၂၀၂၅ ကစပြီး ယူရီးယားတင်သွင်းမှု အဆုံးသတ်နိုင်ဖို့ အိန္ဒိယ ရည်ရွယ်ထား

05/11/2022 13:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယနိုင်ငံမှာ ယူရီးယားဓာတ်မြေဩဇာစက်ရုံသစ်တွေ ဖွင့်လှစ်ပြီးရင် ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာမှာ ဖြစ်တာကြောင့် ၂၀၂၅ ခုနှစ်ကစပြီး ယူရီးယားတင်သွင်းမှုကို အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဓာတ်မြေ ဩဇာဝန်ကြီး Mansukh Mandaviya က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ယူရီးယားတင်သွင်းမှု မြင့်မားတဲ့ အိန္ဒိယဟာ တစ်နှစ်တာ ပျမ်းမျှသုံးစွဲမှုပမာဏ တန်ချိန် ၃၅ သန်းအနက် ၃၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာပါ။

"ကျွန်တော်တို့ဟာ တင်သွင်းယူရီးယားအပေါ် မှီခိုနေရတာကို ၂၀၂၅ မှာ အဆုံးသတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ စက်ရုံသစ်ငါးခု ဖွင့်လှစ်ပြီးနေမှာ ဖြစ်ပါတယ်" လို့ Mansukh Mandaviya က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မြောက်ပိုင်း ဥတ္တရဒေသပြည်နယ်ထဲက Gorakhpur မြို့၊ တောင်ပိုင်း တီလန်ဂါနာပြည်နယ်ထဲက Ramagundam မြို့၊ အိန္ဒိယအရှေ့ပိုင်းက Barauni နဲ့ Sindri မြို့တွေမှာ တည်ထားမဲ့ စက်ရုံတွေကနေ နှစ်စဉ် ယူရီးယား တန်ချိန် ၆ ဒသမ ၅ သန်း ထုတ်လုပ်ပေးနိုင်ဖွယ်ရှိပါတယ်။ 

ယူရီးယားအမှုန်အမွှားငယ်တွေ ပါဝင်တဲ့ အိန္ဒိယ ပြည်တွင်းဖြစ် နာနိုယူရီးယား ထုတ်လုပ်မှုဟာလည်း ၂၀၂၅ ရောက်ရင် တန်ချိန် ငါးသန်းအထိ မြင့်တက်လာမယ်လို့ ၎င်းက ပြောပါတယ်။ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက Ramagundam မြို့က ယူရီးယားစက်ရုံကို နိုဝင်ဘာ ၁၂ ရက်မှာ ဖွင့်ပေးသွားမယ်လို့လည်း ထည့်ပြောသွားခဲ့ပါတယ်။

အိန္ဒိယဟာ လက်ရှိမှာ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး အပါအဝင် နိုင်ငံများစွာဆီက ယူရီးယား တင်သွင်းနေတာပါ။

အာရှတိုက်ရဲ့ တတိယစီးပွားရေးအင်အားကြီး အိန္ဒိယဟာ နိုင်ငံရဲ့ ကြီးမားလှတဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အပင်အာဟာရတွေ အများအပြား ဖြည့်ဆည်းပေးနေရရပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးရေးလုပ်ငန်းက နိုင်ငံလုပ်သားထုအနက် ၆၀ ရာခိုင်နှုန်းကို အလုပ်ပေးထားပြီး ဒေါ်လာ သုံးထရီလီယံနီးပါးရှိတဲ့ စီးပွားရေးအနက် ၁၅ ရာခိုင်နှုန်းခန့်ကို ကျားကန်ပေးထားပါတယ်။

ကမ္ဘာ့မှာ မြေဆီဈေးတွေ ကြီးမြင့်လာတာကြောင့် ၂၀၂၃ မတ် ၃၁ အထိ အကျုံးဝင်တဲ့ လက်ရှိဘဏ္ဍာနှစ်အတွက် အစိုးရက ပေးအပ်ရရတဲ့ ဓာတ်မြေသြဇာ အမေတော်ကြေးငွေဟာ ရူပီး ၂ ဒသမ ၂၅ ထရီလီယံ (ဒေါ်လာ ၂၇ ဒသမ ၂၁ ဘီလီယံ) အထိ စံချိန်တင် မြင့်တက်လာမယ်လို့ Mandaviya က ပြောပါတယ်။ အရင်နှစ်ကတော့ ရူပီး ၁ ဒသမ ၅ ထရီလီယံသာ ပေးခဲ့ရတာဖြစ်ပါတယ်။

ယူရီးယားဟာ အိန္ဒိယက ဓာတ်မြေသြဇာ အမေတော်ကြေးအဖြစ် ပေးအပ်တဲ့အထဲမှာ ၇၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

အစိုးရဟာ ယူရီးယားမဟုတ်တဲ့ အခြားဓာတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေထံ လျှော့ဈေးနဲ့ ရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကိုလည်း ဘဏ္ဍာရေးအထောက်အပံ့သတ်မှတ်ပမာဏတစ်ခု ပံ့ပိုးပေးလျက်ရှိပါတယ်။

အိန္ဒိယအစိုးရဟာ ဗုဒ္ဓဟူးနေ့ကလည်း လက်ရှိဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်အတွက် ဖော့စဖရပ်နဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာ အမတော်ကြေး ဒုတိယအသုတ်အဖြစ် ရူပီး ၅၁၈ ဒသမ ၇၅ ဘီလျံ ပေးအပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: India aims to end urea imports from 2025 - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်