စိုက်ပျိုးသုတ အောက်တိုဘာလ

30/09/2024 11:08 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

အောက်တိုဘာလတွင် လယ်မြေမှာ မိုးစပါးရိတ်သိမ်းအပြီး ယာမြေမှာ မိုးသီးနှံများ ရိတ်သိမ်းအပြီးဖြစ်သဖြင့် ကိုင်းကျွန်းမြေများမှာ မြစ်ရေ၊ ချောင်းရေကျချိန်တွင် ဆောင်းသီးနှံများ စိုက်ပျိုးရန် စတင်သင့်သည့်လဖြစ်သည်။ ဆောင်းသီးနှံများတွင် အဓိကသီးနှံများမှာ ပဲမျိုးစုံသီးနှံများနှင့် ဆီထွက်သီးနှံများ ဖြစ်ပါသည်။ 

စိုက်ပျိုးသည့်သီးနှံအားလုံး အထွက်နှုန်းမြင့်မားရေးဆိုင်ရာ သိရှိဆောင်ရွက်သင့်သည်များကို ဖော်ပြလိုပါသည်။

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း

  • ရေမြေဒေသနှင့် ကိုက်ညီပြီး ရာသီဥတုဒါဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။ အရည်သွေးကောင်းပြီး စျေးကွက်ရှိသည့်မျိုးလည်း ဖြစ်သင့်သည်။
  • စိုက်ပျိုးခြင်းမပြုမီ မျိုးစေ့၏အပင်ပေါက်ရာခိုင်နှုန်းကို စမ်းသင့်သည်။ အပင်ပေါက် (၈၅%)အထက်ရှိသည့် မျိုးကောင်းမျိုးသန့်ကိုသာ အသုံးပြုသင့်ပါသည်။ 
  • မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးပိုးကျရောက််နိုင်မှုအား သင့်တော်ရာဆေးကို စိုက်ကြောင်းအတွင်းထည့်ခြင်းကဲ့သို့ ကြိုတင်ကာကွယ်မှုလုပ်ငန်း ဆောင်ရွက်သင့်သည်။ (ဥပမာ-ဖြူရာဒန်) အလားတူ မျိုးစေ့ဆောင်ရောဂါများကို စိုက်ကြောင်းအတွင်း မှိုသတ်ဆေး တစ်မျိုးမျိုးထည့်၍ ကာကွယ်သင့်ပါသည်။
  • ထို့ပြင် ပဲမျိုးစုံသီးနှံအတွက် နိုက်ထရိုဂျင်အာဟာရရရှိစေရန် မျိုးစေ့ကို စိုက်ချိန်တွင် ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

နေကြာ

  • ပြည်တွင်းထုတ် ရေဆင်းစပ်မျိုးနေကြာ−၁ နှင့် ဆင်းရွှေကြာ−၂ မျိုးများကို အသုံးပြုသင့်သည်။ အလားတူ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီမှ မျိုးသစ် အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးထားသည့် ပြည်ပမျိုးများကိုလည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုမည့်မျိုးသည် အပင်ပေါက်ရာခိုင်နှုန်း( ၈၀ )နှင့်အထက် ရှိရန် လိုပါသည်။
  • မြေဆီသြဇာထက်သန်သော သဲနုန်းမြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်မြေပြုပြင်ပြီး တစ်ဧကတွင် အပင်ဦးရေ (၂၉,၀၀၀) ရရှိအောင် တန်းကြား(၂) ပေ ၊ ပင်ကြား(၉ လက်မ)ထားကာ၊ တစ်ကျင်းလျှင် မျိုးစေ့(၂ စေ့) နှုန်း၊ မျိုးစေ့ကို(၁.၅ လက်မ) မှ (၂ လက်မ)အနက်မှာ စိုက်ပျိုးရန် ဖြစ်ပါသည်။

မိုးစပါး

  • စိုက်ပြီး ရက် ၄၀ မှ ၅၀ ရှိသည့် မိုးစပါးခင်းများသည် မျိုးပွားပိုင်းကြီးထွားသည့် ကာလ(Reproductive Phase)သို့ စတင်ရောက်ရှိနေပြီဖြစ်သည်။ စပါးအထွက်နှုန်း မိတ်ဖက်တစ်ခု ဖြစ်သော  တစ်နှံရှိစပါးအစေ့အရေအတွက်(Grains per panicle)များရေး အရေးကြီးသောကာလ ဖြစ်သည်။ စပါးတစ်နှံမှာ အစေ့အရေအတွက်များလေ တစ်ဧက စပါးအထွက်များဖို့ အခွင့်အလန်းများလေ ဖြစ်ပါသည်။ 
  • ယခုအချိန်တွင် စပါးစိုက်ခင်းများတွင် နိုက်ထရိုဂျင်အာဟာရလုံလောက်စွာ ရရှိနေ ရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်အာဟာရဓာတ်ပါသော ယူရီးယားကဲ့သို့ ဓာတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။
  • ထို့ပြင် စိုက်ချိန်စောသည့်အချို့စပါးစိုက်ခင်းများမှာမူ ရင့်မှည့်သည့်ကာလ (Ripening Phase)သို့ပင် ရောက်ရှိပြီ ဖြစ်သည်။ ရင့်မှည့်သည့်ကာလသည် စပါးစေ့ အောင်မြင်မှုရာခိုင်နှန်းများဖို့နှင့် အစေ့(၁၀၀၀)အလေးချိန်များဖို့တို့အတွက် အရေးကြီး သောကာလဖြစ်သည်။ ပိုးမွှား‌ရောဂါကျရောက်မှုမရှိစေရေး ရေထိန်းသိမ်းရေး ဆောင်ရွက် သင့်ပါသည်။
  • ရိတ်သိမ်းတော့မည့်စပါးခင်းများကို ရိတ်သိမ်းချိန်မှန်တွင် ရိတ်သင့်သည်။ အလေအလွင့်နည်းပါးစေရေးအတွက် စပါးအနှံများရှိစပါးစေ့များ၏ ရာခိုင်နှုန်း ၈၀ မှ ၈၅ ရာခိုင် နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်တွင်ရောက်မှ ရိတ်သိမ်းသင့်သည်။ ၎င်းနောက် ရိတ်သိမ်းပြီးလျှင်ပြီးချင်း မြန်မြန်ချွေလှေ့သင့်ပါသည်။

မျိုးစေ့ထုတ်စပါး

သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)ထုတ် စိုက်ခင်းနှင့် ကိုယ့်အားကိုယ်ကိုးမျိုးသန့်မျိုးစေ့(Good Seed)ထုတ်စိုက်ခင်းများ-စသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)များတွင် မျိုးသန့်စင်ရေး အရေးကြီးသည့်ကာလ ဖြစ်သည်။

ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်အထိ မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြား ခြားနားသောစပါးနှံများ၊ ရောဂါကျရောက်သောအပင်/အနှံတို့ကို ကုန်စင်အောင် နှုတ်ပယ်ဖယ်ရှားသင့်ပါသည်။

အောက်တိုဘာလသည် လယ်မြေ၊ ယာမြေနှင့် ကိုင်းကျွန်းမြေတို့၌  ပဲမျိုးစုံသီးနှံများ နှင့် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ်စိုက်ပျိုးရေးအဖြစ် ဆောင်ရွက်မည့်လဖြစ်ရာ သီးနှံစိုက်စွမ်းအားမြင့်မားပြီး ထုတ်လုပ်မှုမြင့်မားကြစေလိုပါသည်။ အလားတူ မိုးစပါးတွင် နိုက်ထရိုဂျင်အာဟာရလိုအပ်မှုမရှိစေရေး၊ ပိုးမွှားရောဂါကင်းစင်ရေးနှင့် ရေထိန်းသိမ်းရေး တို့ကို ဂရုပြု ဆောင်ရွက်ကာ မျှော်မှန်းအထွက်ကို ရရှိကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်