ကြွေးပေးပြီးထုံးဒတ္ထာဆေးမကြာခဏဖျန်းပေးရမယ်
စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်အကောင်းဆုံးဖြစ်နိုင်လဲ
အမြစ်နာတာ ဒါမဟုတ် ပြောင်းရွေ့ဒဏ်ကြောင့် အထနှေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ စပါးခင်းရဲ့ ရေကို ခပ်ပါးပါးပဲ ထားပေးပါ။ အပင်အထမြန်စေရန်အတွက် ငါးအမိုင်နိုအက်စစ်လိုမျိုး ဖြန်းပေးပါ။
မတ်ပဲပဲတီစိမ်းနဲ့ပဲပုတ်ပြန်စိုက်မှာပါခင်ဗျအထွတ်တိုးအောင်ဘာတွေလုပ်ဆောင်သင့်လည်းဗျ
အာလူးယခုလက်ရှိတောင်သူတွေအသုံးပြုစိုက်ပျိုးနေတဲ့ မျိုးသစ်နဲ့တောင်သူတွေအကြိုက်များတဲ့မျိုးတွေရှိရင်ပြောပြပေးပါဦးရှင့် ပြီးတော့တစ်ဧကအထွက်နှုန်းနဲ့ လက်တွေ့ကျင့်သုံးစိုက်ပျိုးနေတဲ့စိုက်နည်းစနစ်လေးတွေလဲသိချင်ပါတယ်ရှင့်
မျိုးအာလူးများကို နယ်သလန် နိုင်ငံ/မှ တင်သွင်းပြီး ကလောမြို့နယ် ဟဲဟိုးခြိမ့်ဝှမ်း စိုက်ခင်းမှာ စိုက်ပျိုးတဲ့ မားကီစ်းမျိုး ကားရိုးလပ်စ်မျိုးနှင့် အိန်ဒိယ နိုင်ငံမှတင်သွင်ပြီးစိုက်ပျိုးသည့် ကူဖရီ ဂျုတီ ပွင့်ဖြူအာလူးမျိုး ကို စိုက်ပျိုးကြပါတယ် ၁ဧက ရဲ့ အထွက်နုန်းကတော့ ၆၀၀၀-ပိသာ/၁၀၀၀၀ ပိသာ ထွက်ရှိပါတယ် ၁-မျိုးကောင်းမျိုးန့် ၂-စိုက်ပျိုးရန် သင့်တော်သောမြေ ၃-ထယ်ရေး နက်နက်/ထွန်ရေး ညက်ဖို့လိုအပ်ပါသည် ၄-ရေပေးဝေမူ့စနစ် မှန်ကန်ရပါမည် ၅-လိုအပ်သောအပင်ပြုစုပါ ၆-စနစ်တကျ ရိတ်သိမ်း/သိုလှောင် ပါ
စိုက်ပျိုးနည်း မျိုးနှုန်း မိုး အာလူး (ယာမြေ)- ၆၅၀ ပိဿ ရေ (အာလူး) - ၆၀၀ ပိဿ ဆောင်း အာလူး - ၇၀၀ ပိဿ မြေသြဇာနှုန်း တစ်ဧကနှုန်း သဘာဝ မြေသြဇာ- နွားလှည်း - ( ၂၀-၃၀) စီး ယူရီးယား (၅၀) ကီလိုဝင် - (၂) အိတ် တီစူပါ (၅၀) ကီလိုဝင် - (၃) အိတ် ပိုတက်ရှ် (၅၀) ကီလိုဝင် - (၂) အိတ် စိုက်ပျိုးချိန် မိုး အာလူး (မတ်၊ ဧပြီ၊ မေ၊ ဇွန်) ရေ အာလူး (ဇန်နဝါရီ၊ ဖေဖော်ဝါရီ) စက အာလူး (ဇူလိုင်၊ သြဂုတ်) ဆောင်း အာလူး (အောက်တိုဘာလ၊ နိုဝင်ဘာ) မြေပြုပြင်ခြင်း ထယ်ရေး (၈) လက်မ အနက်ရရန် ထယ် (၁-၂) စပ် ထိုးပေးရသည်။ ထို့နောက် ထွန် (၆-၈) စပ် အထိ မွှမွှပေးပြီး ပေါင်းမြက် ကုန်စင်အောင် ကောက်ရမည်။ နောက်ဆုံး မြေပြင်ပြီး ကြမ်းတုံးရိုက်၍ မြေသိပ်ထားရသည်။ စိုက်ပျိုးခြင်း ရှမ်းပြည်နယ်တွင် ရေသွင်း စိုက်ပျိုးခြင်း (ရေအာလူး) နှင့် ကုန်းတွင်း စိုက်ပျိုးခြင်း (မိုးအာလူး) ဟူ၍ စိုက်ပျိုးကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ကျွန်းမြေနှင့် သဲချောင်းများ၌ စိုက်ပျိုးလေ့ ရှိကြသည်။ မျိုးရွေးချယ်ရာတွင် အပုပ်အနာ ကင်းသောမျိုး၊ မျက်စိတိမ်၍ မျက်စိနည်းသောမျိုးကို ရွေးချယ်ရမည်။ အလုံးလိုက်သော်လည်းကောင်း၊ ခွဲစိတ်၍ သော်လည်းကောင်း စိုက်ပျိုးကြသည်။ မျိုးအာလူး (၁၀၀) ကီလိုဂရမ် (၆၂ ပိဿ) ကို ဟိုမိုင်း (Homai 80 WP)- ဝ.၂ ကီလိုဂရမ်နှုန်း လူးနယ် စိုက်ပျိုးရပါမည်။ တန်းကြား (၂.၅-၃)ပေ၊ ပင်ကြား (၆-၉) လက်မခြား၍ စိုက်ပျိုးပါ။ တစ်ဧကတွင် (၂၅၀၀၀-၃၅၀၀၀) အပင်ဦးရေ ရရှိရန် စိုက်ပျိုးပါ။ စိုက်ပျိုးချိန်တွင် ယူရီးယား (၁) အိတ်၊ တီစူပါ (၃) အိတ်၊ ပိုတက်ရှ် (၁) အိတ်ကို လည်းကောင်း၊ ကျန်ယူရီးယား (၁) အိတ်နှင့် ပိုတက်ရှ် (၁) အိတ်ကို ရော၍ အပင်ပေါက်ပြီး (၁၅) ရက်နှင့် တစ်လအတွင်း (၂) ကြိမ် ခွဲထည့်ပေးပါ။ အပင်ပြုစုနည်း ဟဲဟိုးချိုင့်ဝှမ်းတွင်သာ စိုက်ပျိုးလေ့ရှိသည့် ရေအာလူး (ဆောင်းအာလူး) စိုက်ပျိုးရာတွင် စိုက်ပြီး (၄၅) ရက်သားတွင် (၁) ကြိမ်၊ ရက် (၆၀) သားတွင် (၁) ကြိမ် မဖြစ်မနေ ရေပေးသွင်းရမည်။ ရေမသွင်းမီ ကြားပေါင်းလိုက်ခြင်း၊ ယူရီးယား ဓာတ်မြေသြဇာ ကျွေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်းတို့ကို တစ်ပြိုင်နက် ဆောင်ရွက်ပြီး ဘောင်တင်ပေးရမည်။ ကုန်းအာလူးကို တောင်စောင်း၊ ဆင်ခြေလျှောများတွင် မိုးရေကို အားထား၍ စိုက်ပျိုးသည်။ စိုက်ပြီး (၃၀) ရက်သားတွင် ပေါင်းလိုက်ပေးရမည်။ တစ်လ (၂) ကြိမ်ခန့် ပေါင်းလိုက်ပေးနိုင်လျှင် ပိုကောင်းပါသည်။ ဆောင်းအာလူးကို မြစ်ဝကျွန်းပေါ် ဒေသ မြစ်ကမ်းပါး သောင်ပြင်များတွင် မြစ်ရေကျချိန် နုန်းတင်မြေနုများ၌ စိုက်ပျိုးခြင်း ဖြစ်သည်။ မြေဆီသြဇာ ထက်သန်သဖြင့် ယူရီးယားကို အနည်းငယ်သာ ကြဲပက်ပေးရန် လိုပြီး စိုက်ပြီး (၄၅) ရက်သားတွင် တစ်ကြိမ်၊ ရက် (၆၀) တွင် တစ်ကြိမ် ကြဲပက်ပေးရမည်။ ရေသွင်းခြင်း လုပ်ငန်း လုံးဝ ဆောင်ရွက်ရန် မလိုပါ။ ပိုးမွှားရောဂါ ကာကွယ်ခြင်း အဓိကကျသော ပိုးမှာ ပင်ဖြတ်ပိုး (cut worm) နှင့် နှစ်ဆယ့်ရှစ်ပြောက်ကျိုင်း (28 spotted beetle) တို့ဖြစ်ပြီး၊ အာလူး သိုလှောင်ထားစဉ် အာလူးဥထိုးဖလံ (Tuber Moth) ကျရောက် ဖျက်ဆီးပါသည်။ ပင်ဖြတ်ပိုး ကာကွယ်ရန် ရီးဂျင့်( Regent 3 G)ကို တစ်ဧက (၃) ကီလိုခန့် (သို့) ဒိုင်ယာဇီနွန် (10G) (သို့) ဘာဆူဒင်ဆေး တစ်ဧကဆေး တစ်ဧကလျှင် (၃-၄) ကီလို (သို့) ဖျူရာဒန် (Furadan 3G) တစ်ဧက (၅) ကီလိုခန့် မစိုက်ခင် မြေကြီးထဲသို့ ထည့်သွင်း စိုက်ပျိုးပါ။ နှစ်ဆယ့် ရှစ်ပြောက်ကျိုင်းကို ကာကွယ်ရန် ဒီစစ်၊ ဒိုင်ယာဇီနွန်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပါ။ အဓိကကျသော ရောဂါများမှာ အာလူးနှောင်းပင်နာကျနှင့် စောပင်နာကျ ရောဂါတို့ဖြစ်ပြီး ရီဒိုမေးလ်၊ ဒက်ကိုနေးလ်၊ ဒိုင်သိမ်း (အမ်) ၄၅ မှိုသတ်ဆေးများဖြင့် ကာကွယ် နှိမ်နင်းပါ။ တူးဖော်ခြင်း စိုက်ပြီး (၃-၄) လအတွင်း အပင်များ ခြောက်သွေ့လာချိန်တွင် တူးဖော်ရသည်။ ပေါက်ပြားဖြင့် လည်းကောင်း၊ ကြောင်းလိုက် ထယ်ထိုး၍ လည်းကောင်း တူးပြီး လက်ဖြင့် ကောက်ယူရပါ။
လက်ရှိမှာတော့ Up to Date, Kufrijyoti, CIP- 24, Altantic မျိုးများကို လက်ရှိ အများအပြား စိုက်ပျိုးလျက် ရှိသည်။ ၁၉၉၅-၉၆ ခုနစ်၊ စိုက်ပျိုးရာသီမှ စတင်၍ အပင်တစ်သျှူး မျိုးပွားနည်းဖြင့် ရရှိသော LKP မျိုး (၄) မျိုး၊ ပါကစ္စတန် အာလူးမျိုး (၇) မျိုး နှင့် နယ်သာလန်မျိုး (၁) မျိုး တင်သွင်း စမ်းသပ် စိုက်ပျိုးခဲ့ပါသည်။ အခုနောက်ပိုင်းမှာတော့ နယ်သာလန်မျိုးကိုတောင်သူတွေအစိုက်များလာကြတယ်လို့သိရပါတယ်။ အထွက်နှုန်းကတော့ မျိုးပေါ် မူတည်၍ မျိုးနှုန်းပမာဏ၏ (၅-၁၀) အထိ ထွက်ရှိနိုင်သဖြင့် အထွက် ပိဿ (၃၀၀၀-၇၀၀၀) ထိ ထွက်ရှိနိုင်ပါတယ်။
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ