ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး
ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
ရေဆင်း၊စိုက်ပျိုးရေးသုတေသနမှာ စုံစမ်းမှာယူပါ။
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
ပုံပါစပါးပင်သည် ပိုတက်ဆီယမ် (K) ချို့တဲ့ခြင်း ဖြစ်ပါတယ်။ပိုတက်ဆီယမ် ချို့တဲ့တာ သေချာတယ်ဆိုရင်တော့ တစ်ဧကကို ပိုတက်ရှ် (MOP) မြေသြဇာ ၆ ပိဿာကနေ ၁၀ ပိဿာခန့်အထိ မြေပြင်မှာ ကျွေးပေးရမှာဖြစ်ပြီး၊ အပင်က ချက်ချင်းစုပ်ယူနိုင်ဖို့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားတဲ့ ရွက်ဖျန်းမြေသြဇာ (ဥပမာ - ၁၃:၀:၄၆) ကိုလည်း ပက်ဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ ပိုတက်ရှ် (MOP)မရပါက 15:15:15 ကွန်ပေါင်းမြေဩဇာအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ မြေဩဇာကျွေးရာတွင် အပင်မှ အဟာရစုပ်ယူနိုင်ရန်အတွက် ရေရှိဖို့တော့လိုပါမယ်ခင်ဗျာ။
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
ဧရာပဒေသာစပါး ဒုတိယအကြိမ် မြေသြဇာကျွေးရာတွင် ၁၅:၁၅:၁၅ ကွန်ပေါင်းမြေသြဇာ တစ်မျိုးတည်းကိုသာ သီးသန့်ကျွေးရန် လိုအပ်ပြီး ပုလဲ (ယူရီးယား) ထပ်မံရောစပ်ရန် မလိုပါဘူး။ ပထမအကြိမ်တွင် ၁၆:၁၆:၁၆ နှင့် ပုလဲတွဲကျွေးထားသဖြင့် နိုက်ထရိုဂျင်ဓာတ် ပြည့်ဝနေပြီဖြစ်ကာ နိုက်ထရိုဂျင် ထပ်များပါက အပင်လဲခြင်းနှင့် ပိုးမွှားကျခြင်းတို့ ဖြစ်နိုင်ပါတယ်။ စပါးပင်ပွားနည်းသော ပြဿနာအတွက် စိတ်မပူဘဲ လက်ရှိတွင် ၁၅:၁၅:၁၅ ဖြင့် အပင်သန်မာအောင်လုပ်ပြီး၊ နောက်ထပ် သက်တမ်း ၇၀-၇၅ ရက် (အနှံသန္ဓေတည်ချိန်) ရောက်မှသာ ပုလဲနှင့် ပိုတက်စီယမ်မြေသြဇာကို တွဲဖက်၍ တတိယအကြိမ်အဖြစ် အားဖြည့်ကျွေးပေးသင့်ပါတယ်။
ကျေးဇူးပါဆရာ
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
ဖျန်းမှာလား ကတွတ်ပေါက်ကနေ ထည့်မှာလား? ဆေးဖျန်းတစ်ပုံကို လက်ဖက်ရည်ပန်းကန် ၁ ခွက်ထည့်တယ်။
စပါးခင်းတွင် အိမ်တွင်းပြုလုပ် ငါးအမိုင်နိုအက်စစ် (FAA) ကို ရွက်ဖြန်းအားဆေးအဖြစ် အသုံးပြုရာ၌ အခြေခံအချိုးအစားမှာ ဆေးရည် (၁) ဆ လျှင် ရေ (၁၀၀၀) ဆ (1:1000 Ratio) ဖြစ်ပါတယ်။ ထို့ကြောင့် ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ငါးအမိုင်နိုအက်စစ်ရည် ၂၀စီစီ(ဟင်းစားဇွန်း ၂ ဇွန်းခန့်) နှုန်းဖြင့် အတိအကျ ရောစပ်အသုံးပြုရပါမယ်။ ဤသဘာဝအားဆေးသည် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသဖြင့် စပါးပင်ပိုင်းကြီးထွားမှုနှင့် အပင်ပွားနှုန်းကို အထူးကောင်းမွန်စေသော်လည်း နှုန်းထားထက် ပိုမိုသုံးစွဲပါက အရွက်လောင်ခြင်းနှင့် ပိုးမွှားကျရောက်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် မနက်စောစော သို့မဟုတ် ညနေခင်း နေအေးချိန်များတွင်သာ (၇) ရက်မှ (၁၀) ရက်တစ်ကြိမ် စနစ်တကျ ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
မိမိတို့မြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ပြီးအကူအညီရယူပါ။ ရုံးမှတဆင့် ဓာတ်ခွဲခန်းကိုယူပြီးစမ်းသပ်ပေးပါလိမ့်မယ်။
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
နှမ်းမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကူညီပေးလို့းမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးရောဂါရှာချင်လို့ပါဗျ
မိမိတို့မြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ပြီးအကူအညီရယူပါ။ ရုံးမှတဆင့် ဓာတ်ခွဲခန်းကိုယူပြီးစမ်းသပ်ပေးပါလိမ့်မယ်။
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
စပါးမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကိုကူညီပေးလို့ရမလားဗျ အပင်ရောဂါအတွက်ဓာတ်ခွဲခန်းမှာစမ်းသပ်ချင်လို့ပါဗျ
မိမိတို့မြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ပြီးအကူအညီရယူပါ။ ရုံးမှတဆင့် ဓာတ်ခွဲခန်းကိုယူပြီးစမ်းသပ်ပေးပါလိမ့်မယ်။
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို
Facebook က ကူးလာတာ။ ⬆️ ဒီနှစ်ထဲမှာ မှတ်မိသလောက် မတ်ပဲဈေးက သုံးကြိမ် တက်ထားပါတယ်။ ပဲသစ်ပေါ်ချိန်မှာ ပထမအကြိမ်၊ သင်္ကြန် မတိုင်ခင် ဒုတိယအကြိမ်နဲ့ ဇွန်၊ ဇူလိုင်မှာ တတိယအကြိမ်ဆိုပြီး သုံးကြိမ် တက်ထားပြီး မတ်ပဲဈေး အကျကနေ ပြန်တက်တိုင်းမှာ မြင့်သထက် မြင့်လာတာမျိုးပဲ တွေ့ရပါတယ်။ 🔺 (အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။) 👉 ဈေးတစ်ကြိမ် တက်ပြီးရင် နောက်တစ်ခါ ပြန်မတက်တော့ဘူးလို့ ထင်ရလောက်အောင် စိတ်ပျက်၊ လက်လျှော့ချင်စရာ ကောင်းလောက်အောင် ဈေးတန်းဝေ့လည်နေပြီးတော့မှ မထင်မှတ်တဲ့အချိန်မှာ ဝေါခနဲ၊ ဝုန်းခနဲ ဈေးတက်လာပြန်ပါတယ်။ ↗️ 👉 အခုတစ်ကြိမ်မှာလည်း မတ်ပဲဈေးဟာ ဇူလိုင်လထဲမှာ အမြင့်ဆုံး ရောက်ပြီးတဲ့နောက် ဈေးပြန်ကျလာပြီး သီတင်းပတ်အတော်ကြာ ဈေးတန်းလည်နေရာကနေ အခုဆိုရင် ဈေးအကျဘက်ကိုတောင် ရောက်လာပါတယ်။ 📈📉🤔 ✅ လက်ရှိမှာ မတ်ပဲဈေး ကျဆင်းလာတာ မှန်ပေမဲ့ ဟိုးအရင်လတွေက Raw သုံးတင်းကို သုံးထိပ်စီးတောင် မကွဲဘဲ နယ်တစ်တင်းဈေးလည်း ကျပ်တစ်သိန်း ရဖို့တောင် မနည်း ဆုတောင်းယူခဲ့ရတဲ့ အခြေအနေနဲ့ ယှဉ်ရင် အခုပေါက်ဈေးတွေက မဆိုးသေးဘူးလို့ ဆိုရမှာပါ။👍 📢 မြန်မာမတ်ပဲဈေးကွက်ဟာ အိန္ဒိယပေါ်မှာ မူတည်နေတယ် ဆိုပေမဲ့ ဒီကြားထဲမှာလည်း ဈေးကစားသူတွေရဲ့လက်ထဲမှာ အတက်အကျ ဖြစ်နိုင်တာကြောင့် မတတ်သာတော့ဘဲ ဈေးတိုးပေးတဲ့ကာလအထိ ဆက်လက် စောင့်စားရမယ့်သဘော ရှိနေပါတယ်။ 📊 ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် မတ်ပဲ၊ ပဲစဉ်းငုံတွေဟာ မိုးတွင်းကာလတလျှောက်မှာ ဈေးတက်တာ သိပ်မတွေ့ရဘဲ မိုးနှောင်းနဲ့ မိုးလွန်ကာလတွေ ရောက်မှသာ တက်ဈေး ဖြစ်လာတာ တွေ့ရတာကြောင့် Risk ယူပြီး စောင့်နိုင်သူတွေအဖို့ ဆက်စောင့်နိုင်ပြီး Risk မယူရဲ ၊ မယူနိုင်လို့ ဒီနေရာမှာပဲ ဖြတ်တော့မယ် ဆိုရင်လည်း မိမိသဘောသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။ 📢 🎯 မှတ်ချက် - အိန္ဒိယဘက်က မတ်ပဲ စိုက်ပျိုးထွက်ရှိမှု၊ တင်သွင်းမှု စတဲ့ သတင်းတွေကို ကျနော်တို့ 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 ကနေ အလျင်မပြတ် တင်ဆက်နေမှာဖြစ်လို့ စောင့်ကြည့်ဖို့ကိုလည်း မှာချင်ပါတယ်။ #မတ်ပဲ #မတ်ပဲဈေးကွက် #ပဲဈေးကွက် #Market_Beat See less
ဘက်တီးရီးယားလား စောပင်နာကျလားမခွဲခြားတတ်လို့ပါ ဘာမိူသတ်ဆေးဖျန်းရမလဲညွန်းပေးပါအုံးဗျ
စောပင်နာကျပါ။ အမဲစက်တွေရဲ့ အလယ်မှာ အရစ်ကွင်းတွေ ထနေပါတယ်။ ဒီကာလမှာ မိုးများလာပြီး စိုထိုင်းစ တက်လာလို့လည်း ပါပါတယ်။ အစိမ်းရောင်လမ်းက စိုက်ပျိုးမိုးလေဝသကို စစ်ပြီး မိုးဆက်တိုက်ရွာနေမယ် စိုထိုင်းစကလည်း ရောဂါကျရောက်နိုင်ခြေ လိုင်းထက် ဆက်တိုက်မြင့်နေမယ်ဆိုရင် သတိထားစောင့်ကြည့်သင်ပါတယ်။ စောပင်နာကျရောဂါအကြောင်းကို ဒီခေါင်းစဉ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့
ဆရာတို့ရေကျွန်တော်စပါးပင်ဒီလိုတွေဖြစ်နေလို့မှိုလားပိုးလားဗျအပင်နှုတ်ကြည့်တော့အမြစ်မှာပျပိုးလိုအကောင်တွေတွေ့တယ်ပိုးကြောင့်ဝါတာလားဗျဘာပိုးလဲပြောပေးပါအုံး
ဟိုနားတဝိုက်ဒီနားတဝိုက်ဝါနေတာပုံထဲကလိုအပင်ရဲ့အမြစ်ထဲမှာလဲပျပိုးလိုဖြတ်ပိုးလိုအကောင်တွေတွေ့တယ်တော်တော်များများဝါနေပီ
မန်ဒါလီဘဲ
မြေပဲခင်း အောက်ရွက်နေဝါနေလို့ ဘယ်လိုမှိုသတ်ဆေးသုံးပြုရမလဲဗျ မှိုသတ်ဆေးဖျန်းပြီး အားဆေး ဘယ်နှစ်ရက်ခြားမှဖျန်းသင့်လဲ?
ပုံပါမြေပဲပင်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ မှိုပိုးကြောင့်ဖြစ်သည့် 'စောပင်နာကျရောဂါ' (Early Leaf Spot) ဖြစ်ပါတယ်။ ရောဂါသက်သာစေရန် ဟက်ဆာကိုနာဇိုး (Hexaconazole) သို့မဟုတ် Azoxystrobin + Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ရွေးချယ်၍ ရောဂါပြင်းထန်မှုအပေါ် မူတည်ကာ ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် (အနည်းဆုံး ၂ ကြိမ်) ဖျန်းပေးရပါမည်။ ရောဂါကူးစက်ပျံ့နှံ့မှုရပ်တန့်သွားပါကအပင်သန်စွမ်းမှု ပြန်လည်ကောင်းမွန်စေရန်အတွက် အမိုင်နိုအက်ဆစ်ပါဝင်သော အားဆေးကို ၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် နှုန်းဖြင့် သမအောင် ရောစပ်ဖျန်းပေးနိုင်ပါတယ်။
ဒါ ဘာဖြစ်တာလဲဗျ အညွန့်တေမှာအ့လိုတွေ့ရလို့
ပုံပါ ခရမ်းချဉ်ပင်တွင် တွေ့ရသော လက္ခဏာမှာ ယင်ဖြူ စုပ်စားပိုးမှတစ်ဆင့် ကူးစပ်တတ်သည့် ခရမ်းချဉ် အဝါရောင်ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါ (Tomato Yellow Leaf Curl Virus - TYLCV) ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ အပင်၏ ထိပ်ဖျားအညွန့်များနှင့် အရွက်သစ်များ အပေါ်သို့ လိပ်တက်ခြင်း၊ အရွက်များ သေးငယ်ကျုံ့ဝင်ခြင်းနှင့် အပင်ကြီးထွားမှု ရပ်တန့်ကာ ခြင်းတို့မှာ ထင်ရှားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် တိုက်ရိုက်ကုသရန် ဆေးဝါးမရှိသဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များအရရောဂါရနေသောအပင်ကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရောဂါသယ်ဆောင်သည့် ယင်ဖြူများကို ကာကွယ်ရန် အဝါရောင် ကော်စေးထောင်ချောက်များ အသုံးပြုခြင်း သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid)၊ အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိပါတယ်ခင်ဗျာ
နှင်းဆီးအပင်ဖြစ်အောင်ဘယ်လိုလုပ်ရလည်း
အပင်ဖြစ်နှေးနေလို့
နှင်းဆီပင်ဖြစ်အောင်ပထမသန်မာတဲ့အောက်ခံပင်ပေါ်အဖူးမြှတ်မျိုးပွားထားသောအပင်ဖြစ်ရမယ်လေဝင်လေထွက်ကောင်းပြီ မြေသြဇာကောင်းသောမြေဖြစ်ပြီးတစ်လတခါသဘာဝမြေဆွေးကျွေးပေးပြီးnpk လည်းမှန်မှန်ကြွေးပေးပြီးထုံးဒတ္ထာဆေးမကြာခဏဖျန်းပေးရမယ်
မေးခွန်း
နှမ်းရေသွင်းထရေးအကြောင်းလေးဘယ်လိုလုပ်ရတာလဲအလင်းပေးပါအုန်းဆရာတို့
  ရေသွင်းနှမ်း အထွက်တိုးစိုက်နည်းပညာ  🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿 ✔️မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများအနက် နှမ်းသည် စိုက်ဧကအများဆုံးဖြစ်သည်။ ဆီထွက်သီးနှံစုစုပေါင်း စိုက်ဧက၏ ၅၁.၃ ရာခိုင်နှုန်းရှိသည်။ နှမ်းကို အထွက်တိုးအောင် ဆောင်ရွက်နိုင်လျှင် စားသုံးဆီအတွက် ရတက်အေးရမည်။နှမ်းကို နှမ်းကြီး၊ နှမ်းလျင် ခွဲထားသည်။ စိုက်ချိန်ပေါ်မူတည်၍ မိုးနှမ်း၊ ဆောင်းနှမ်း၊ မိုးကြိုရေသွင်းနှမ်း ဟုလည်းခွဲခြားထားသည်။ ဒေသအလိုက်၊ မြေအမျိုးအစားအလိုက် စနစ်အမျိုးမျိုးဖြင့် မြေယာပြုပြင် ထွန်ယက် စိုက်ပျိုးကြသည်ကို တွေ့ရသည်။ မည်သည့်စနစ်ဖြင့်စိုက်စိုက်အပင်၏ဇီဝကမ္မ ဖြစ်စဉ်အရ အထွက်တိုးအောင် ပြုစုစောင့်ရှောက်ရမည့် သဘောတရား အတူတူပင်ဖြစ်သည်။ ✔️နှမ်းတစ်ဧက တင်း ၂၀ ကျော်ထွက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်နိုင်ရန် ကောင်းမွန်သည့်မြေ၊ အထွက်နှုန်းကောင်းသည့်မျိုး၊ မှန်ကန်သောစိုက်စနစ်များဖြစ်ရန် အဓိကအရေးကြီးသည်။ လယ်မြေ၊ နုန်းမြေ၊ နုန်းသမမြေ၊ သဲနုန်းမြေ၊ ကိုင်းကျွန်းမြေများတွင်နှမ်းအထွက် ကောင်းသည်။ မြေချဉ်ငန်ဓာတ် (၅ .၅ မှ ၈) အတွင်း နှစ်သက်သည်။ရေဝပ်သောမြေကို မကြိုက်ပေ။မျိုးအနေဖြင့် ဆင်းရတနာ ၃၊ ၄၊ ၅ စသည့်မျိုးများသည် အထွက်ကောင်း၍ စိတ်ချရသည်။ တစ်ဧကအပင်တစ်သိန်းပြည့်စေရန် အပင်ပေါက်ကောင်းပြီး မျိုးသန့်ရန်လိုအပ်သည်။ မိုးကြိုရေသွင်းနှမ်းစိုက်ပျိုး လျှင် တစ်ပင်တိုင်နှမ်းမျိုးကို စိုက်ပျိုးသင့်သည်။ ✔️စိုက်စနစ်အနေဖြင့် တစ်ဧက အပင်တစ်သိန်းရအောင် အပင်ပေါက် ၈၀ ရာခိုင်နှုန်းကျော်ရှိသည့်မျိုးကို စိုက်ရမည်။ ဒုတိယအချက် အပင်ပေါက်စုံစေရန် အစိုဓာတ်မိအောင် စိုက်ပျိုးရန်လိုအပ်သည်။ နှမ်းသည် စိုက်ပြီးလျှင် ( ၂၀- ၃၀) ရာခိုင်နှုန်း အပင်သေ အပင်ပျောက်ရှိသည်။ အပင်တစ်သိန်းတင်းတင်းကျန် အောင် စိုက်ချိန်ကတည်းက မျိုးကိုကာမိအောင် အသုံးပြုလေ့ရှိကြသည်။ လယ်သမားကြီးများက “ထူမမှား-ပါးမရ“ဆိုပြီး စိုက်စဉ်ကတည်းက ထူထူကြဲပြီး အပင်ပေါက်လာမှသာ လူဖြင့်လက်ကြားခွဲခြင်း၊ထွန်ဖြင့် ထွန်စိပ်တိုက်၍ မှုန်းပစ်ခြင်းများပြုလုပ်ကြသည်။ အပင်တစ်သိန်းထက်လျော့လျှင်အထွက်လည်းလျော့သွားသည်။ ✔️မိုးကြိုရေသွင်းနှမ်း စိုက်ပျိုးရန်မိုးစပါးကို အောက်ခြေပြတ်ရိတ်ရမည်။ သို့မဟုတ်လျှင် ရိုးပြတ်ကို မီးရှို့ ရမည်။အချို့ ရေရနိုင်သည့် ယာမြေများတွင်လည်း ရေသွင်းနှမ်း စိုက်ပျိုးကြသည်ကို တွေ့ရသည်။ မြေယာမပြုပြင်မီ နွားချေးလှည်း၁၀ စီးခန့် နေရာနှံ့အောင်ချပြီး နွားထယ် (သို့) ထွန်စက်ကြီးဖြင့် ထယ်ရေးနှစ်စပ်ထိုးရမည်။ ထယ်စာထိပ်ခေါင်းဖွေးသည်အထိ မြေလှန်ထားရမည်။ဇန်နဝါရီ တတိယပတ် အအေးဓာတ်ပေါ့သွားချိန်တွင် တစ်ဧက ယူရီးယား ၈၄ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်၊ဂျစ်ပဆန် တို့ကို မိုးနှောင်းထယ်ရေးပြင်ထားသော အကွက်ထယ်စာခဲကြားသို့ညီညာအောင် ကြဲပက်ရ မည်။ ၎င်းအကွက်ထဲသို့ အပေါ်ရေနှင့်အောက် အစိုဓာတ်ဆက်မိစေရန် ထယ်စာခဲမြုပ်သည်အထိရေသွင်း ပေးရမည်။ ထယ်စာထိပ်ခေါင်းဖွေးသည်အထိ နေလှန်းအခြောက်ပြန်ခံရမည်။ ✔️အစိုဓာတ်အနေတော်ပါက ထယ်ရေးနက်နက် ညက်ညက်ရရန်နှင့် မြေသားသိပ်သည်းကျစ်လျစ်ပြီး အပေါ်မြေလွှာနှင့် အောက်မြေလွှာ ဆက်စပ်မိစေရန် ထယ်ထိုးလိုက်၊ ထွန်မွှေလိုက် တလိမ့်ကျမ်းတုံးဖြင့် ပြန်အုပ်ပေးလိုက် သုံးကြိမ်ခန့် ပြုလုပ်ပေးရမည်။ နောက်ဆုံးအကြိမ် တလိမ့်ကျမ်းတုံးဖြင့်အုပ်ပြီး ညနေပိုင်းတွင် အသွားတို၊ အသွားသေးထွန်နှင့် တစ်တန်းနှင့်တစ်တန်း ၁၂ လက်မခြားစိုက်ကြောင်း ဆွဲပေးရမည်။ စိုက်ကြောင်းအနက်ကို တစ်လက်မမှတစ်လက်မခွဲခန့်ရှိအောင် ဂရုစိုက်ရမည်။
ကျေးဇူး တင်ပါတယ် ခင်ဗျာ
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။