အစိမ်းရောင်လမ်း
4
လွန်ခဲ့သော ၁ နာရီ က · ဓနုဖြူ

ဆရာကြီး‌ဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။

အပင်အာဟာရ စပါး
အတည်ပြုပြီး 1,101,669 လွန်ခဲ့သော ၄၇ မိနစ် က

ရေဆင်း၊စိုက်ပျိုးရေးသုတေသနမှာ စုံစမ်းမှာယူပါ။

You
225
လွန်ခဲ့သော ၂ နာရီ က · နောင်ချို

ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
266,255 လွန်ခဲ့သော ၂ နာရီ က

ပုံပါစပါးပင်သည် ပိုတက်ဆီယမ် (K) ချို့တဲ့ခြင်း ဖြစ်ပါတယ်။ပိုတက်ဆီယမ် ချို့တဲ့တာ သေချာတယ်ဆိုရင်တော့ တစ်ဧကကို ပိုတက်ရှ် (MOP) မြေသြဇာ ၆ ပိဿာကနေ ၁၀ ပိဿာခန့်အထိ မြေပြင်မှာ ကျွေးပေးရမှာဖြစ်ပြီး၊ အပင်က ချက်ချင်းစုပ်ယူနိုင်ဖို့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားတဲ့ ရွက်ဖျန်းမြေသြဇာ (ဥပမာ - ၁၃:၀:၄၆) ကိုလည်း ပက်ဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ ပိုတက်ရှ် (MOP)မရပါက 15:15:15 ကွန်ပေါင်းမြေဩဇာအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ မြေဩဇာကျွေးရာတွင် အပင်မှ အဟာရစုပ်ယူနိုင်ရန်အတွက် ရေရှိဖို့တော့လိုပါမယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
1,352
လွန်ခဲ့သော ၇ နာရီ က · ပွင့်ဖြူ

ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ

အပင်အာဟာရ စပါး
Post image
Post image
Post image
266,255 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဧရာပဒေသာစပါး ဒုတိယအကြိမ် မြေသြဇာကျွေးရာတွင် ၁၅:၁၅:၁၅ ကွန်ပေါင်းမြေသြဇာ တစ်မျိုးတည်းကိုသာ သီးသန့်ကျွေးရန် လိုအပ်ပြီး ပုလဲ (ယူရီးယား) ထပ်မံရောစပ်ရန် မလိုပါဘူး။ ပထမအကြိမ်တွင် ၁၆:၁၆:၁၆ နှင့် ပုလဲတွဲကျွေးထားသဖြင့် နိုက်ထရိုဂျင်ဓာတ် ပြည့်ဝနေပြီဖြစ်ကာ နိုက်ထရိုဂျင် ထပ်များပါက အပင်လဲခြင်းနှင့် ပိုးမွှားကျခြင်းတို့ ဖြစ်နိုင်ပါတယ်။ စပါးပင်ပွားနည်းသော ပြဿနာအတွက် စိတ်မပူဘဲ လက်ရှိတွင် ၁၅:၁၅:၁၅ ဖြင့် အပင်သန်မာအောင်လုပ်ပြီး၊ နောက်ထပ် သက်တမ်း ၇၀-၇၅ ရက် (အနှံသန္ဓေတည်ချိန်) ရောက်မှသာ ပုလဲနှင့် ပိုတက်စီယမ်မြေသြဇာကို တွဲဖက်၍ တတိယအကြိမ်အဖြစ် အားဖြည့်ကျွေးပေးသင့်ပါတယ်။

1,352 လွန်ခဲ့သော ၁ နာရီ က

ကျေးဇူးပါဆရာ

You
256
လွန်ခဲ့သော ၇ နာရီ က · နတ္တလင်း

အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ

အပင်အာဟာရ စပါး
266,255 လွန်ခဲ့သော ၅ နာရီ က

စပါးခင်းတွင် အိမ်တွင်းပြုလုပ် ငါးအမိုင်နိုအက်စစ် (FAA) ကို ရွက်ဖြန်းအားဆေးအဖြစ် အသုံးပြုရာ၌ အခြေခံအချိုးအစားမှာ ဆေးရည် (၁) ဆ လျှင် ရေ (၁၀၀၀) ဆ (1:1000 Ratio) ဖြစ်ပါတယ်။ ထို့ကြောင့် ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ငါးအမိုင်နိုအက်စစ်ရည် ၂၀စီစီ(ဟင်းစားဇွန်း ၂ ဇွန်းခန့်) နှုန်းဖြင့် အတိအကျ ရောစပ်အသုံးပြုရပါမယ်။ ဤသဘာဝအားဆေးသည် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသဖြင့် စပါးပင်ပိုင်းကြီးထွားမှုနှင့် အပင်ပွားနှုန်းကို အထူးကောင်းမွန်စေသော်လည်း နှုန်းထားထက် ပိုမိုသုံးစွဲပါက အရွက်လောင်ခြင်းနှင့် ပိုးမွှားကျရောက်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် မနက်စောစော သို့မဟုတ် ညနေခင်း နေအေးချိန်များတွင်သာ (၇) ရက်မှ (၁၀) ရက်တစ်ကြိမ် စနစ်တကျ ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။

2,789 လွန်ခဲ့သော ၇ နာရီ က

ဖျန်းမှာလား ကတွတ်ပေါက်ကနေ ထည့်မှာလား? ဆေးဖျန်းတစ်ပုံကို လက်ဖက်ရည်ပန်းကန် ၁ ခွက်ထည့်တယ်။

You
515
လွန်ခဲ့သော ၈ နာရီ က · မိတ္ထီလာ

နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ

ပိုးမွှားရောဂါ နေကြာ
အတည်ပြုပြီး 1,101,669 လွန်ခဲ့သော ၄၂ မိနစ် က

မိမိတို့မြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ပြီးအကူအညီရယူပါ။ ရုံးမှတဆင့် ဓာတ်ခွဲခန်းကိုယူပြီးစမ်းသပ်ပေးပါလိမ့်မယ်။

အတည်ပြုပြီး 318,382 လွန်ခဲ့သော ၇ နာရီ က

တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?

You
515
လွန်ခဲ့သော ၈ နာရီ က · မိတ္ထီလာ

နှမ်းမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကူညီပေးလို့းမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးရောဂါရှာချင်လို့ပါဗျ

ပိုးမွှားရောဂါ နှမ်း
အတည်ပြုပြီး 1,101,669 လွန်ခဲ့သော ၄၁ မိနစ် က

မိမိတို့မြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ပြီးအကူအညီရယူပါ။ ရုံးမှတဆင့် ဓာတ်ခွဲခန်းကိုယူပြီးစမ်းသပ်ပေးပါလိမ့်မယ်။

အတည်ပြုပြီး 318,382 လွန်ခဲ့သော ၇ နာရီ က

တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?

You
515
လွန်ခဲ့သော ၈ နာရီ က · မိတ္ထီလာ

စပါးမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကိုကူညီပေးလို့ရမလားဗျ အပင်ရောဂါအတွက်ဓာတ်ခွဲခန်းမှာစမ်းသပ်ချင်လို့ပါဗျ

ပိုးမွှားရောဂါ စပါး
အတည်ပြုပြီး 1,101,669 လွန်ခဲ့သော ၄၁ မိနစ် က

မိမိတို့မြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ပြီးအကူအညီရယူပါ။ ရုံးမှတဆင့် ဓာတ်ခွဲခန်းကိုယူပြီးစမ်းသပ်ပေးပါလိမ့်မယ်။

အတည်ပြုပြီး 318,382 လွန်ခဲ့သော ၇ နာရီ က

တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?

You
20
လွန်ခဲ့သော ၁၀ နာရီ က · မင်းလှ

မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို

စိုက်ပျိုး ဗဟုသုတ မတ်ပဲ
2,505 လွန်ခဲ့သော ၁၀ နာရီ က

Facebook က ကူးလာတာ။ ⬆️ ဒီနှစ်ထဲမှာ မှတ်မိသလောက် မတ်ပဲဈေးက သုံးကြိမ် တက်ထားပါတယ်။ ပဲသစ်ပေါ်ချိန်မှာ ပထမအကြိမ်၊ သင်္ကြန် မတိုင်ခင် ဒုတိယအကြိမ်နဲ့ ဇွန်၊ ဇူလိုင်မှာ တတိယအကြိမ်ဆိုပြီး သုံးကြိမ် တက်ထားပြီး မတ်ပဲဈေး အကျကနေ ပြန်တက်တိုင်းမှာ မြင့်သထက် မြင့်လာတာမျိုးပဲ တွေ့ရပါတယ်။ 🔺 (အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။) 👉 ဈေးတစ်ကြိမ် တက်ပြီးရင် နောက်တစ်ခါ ပြန်မတက်တော့ဘူးလို့ ထင်ရလောက်အောင် စိတ်ပျက်၊ လက်လျှော့ချင်စရာ ကောင်းလောက်အောင် ဈေးတန်းဝေ့လည်နေပြီးတော့မှ မထင်မှတ်တဲ့အချိန်မှာ ဝေါခနဲ၊ ဝုန်းခနဲ ဈေးတက်လာပြန်ပါတယ်။ ↗️ 👉 အခုတစ်ကြိမ်မှာလည်း မတ်ပဲဈေးဟာ ဇူလိုင်လထဲမှာ အမြင့်ဆုံး ရောက်ပြီးတဲ့နောက် ဈေးပြန်ကျလာပြီး သီတင်းပတ်အတော်ကြာ ဈေးတန်းလည်နေရာကနေ အခုဆိုရင် ဈေးအကျဘက်ကိုတောင် ရောက်လာပါတယ်။ 📈📉🤔 ✅ လက်ရှိမှာ မတ်ပဲဈေး ကျဆင်းလာတာ မှန်ပေမဲ့ ဟိုးအရင်လတွေက Raw သုံးတင်းကို သုံးထိပ်စီးတောင် မကွဲဘဲ နယ်တစ်တင်းဈေးလည်း ကျပ်တစ်သိန်း ရဖို့တောင် မနည်း ဆုတောင်းယူခဲ့ရတဲ့ အခြေအနေနဲ့ ယှဉ်ရင် အခုပေါက်ဈေးတွေက မဆိုးသေးဘူးလို့ ဆိုရမှာပါ။👍 📢 မြန်မာမတ်ပဲဈေးကွက်ဟာ အိန္ဒိယပေါ်မှာ မူတည်နေတယ် ဆိုပေမဲ့ ဒီကြားထဲမှာလည်း ဈေးကစားသူတွေရဲ့လက်ထဲမှာ အတက်အကျ ဖြစ်နိုင်တာကြောင့် မတတ်သာတော့ဘဲ ဈေးတိုးပေးတဲ့ကာလအထိ ဆက်လက် စောင့်စားရမယ့်သဘော ရှိနေပါတယ်။ 📊 ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် မတ်ပဲ၊ ပဲစဉ်းငုံတွေဟာ မိုးတွင်းကာလတလျှောက်မှာ ဈေးတက်တာ သိပ်မတွေ့ရဘဲ မိုးနှောင်းနဲ့ မိုးလွန်ကာလတွေ ရောက်မှသာ တက်ဈေး ဖြစ်လာတာ တွေ့ရတာကြောင့် Risk ယူပြီး စောင့်နိုင်သူတွေအဖို့ ဆက်စောင့်နိုင်ပြီး Risk မယူရဲ ၊ မယူနိုင်လို့ ဒီနေရာမှာပဲ ဖြတ်တော့မယ် ဆိုရင်လည်း မိမိသဘောသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။ 📢 🎯 မှတ်ချက် - အိန္ဒိယဘက်က မတ်ပဲ စိုက်ပျိုးထွက်ရှိမှု၊ တင်သွင်းမှု စတဲ့ သတင်းတွေကို ကျနော်တို့ 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 ကနေ အလျင်မပြတ် တင်ဆက်နေမှာဖြစ်လို့ စောင့်ကြည့်ဖို့ကိုလည်း မှာချင်ပါတယ်။ #မတ်ပဲ #မတ်ပဲဈေးကွက် #ပဲဈေးကွက် #Market_Beat See less

You
ဖြေလည်သော အဖြေရရှိပြီး
451
လွန်ခဲ့သော ၁၁ နာရီ က · ရပ်စောက်

ဘက်တီးရီးယားလား စောပင်နာကျလားမခွဲခြားတတ်လို့ပါ ဘာမိူသတ်ဆေးဖျန်းရမလဲညွန်းပေးပါအုံးဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
အတည်ပြုပြီး 318,382 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

စောပင်နာကျပါ။ အမဲစက်တွေရဲ့ အလယ်မှာ အရစ်ကွင်းတွေ ထနေပါတယ်။ ဒီကာလမှာ မိုးများလာပြီး စိုထိုင်းစ တက်လာလို့လည်း ပါပါတယ်။ အစိမ်းရောင်လမ်းက စိုက်ပျိုးမိုးလေဝသကို စစ်ပြီး မိုးဆက်တိုက်ရွာနေမယ် စိုထိုင်းစကလည်း ရောဂါကျရောက်နိုင်ခြေ လိုင်းထက် ဆက်တိုက်မြင့်နေမယ်ဆိုရင် သတိထားစောင့်ကြည့်သင်ပါတယ်။ စောပင်နာကျရောဂါအကြောင်းကို ဒီခေါင်းစဉ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့

You
225
လွန်ခဲ့သော ၁၃ နာရီ က · နောင်ချို

ဆရာတို့ရေကျွန်တော်စပါးပင်ဒီလိုတွေဖြစ်နေလို့မှိုလားပိုးလားဗျအပင်နှုတ်ကြည့်တော့အမြစ်မှာပျပိုးလိုအကောင်တွေတွေ့တယ်ပိုးကြောင့်ဝါတာလားဗျဘာပိုးလဲပြောပေးပါအုံး

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
225 လွန်ခဲ့သော ၄ နာရီ က

225 လွန်ခဲ့သော ၄ နာရီ က

ဟိုနားတဝိုက်ဒီနားတဝိုက်ဝါနေတာပုံထဲကလိုအပင်ရဲ့အမြစ်ထဲမှာလဲပျပိုးလိုဖြတ်ပိုးလိုအကောင်တွေတွေ့တယ်တော်တော်များများဝါနေပီ

You
8
လွန်ခဲ့သော ၂၂ နာရီ က · စစ်ကိုင်း

မန်ဒါလီဘဲ

မျိုးပွားခြင်း ဘဲ
You
ဖြေလည်သော အဖြေရရှိပြီး
500
လွန်ခဲ့သော ၁ ရက် က · မကွေး

မြေပဲခင်း အောက်ရွက်နေဝါနေလို့ ဘယ်လိုမှိုသတ်ဆေးသုံးပြုရမလဲဗျ မှိုသတ်ဆေးဖျန်းပြီး အားဆေး ဘယ်နှစ်ရက်ခြားမှဖျန်းသင့်လဲ?

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
266,255 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ပုံပါမြေပဲပင်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ မှိုပိုးကြောင့်ဖြစ်သည့် 'စောပင်နာကျရောဂါ' (Early Leaf Spot) ဖြစ်ပါတယ်။ ရောဂါသက်သာစေရန် ဟက်ဆာကိုနာဇိုး (Hexaconazole) သို့မဟုတ် Azoxystrobin + Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ရွေးချယ်၍ ရောဂါပြင်းထန်မှုအပေါ် မူတည်ကာ ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် (အနည်းဆုံး ၂ ကြိမ်) ဖျန်းပေးရပါမည်။ ရောဂါကူးစက်ပျံ့နှံ့မှုရပ်တန့်သွားပါကအပင်သန်စွမ်းမှု ပြန်လည်ကောင်းမွန်စေရန်အတွက် အမိုင်နိုအက်ဆစ်ပါဝင်သော အားဆေးကို ၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် နှုန်းဖြင့် သမအောင် ရောစပ်ဖျန်းပေးနိုင်ပါတယ်။

You
1,609
လွန်ခဲ့သော ၁ ရက် က · မင်းလှ

ဒါ ဘာဖြစ်တာလဲဗျ အညွန့်တေမှာအ့လိုတွေ့ရလို့

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
266,255 လွန်ခဲ့သော ၁ ရက် က

ပုံပါ ခရမ်းချဉ်ပင်တွင် တွေ့ရသော လက္ခဏာမှာ ယင်ဖြူ စုပ်စားပိုးမှတစ်ဆင့် ကူးစပ်တတ်သည့် ခရမ်းချဉ် အဝါရောင်ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါ (Tomato Yellow Leaf Curl Virus - TYLCV) ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ အပင်၏ ထိပ်ဖျားအညွန့်များနှင့် အရွက်သစ်များ အပေါ်သို့ လိပ်တက်ခြင်း၊ အရွက်များ သေးငယ်ကျုံ့ဝင်ခြင်းနှင့် အပင်ကြီးထွားမှု ရပ်တန့်ကာ ခြင်းတို့မှာ ထင်ရှားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် တိုက်ရိုက်ကုသရန် ဆေးဝါးမရှိသဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များအရရောဂါရနေသောအပင်ကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရောဂါသယ်ဆောင်သည့် ယင်ဖြူများကို ကာကွယ်ရန် အဝါရောင်‌ ကော်စေးထောင်ချောက်များ အသုံးပြုခြင်း သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid)၊ အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိပါတယ်ခင်ဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
381
လွန်ခဲ့သော ၁ ရက် က · ညောင်ရွှေ

နှင်းဆီးအပင်ဖြစ်အောင်ဘယ်လိုလုပ်ရလည်း

စိုက်ပျိုးနည်း နှင်းဆီ
381 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

အပင်ဖြစ်နှေးနေလို့

အတည်ပြုပြီး 217,316 လွန်ခဲ့သော ၁ ရက် က

နှင်းဆီပင်ဖြစ်အောင်ပထမသန်မာတဲ့အောက်ခံပင်ပေါ်အဖူးမြှတ်မျိုးပွားထားသောအပင်ဖြစ်ရမယ်လေဝင်လေထွက်ကောင်းပြီ မြေသြဇာကောင်းသောမြေဖြစ်ပြီးတစ်လတခါသဘာဝမြေဆွေးကျွေးပေးပြီးnpk လည်းမှန်မှန်ကြွေးပေးပြီးထုံးဒတ္ထာဆေးမကြာခဏဖျန်းပေးရမယ်

You
ဖြေလည်သော အဖြေရရှိပြီး
584
လွန်ခဲ့သော ၁ ရက် က · ဝိုင်းမော်

စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်‌အကောင်းဆုံးဖြစ်နိုင်လဲ

အပင်အာဟာရ စပါး
Post image
အတည်ပြုပြီး 318,382 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

အမြစ်နာတာ ဒါမဟုတ် ပြောင်းရွေ့ဒဏ်ကြောင့် အထနှေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ စပါးခင်းရဲ့ ရေကို ခပ်ပါးပါးပဲ ထားပေးပါ။ အပင်အထမြန်စေရန်အတွက် ငါးအမိုင်နိုအက်စစ်လိုမျိုး ဖြန်းပေးပါ။

101 လွန်ခဲ့သော ၁ ရက် က

မတ်ပဲပဲတီစိမ်းနဲ့ပဲပုတ်ပြန်စိုက်မှာပါခင်ဗျအထွတ်တိုးအောင်ဘာတွေလုပ်ဆောင်သင့်လည်းဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်း

495
လွန်ခဲ့သော ၁ နှစ် က · ရွှေဘို

မြေပဲရဲ့မိုးရေချိန်/အပူချိန်လေးသိချင်လို့ပါရှင့် မြေပဲရဲ့ရိတ်သိမ်းချိန်အစိုဓာတ်ဘယ်လောက်ရှိလဲရှင့် မြေပဲရဲ့သိုလှောင်ချိန်အစိုဓာတ်ကရောဘယ်လောက်ရှိလဲ ရှင့်

စိုက်ပျိုး ဗဟုသုတ မြေပဲ မြေပဲစိုက်ပျိုးနည်း
361 လွန်ခဲ့သော ၁ နှစ် က

ဟု

495 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ရှင့်

361 လွန်ခဲ့သော ၁ နှစ် က

သိရင်ပြောပြပါအုံးရှင့်

အတည်ပြုပြီး 1,101,669 လွန်ခဲ့သော ၁ နှစ် က

Groundnuts, """""""""""""""""""also known as peanuts, grow best in warm temperatures and well-distributed rainfall: • Temperature: Groundnuts grow best in temperatures between 22–28°C, with an average temperature of 30–35°C during the growing season. Yields decrease when temperatures are above 33°C or below 18°C. The ideal temperature for seed germination is 14–16°C. • Rainfall: Groundnuts require 500–700 mm of rainfall over the growing season. Rainfall requirements vary by stage of growth:

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။