ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
ပုံပါစပါးပင်သည် ပိုတက်ဆီယမ် (K) ချို့တဲ့ခြင်း ဖြစ်ပါတယ်။ပိုတက်ဆီယမ် ချို့တဲ့တာ သေချာတယ်ဆိုရင်တော့ တစ်ဧကကို ပိုတက်ရှ် (MOP) မြေသြဇာ ၆ ပိဿာကနေ ၁၀ ပိဿာခန့်အထိ မြေပြင်မှာ ကျွေးပေးရမှာဖြစ်ပြီး၊ အပင်က ချက်ချင်းစုပ်ယူနိုင်ဖို့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားတဲ့ ရွက်ဖျန်းမြေသြဇာ (ဥပမာ - ၁၃:၀:၄၆) ကိုလည်း ပက်ဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ ပိုတက်ရှ် (MOP)မရပါက 15:15:15 ကွန်ပေါင်းမြေဩဇာအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ မြေဩဇာကျွေးရာတွင် အပင်မှ အဟာရစုပ်ယူနိုင်ရန်အတွက် ရေရှိဖို့တော့လိုပါမယ်ခင်ဗျာ။
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
ဧရာပဒေသာစပါး ဒုတိယအကြိမ် မြေသြဇာကျွေးရာတွင် ၁၅:၁၅:၁၅ ကွန်ပေါင်းမြေသြဇာ တစ်မျိုးတည်းကိုသာ သီးသန့်ကျွေးရန် လိုအပ်ပြီး ပုလဲ (ယူရီးယား) ထပ်မံရောစပ်ရန် မလိုပါဘူး။ ပထမအကြိမ်တွင် ၁၆:၁၆:၁၆ နှင့် ပုလဲတွဲကျွေးထားသဖြင့် နိုက်ထရိုဂျင်ဓာတ် ပြည့်ဝနေပြီဖြစ်ကာ နိုက်ထရိုဂျင် ထပ်များပါက အပင်လဲခြင်းနှင့် ပိုးမွှားကျခြင်းတို့ ဖြစ်နိုင်ပါတယ်။ စပါးပင်ပွားနည်းသော ပြဿနာအတွက် စိတ်မပူဘဲ လက်ရှိတွင် ၁၅:၁၅:၁၅ ဖြင့် အပင်သန်မာအောင်လုပ်ပြီး၊ နောက်ထပ် သက်တမ်း ၇၀-၇၅ ရက် (အနှံသန္ဓေတည်ချိန်) ရောက်မှသာ ပုလဲနှင့် ပိုတက်စီယမ်မြေသြဇာကို တွဲဖက်၍ တတိယအကြိမ်အဖြစ် အားဖြည့်ကျွေးပေးသင့်ပါတယ်။
ကျေးဇူးပါဆရာ
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
စပါးခင်းတွင် အိမ်တွင်းပြုလုပ် ငါးအမိုင်နိုအက်စစ် (FAA) ကို ရွက်ဖြန်းအားဆေးအဖြစ် အသုံးပြုရာ၌ အခြေခံအချိုးအစားမှာ ဆေးရည် (၁) ဆ လျှင် ရေ (၁၀၀၀) ဆ (1:1000 Ratio) ဖြစ်ပါတယ်။ ထို့ကြောင့် ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ငါးအမိုင်နိုအက်စစ်ရည် ၂၀စီစီ(ဟင်းစားဇွန်း ၂ ဇွန်းခန့်) နှုန်းဖြင့် အတိအကျ ရောစပ်အသုံးပြုရပါမယ်။ ဤသဘာဝအားဆေးသည် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသဖြင့် စပါးပင်ပိုင်းကြီးထွားမှုနှင့် အပင်ပွားနှုန်းကို အထူးကောင်းမွန်စေသော်လည်း နှုန်းထားထက် ပိုမိုသုံးစွဲပါက အရွက်လောင်ခြင်းနှင့် ပိုးမွှားကျရောက်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် မနက်စောစော သို့မဟုတ် ညနေခင်း နေအေးချိန်များတွင်သာ (၇) ရက်မှ (၁၀) ရက်တစ်ကြိမ် စနစ်တကျ ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။
ဖျန်းမှာလား ကတွတ်ပေါက်ကနေ ထည့်မှာလား? ဆေးဖျန်းတစ်ပုံကို လက်ဖက်ရည်ပန်းကန် ၁ ခွက်ထည့်တယ်။
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
နှမ်းမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကူညီပေးလို့းမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးရောဂါရှာချင်လို့ပါဗျ
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
စပါးမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကိုကူညီပေးလို့ရမလားဗျ အပင်ရောဂါအတွက်ဓာတ်ခွဲခန်းမှာစမ်းသပ်ချင်လို့ပါဗျ
တောင်သူတွေကို ပို့ပေးစေချင်တာလားဗျ? ဒါမှမဟုတ် တောင်သူတွေဆီသွားယူမှာလား? တောင်သူက ဘယ်လိုဆက်သွယ်ရမှာလဲ?
မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို
Facebook က ကူးလာတာ။ ⬆️ ဒီနှစ်ထဲမှာ မှတ်မိသလောက် မတ်ပဲဈေးက သုံးကြိမ် တက်ထားပါတယ်။ ပဲသစ်ပေါ်ချိန်မှာ ပထမအကြိမ်၊ သင်္ကြန် မတိုင်ခင် ဒုတိယအကြိမ်နဲ့ ဇွန်၊ ဇူလိုင်မှာ တတိယအကြိမ်ဆိုပြီး သုံးကြိမ် တက်ထားပြီး မတ်ပဲဈေး အကျကနေ ပြန်တက်တိုင်းမှာ မြင့်သထက် မြင့်လာတာမျိုးပဲ တွေ့ရပါတယ်။ 🔺 (အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။) 👉 ဈေးတစ်ကြိမ် တက်ပြီးရင် နောက်တစ်ခါ ပြန်မတက်တော့ဘူးလို့ ထင်ရလောက်အောင် စိတ်ပျက်၊ လက်လျှော့ချင်စရာ ကောင်းလောက်အောင် ဈေးတန်းဝေ့လည်နေပြီးတော့မှ မထင်မှတ်တဲ့အချိန်မှာ ဝေါခနဲ၊ ဝုန်းခနဲ ဈေးတက်လာပြန်ပါတယ်။ ↗️ 👉 အခုတစ်ကြိမ်မှာလည်း မတ်ပဲဈေးဟာ ဇူလိုင်လထဲမှာ အမြင့်ဆုံး ရောက်ပြီးတဲ့နောက် ဈေးပြန်ကျလာပြီး သီတင်းပတ်အတော်ကြာ ဈေးတန်းလည်နေရာကနေ အခုဆိုရင် ဈေးအကျဘက်ကိုတောင် ရောက်လာပါတယ်။ 📈📉🤔 ✅ လက်ရှိမှာ မတ်ပဲဈေး ကျဆင်းလာတာ မှန်ပေမဲ့ ဟိုးအရင်လတွေက Raw သုံးတင်းကို သုံးထိပ်စီးတောင် မကွဲဘဲ နယ်တစ်တင်းဈေးလည်း ကျပ်တစ်သိန်း ရဖို့တောင် မနည်း ဆုတောင်းယူခဲ့ရတဲ့ အခြေအနေနဲ့ ယှဉ်ရင် အခုပေါက်ဈေးတွေက မဆိုးသေးဘူးလို့ ဆိုရမှာပါ။👍 📢 မြန်မာမတ်ပဲဈေးကွက်ဟာ အိန္ဒိယပေါ်မှာ မူတည်နေတယ် ဆိုပေမဲ့ ဒီကြားထဲမှာလည်း ဈေးကစားသူတွေရဲ့လက်ထဲမှာ အတက်အကျ ဖြစ်နိုင်တာကြောင့် မတတ်သာတော့ဘဲ ဈေးတိုးပေးတဲ့ကာလအထိ ဆက်လက် စောင့်စားရမယ့်သဘော ရှိနေပါတယ်။ 📊 ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် မတ်ပဲ၊ ပဲစဉ်းငုံတွေဟာ မိုးတွင်းကာလတလျှောက်မှာ ဈေးတက်တာ သိပ်မတွေ့ရဘဲ မိုးနှောင်းနဲ့ မိုးလွန်ကာလတွေ ရောက်မှသာ တက်ဈေး ဖြစ်လာတာ တွေ့ရတာကြောင့် Risk ယူပြီး စောင့်နိုင်သူတွေအဖို့ ဆက်စောင့်နိုင်ပြီး Risk မယူရဲ ၊ မယူနိုင်လို့ ဒီနေရာမှာပဲ ဖြတ်တော့မယ် ဆိုရင်လည်း မိမိသဘောသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။ 📢 🎯 မှတ်ချက် - အိန္ဒိယဘက်က မတ်ပဲ စိုက်ပျိုးထွက်ရှိမှု၊ တင်သွင်းမှု စတဲ့ သတင်းတွေကို ကျနော်တို့ 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 ကနေ အလျင်မပြတ် တင်ဆက်နေမှာဖြစ်လို့ စောင့်ကြည့်ဖို့ကိုလည်း မှာချင်ပါတယ်။ #မတ်ပဲ #မတ်ပဲဈေးကွက် #ပဲဈေးကွက် #Market_Beat See less
ဘက်တီးရီးယားလား စောပင်နာကျလားမခွဲခြားတတ်လို့ပါ ဘာမိူသတ်ဆေးဖျန်းရမလဲညွန်းပေးပါအုံးဗျ
စောပင်နာကျပါ။ အမဲစက်တွေရဲ့ အလယ်မှာ အရစ်ကွင်းတွေ ထနေပါတယ်။ ဒီကာလမှာ မိုးများလာပြီး စိုထိုင်းစ တက်လာလို့လည်း ပါပါတယ်။ အစိမ်းရောင်လမ်းက စိုက်ပျိုးမိုးလေဝသကို စစ်ပြီး မိုးဆက်တိုက်ရွာနေမယ် စိုထိုင်းစကလည်း ရောဂါကျရောက်နိုင်ခြေ လိုင်းထက် ဆက်တိုက်မြင့်နေမယ်ဆိုရင် သတိထားစောင့်ကြည့်သင်ပါတယ်။ စောပင်နာကျရောဂါအကြောင်းကို ဒီခေါင်းစဉ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့
ဆရာတို့ရေကျွန်တော်စပါးပင်ဒီလိုတွေဖြစ်နေလို့မှိုလားပိုးလားဗျအပင်နှုတ်ကြည့်တော့အမြစ်မှာပျပိုးလိုအကောင်တွေတွေ့တယ်ပိုးကြောင့်ဝါတာလားဗျဘာပိုးလဲပြောပေးပါအုံး
ဟိုနားတဝိုက်ဒီနားတဝိုက်ဝါနေတာပုံထဲကလိုအပင်ရဲ့အမြစ်ထဲမှာလဲပျပိုးလိုဖြတ်ပိုးလိုအကောင်တွေတွေ့တယ်တော်တော်များများဝါနေပီ
မန်ဒါလီဘဲ
မြေပဲခင်း အောက်ရွက်နေဝါနေလို့ ဘယ်လိုမှိုသတ်ဆေးသုံးပြုရမလဲဗျ မှိုသတ်ဆေးဖျန်းပြီး အားဆေး ဘယ်နှစ်ရက်ခြားမှဖျန်းသင့်လဲ?
ပုံပါမြေပဲပင်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ မှိုပိုးကြောင့်ဖြစ်သည့် 'စောပင်နာကျရောဂါ' (Early Leaf Spot) ဖြစ်ပါတယ်။ ရောဂါသက်သာစေရန် ဟက်ဆာကိုနာဇိုး (Hexaconazole) သို့မဟုတ် Azoxystrobin + Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ရွေးချယ်၍ ရောဂါပြင်းထန်မှုအပေါ် မူတည်ကာ ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် (အနည်းဆုံး ၂ ကြိမ်) ဖျန်းပေးရပါမည်။ ရောဂါကူးစက်ပျံ့နှံ့မှုရပ်တန့်သွားပါကအပင်သန်စွမ်းမှု ပြန်လည်ကောင်းမွန်စေရန်အတွက် အမိုင်နိုအက်ဆစ်ပါဝင်သော အားဆေးကို ၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် နှုန်းဖြင့် သမအောင် ရောစပ်ဖျန်းပေးနိုင်ပါတယ်။
ဒါ ဘာဖြစ်တာလဲဗျ အညွန့်တေမှာအ့လိုတွေ့ရလို့
ပုံပါ ခရမ်းချဉ်ပင်တွင် တွေ့ရသော လက္ခဏာမှာ ယင်ဖြူ စုပ်စားပိုးမှတစ်ဆင့် ကူးစပ်တတ်သည့် ခရမ်းချဉ် အဝါရောင်ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါ (Tomato Yellow Leaf Curl Virus - TYLCV) ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ အပင်၏ ထိပ်ဖျားအညွန့်များနှင့် အရွက်သစ်များ အပေါ်သို့ လိပ်တက်ခြင်း၊ အရွက်များ သေးငယ်ကျုံ့ဝင်ခြင်းနှင့် အပင်ကြီးထွားမှု ရပ်တန့်ကာ ခြင်းတို့မှာ ထင်ရှားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် တိုက်ရိုက်ကုသရန် ဆေးဝါးမရှိသဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များအရရောဂါရနေသောအပင်ကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရောဂါသယ်ဆောင်သည့် ယင်ဖြူများကို ကာကွယ်ရန် အဝါရောင် ကော်စေးထောင်ချောက်များ အသုံးပြုခြင်း သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid)၊ အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိပါတယ်ခင်ဗျာ
နှင်းဆီးအပင်ဖြစ်အောင်ဘယ်လိုလုပ်ရလည်း
အပင်ဖြစ်နှေးနေလို့
နှင်းဆီပင်ဖြစ်အောင်ပထမသန်မာတဲ့အောက်ခံပင်ပေါ်အဖူးမြှတ်မျိုးပွားထားသောအပင်ဖြစ်ရမယ်လေဝင်လေထွက်ကောင်းပြီ မြေသြဇာကောင်းသောမြေဖြစ်ပြီးတစ်လတခါသဘာဝမြေဆွေးကျွေးပေးပြီးnpk လည်းမှန်မှန်ကြွေးပေးပြီးထုံးဒတ္ထာဆေးမကြာခဏဖျန်းပေးရမယ်
စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်အကောင်းဆုံးဖြစ်နိုင်လဲ
အမြစ်နာတာ ဒါမဟုတ် ပြောင်းရွေ့ဒဏ်ကြောင့် အထနှေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ စပါးခင်းရဲ့ ရေကို ခပ်ပါးပါးပဲ ထားပေးပါ။ အပင်အထမြန်စေရန်အတွက် ငါးအမိုင်နိုအက်စစ်လိုမျိုး ဖြန်းပေးပါ။
မတ်ပဲပဲတီစိမ်းနဲ့ပဲပုတ်ပြန်စိုက်မှာပါခင်ဗျအထွတ်တိုးအောင်ဘာတွေလုပ်ဆောင်သင့်လည်းဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်း
ခရမ်းချဉ်ပင်ကအဲလိုဖြစ်နေလိုဘာဆေးဖျန်းရင်ကောင်းမလဲဆရာတို
အကိဆန့် နဲ့ ဒိဗိုင်း တွဲ ဖျန်းပါ
တူတာ ရွက်ထွင်းအကြောင်းလေးပါ ခု ခရမ်းချဉ်းကွင်းထဲမှာ ဆိုးဆိုးဝါးဝါး ကျနေပါတယ်
ခရမ်းချဉ် စိုက်တောင်သူများ ယခင်နှစ်မှစ၍ ဆိုးဝါး ပြင်းစွာ ကျရောက်ဖျက်ဆီး ပြီး ပျက်ဆီး ဆုံးရူံး မူ အလွန်များ ခဲ့သော ခရမ်းချဉ် စိုက် တောင်သူများ အထူး သတိပြူ အလေးထား ဂရုစိုက်ရမည့် Tuta Absoluta (တူတာ ရွက်ထွင်းပိုး) Written by .. Ant Htet Kyaw မြန်မာနိုင်ငံ တွင် ဆိုးဝါးပြင်ထန်စွာ ကျရောက်နေပြီ ဖြစ်သည့်Tuta Absoluta(တူတာ ရွက်ထွင်း) ပိုး အကြောင်း တစ်စိတ် တစ်ပိုင်းနှင့် ၎င်း ၏ ဖျက်ဆီးကျရောက်မူ အခြေအနေ ... Scientific Name... Tuta absoluta Common Name... Tomato leafminer International common name..English South American Tomato moth Tuta Absoluta ( တူတာအက်(ဘ်)ဆိုလူတာ) (တူတာ ရွက်ထွင်းပိုး) မူရင်းဒေသ တောင်အမေရိက မှစတင်ကာ နိုင်ငံ ၁၀၀ ကျော်ထိ ပြန်နှံ့လာပြီ အိန္ဒိယ နိုင်ငံ မှတဆင် မြန်မာ နိုင်ငံ သို့ စတင်ကူးစက် ပြန့်နှံလာပြီ ဖြစ်သည် ကျရာက်မူ အခြေအနေ တူတာရွက်ထွင်းပိုးသည် ခရမ်းချဉ်တွင်အဓိက ကျရောက်ပြီ အာလူး ပဲမျိုးရင်းဝင်များ.မုန်လာမျိုးရင်ဝင်များတွင် ကျရောက်ပြီး ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက အထွက်နူန်း ၅၀% မှ ၁၀၀% ထိ ထိခိုက်ဖျက်ဆီးနိုင်သော ပိုးဖြစ်သည် ဖျက်ဆီးနိုင်မူအခြေအနေ အပင်၏ အစိတ်အပိုင်း အားလုံးတွင် ဆိုးဝါး ဆိုးဝါးပြင်းထန်စွာ ကျရောက်ဖျက်ဆီးပြီး မျိုးပွားမူနူန်း အလွန်မြန်သဖြင့်နှိမ်နင်းရန်ခက်ခဲသော ပိုးဖြစ် ပျိုးပင် ဘဝမှ စတင်ကာ အပင်သက်တမ်းဆုံးသည်ထိ ကျရောက်နိုင်သည် မျိုးဆက်ပြန့်ပွားမူ တစ်နှစ်လျှင် ၁၀-၁၂ ထက်ထိ မျိုးပွားနိုင် မိတ်လိုက်ပြီ ၁- ၂ ရက်ဝန်းကျင် တွင် ဥ စဖြစ်ပြီး အမတစ်ကောင်လျှင် ဥ ၂၆၀ ထက်ဥနိုင် ဘဝစက်ဝန်း ကြာ ချိန်မှာ ရာသီဥတု ပေါ်မူတည် ပြီး ၂၄ ရက် မှ ၃၈ ရက်ထိရှိ ၂၆`C ၃၀' Cတွင်ပေါက်ဖွားနူန်းပိူမြန်သည် ဥ တူတာ ရွက်ထွင်းပိုး ၏ ဥ သည် အများအားဖြင် ဘဲဥ ပုံ သဏ္ဌာန် ရှိပြိး နိူ့ နှစ်ရောင်မှ အဝါ ရောင်ဖျောဖျော့ထိ ရှိနိုင် သန္ဓေ စဖြစ်မည်ဆိုပါက ဥ သည် မဲနက်လာသည် လောက်ကောင် လောက်ကောင်သည် စားသောက်သည့် အစားအသောက်ပေါ်မူတည်ပြီး စိမ်းဖန့်ဖန့် ရောင်မှ ပန်းရောင်ဖျော့ဖျော့ ရှိသည် ပိုးတုံးလုံး ကောင်းသည်မှာကားလောက်ကောင်ထက် အရောင်ပိုဖျော့သည် လောက်ကောင်သည် အရွက် အညွန်နှင့် အသီးတို့ကို ဖျက်ဆီး စားသောက်သည် အရွယ်ရောက်ပြီးကောင် အရွယ်ရောက်ပြီးကောင်သည် ၁၀ မီလီမီတာခန့်ရှည့်လျားပြီး မီးခိုးရောင်ဖျော့ဖျော့အကြေးခွံ ရှိသည် ရာသီဥတု အခြေအနေများပေါ်မူတည်ကာ မီးခိုးရောင်ဖျေ့ဖျော့ကနေ မီးခိုးရောင်ရင့်ရင် ကို လှည့်ပတ်ပြောင်းလဲနေတတ်သည် လောက်ကောင်များ၏ ဖျက်ဆီးမူ အခြေအနေ လောက်ကောင်သည် အရွက်၏ နှစ်လွှာကြားရှိ အစိမ်းရောင်အလွှာကို ခြစ်ယူစားသောက်ပစ်သည် အရွက်ပေါ်တွင် ကြီးမားသိသာထင်ရှားသော အကွက်များ မှ တစ်ရွက်လုံးထိ ဖျက်ဆီးစားသောက်ပစ်ပြီး အဆိုပါ ပုံ သဏ္ဌာန် မမှန်သော လမ်းကြောင်းများ သည် အစားချက်လုပ်မူကို ဆိုးဝါးစွာ လျှော့ နည်းစေသလို ရောဂါ ဝင်ရောက်မူကိုလဲ လျှင်မြန်စွာ ဖြစ်ပေါ်စေသည် အသီပေါ်တွင် ဖျက်ဆီးခြင်း အသီး ခပ်နုနု အနေအထားတွင် စားသောက်ဖျက်ဆီးပစ်တတ်ကြသည် အပေါက်ငယ်လေးများ အသီးများ ပုံ သဏ္ဌာန် မမှန်ခြင်း များ ဖြစ်ပေါ်ပြီး ခရမ်းချဉ် အထွက်နူန်းကိုဆိုးဝါး စွာ ထိခိုက်စေသည်. ယခု အချိန်တွင် ခရမ်းချဉ် အချိန် ၁၀၀ ခူးပါက အချိန် ၂၀ ပင်အကောင်းမရသော အခင်းများစတင်တွေ့ရပြီး ကြိုတင်ကာကွယ် နှိမ်နှင်းမူ မရှိပါက စီးပွားရေး ထိခိုက်နိုင်သည်ထိ ဖြစ်နေသည် ဘတ်စုံ ဖျက်ပိုးများကို စီမံ ခန့်ခွဲခြင်း Tuta ရွက်ထွင်းပိုး ကျရောက်ပါက ဖြေရှင်းရန်နည်းလမ်းများ .ဓာတုဆေးများ ကို အလွန်အကျွံ အားမကိုးပါနှင့် .သီးနှံစိုက်ကွင်းနှင့်ပိုး၏ နောက်ခံ အကြောင်းအရင်းများကို စစ်ဆေးရမည် .သီးလှည့်စိုက်ပျိုးရမည် .ပျိုးပင်များကို ဆန်ကာပိုက်ဖြင့် အုပ်ထားရမည် အမြဲ စစ်ဆေးပါ ပုလဲမြေသြဇာလွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားရမည် .စိုက်ခင်းကို နေ့စဉ်စောင့်ကြည့်ရမည် .မရွှေ့စိုက်မီ စေးကပ်သောထောင်ချောက်များ ဆွဲဆောင်ဟော်မုန်းများအသုံးပြု၍ စစ်ဆေးရမည် .ပိုးသတ်ဆေး သုံးလျင် မဖြစ်မနေ ည နေ နောက်ကျကျ သုံးရန်လိုအပ်သည် .စိုက်ခင်းအခြေအနေပြောင်းလဲမူရှိမရှိအမြဲစစ်ဆေးပါ အရွက်.အသီး.အညွန့်.ပင်စည်များတွင် ပုံ သဏ္ဌာန် မမှန်သော လက္ခဏာ များ ရှိမရှိ အမြဲ စစ်ဆေးပါ .ကပ်ခွာ ထောင်ချောက်များ အသုံးပြု၍ အရွယ်ရောက်ကောင်ရှိမရှိ အမြဲ စစ်ဆေးပါ .အကောင်ရေ ကျရောက်မူ များပါ ကပ်ခွာထောင်ချောက်အရေအတွက်တိုးထားပါ .ပိုသတ်ဆေးများကို အလွန်အကျွံ ရောစပ်အသုံးပြုခြင်းရှောင်ကျဉ်ပါ .ဆေးအုပ်စု အလှည့်ကျ သုံးစွဲပါ .အခြေအနေ ဆိုးဝါးစွာ ဖြစ်ပေါ်လာမှ ဆေးအားမကိုးပါနှင့် ကြိုတင်ကာကွယ်သော နည်းလမ်းကိုအသုံးပြုပါ ဤပိုးသည် ဘက်ပေါင်းစုံ ဖြေရှင်းသည့်နည်းလမ်းဖြင့်သာ ကာကွယ်နှိမ်နင်းနိုင်ကြောင်း အထူးသတိပြုစေချင်ပါသည် ဓာတုဆေးဝါးဖြင့် နှိမ်နင်းခြင်း မှတ်ချက် .. ဤ တူတာရွက်ထွင်း ပိုးသည် ဓာတုဆေးဝါးများဖြင့် နှိမ်နင်း သည့်နည်းလမ်းတစ်ခုတည်းအသုံးပြုရုံဖြင့်မရကြောင်းအထူးသတိပြုစေလို #ပိုသတ်ဆေးများကိုအလှည့်သုံးစွဲပါ ဆေးအစစ်အမည်... Abamatin Emamectin Benzoate Indoxacarb Flubendiamide Chlorantranilipole Metaflumizone Methoxyfenozide Metaflumizone အထက်ပါဆေးများသည် IRAC မှအကြံပြုထားသော ဆေးများ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည် ပိုးသတ်ဆေးများကို မှတ်ပုံတင်ထားခြင်းရှိမရှိအမြဲစစ်ဆေးပါ. ပိုကျရောက်လာပါက ဖြေရှင်းရန်နည်းလမ်းများ ..ရောဂါရအသီးနှင့်အရွက်များကိုဖယ်ရှား ဖျက်ဆီးပစ်ခြင်း .ပိုမွှားခိုအောင်းနိုင်သောပေါင်းမြက်များရှင်းလင်းပေးခြင်း .မီးထောင်ချောက်များ ဆွဲဆောင်မှု ရှိသောဟိုမုန်းများ အသုံးပြု၍ ပးိုထောင်ချောက်များထားရှိခြင်း .တမာနှင့် Baccillus Thuringienisis ကဲ့သို့ သဘာဝဆေးများအသုံးပြု၍ နှိမ်နှင်းခြင်း .ဓာတုပိုးသတ်ဆေးများဖြင့်အလှည့်ကျ နှိမ်နှင်းပေးခြင်း #သဘာဝမြေသြဇာများကိုများများအသုံးပြုပါ #ဓာတုဆေးဝါးများကိုလိုအပ်မှသုံးစွဲပါ #ရောဂါရပင်ကြွင်းပင်ကျန်အစိတ်အပိုင်းများအားဖယ်ရှားရှင်းလင်းဖျက်ဆီးပစ်ပါ #ကျန်းမာသန်စွမ်းသောပျိုးပင်များကိုသာဖန်တီးပါ #ကောင်းမွန်စွာမြေကိုထွန်ယက်စိုက်ပျိုးပါ #မြေသြနှင့်ပိုးသတ်ဆေးများကိုမှန်ကန်စွာအသုံးပြုပါ #သီးလှည့်စိုက်ပျိုးခြင်းသည် ပိုးမွှားနှင့်ရောဂါများစုပုံကျရောက်မူကိုဟန့်တာစေသည် #ဆေးဒဏ်ခံနိုင်ရည်ရှိသောမျိုးစိတ်အသစ်များထွက်ပေါ်မလာစေရန်ဆေးများကိုအလှည့်ကျသုံးစွဲပါ #အကာအကွယ်ပစ္စည်းများဝတ်ဆင်အသုံးပြုပါ #ရာသီဥတုကောင်းမွန်ချိန်တွင်ဆေးဖြန်းပါ #ကောင်းမွန်သောဆေးဖြန်းခေါင်းကိုအသုံးပြုပါ #ဆေးဖြန်းပြီးနောက်ကောင်းမွန်စွာဆေးကြောပါ #ဆေးရောဖြန်းစဉ်ဂရုစိုက်ကိုင်တွယ်ပါ #ဆေးစက်မထိမှန်စေရန်လေအောက်မှစတင်ပတ်ဖြန်းပါ #မြေကြီးအစိုဓာတ်ကိုကောင်းမွန်စွာထိန်းသိမ်းပါ #ရောဂါရပင်သို့အစိတ်အပိုင်းများကိုစိုက်ခင်းအနီးထားရှိခြင်းရှောင်ကျဉ်ပါ Reference.. www.eastwestseed-kt.com www.tutaabsoluta.com EWS မှထွက်ရှိသောစိုက်ပျိုးနည်းလမ်းညွန်များ www.irac-online.org ကျနုပ် သည် ပညာ ရှင်မဟုပ်သဖြင့် သိတာလေးကို ပြန်လည်မျှဝေရုံမျှသာ ဓာတ်ပုံ အများစုသည် မြန်မာနိုင်ငံ အတွင်းမှပုံများဖြစ်သည်... # edit လုပ်၍ အသစ် ထပ်တင်ပေးပါ့မယ် ပုံများအား တစ်ပုံဆီထောက်ကြည့်ပါ ဘဝစက်ဝန်း ဖြစ်ပေါ်လာပုံvideo file ပါ ပါရှိပါသည် Ant Htet Kyaw East West Seed ( Myanmar ) 09971707191 09791279016
ရွက်ထွင်းပါ ခုလက်ရှိကွင်းထဲမှာ ရွက်ထွင်းနှစ်မျိုးကျပါတယ် တစ်ခုက ရိုးရိုးရွက်ထွင်း ခုပုံပါ ရွက်ထွင်းပေါ့ နောက်တစ်ခုက တူတာ ရွက်ထွင်းပါ
ရွက်ထွင်းပိုးကျနေတာပါ Cyromazine, Abamectin, Cartap, Triazophos အဆင်ပြေရာသုံးပါ
ဗုံးပက်
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။