အစားအသောက်နှင့်အာဟာရပညာ (အပိုင်း - ၃)

08/07/2024 13:48 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (130)  Food and Nutrition (Part-3)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၀) အစားအသောက်နှင့်အဟာရပညာ  (အပိုင်း - ၃)  

မိတ်ဆက် (Introduction)

အစားအသောက်သိပ္ပံနှင့်နည်းပညာ (Food Science and Technology) မိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၀) နှင့် (၁၁) တွင် နိဒါန်းပျိုးရေးသားခဲ့ပြီးဖြစ်ပါသည်။ 

အစားအသောက်ကို အဓိပ္ပာယ် ပြန်လည်ဖော်ထုတ်ရလျှင် လူသားအပါအဝင် သက်ရှိများ သုံးစွဲရန် အရာဝတ္ထု အားလုံးဖြစ်ပါသည် (Food is any substance consumed to provide nutritional support for an organism) ၎င်းတို့တွင် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော ကာဘိုဟိုက်ဒြတ်၊ အဆီဓာတ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်များပေးနိုင်သည့် စားသုံးနိုင်သော အပင်၊ တိရစ္ဆာန်၊ မှို စသည်တို့ အားလုံး ပါဝင်ပါသည်။ (It is usually of plant, animal, or fungal origin and contains essential nutrients, such as carbohydrates, fats, proteins, vitamins and minerals.)

အဟာရဓာတ်သည် သက်ရှိသတ္တဝါများက အစားအစာများ သုံးစွဲစားသောက်ရင်း သတ္တဝါများ ကြီးထွားဖွံ့ဖြိုး တိုးတက်မှု ဖြစ်စဉ်ဖြစ်သည် (Nutrition is the process by which organisms take in and utilize food substances)။ ၎င်းဖြစ်စဉ်သည် အစာစုပ်ယူစားသုံးမှု၊ အစာချေဖျက်မှု၊ သယ်ယူပို့ဆောင်မှု၊ အညစ်အကြေးစွန့်ထုတ်မှု အားလုံး ပါဝင်ပါသည် (It involves ingestion, digesting, absorption, transport, assimilation, and excretion of food)။ ကောင်းမွန်သော အဟာရဓာတ် ရရှိမှသာ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးမှု၊ မျိုးဆက်ပွားမှု၊ ကျန်းမာကြံ့ခိုင်မှုတို့ (Good Nutrition is essential for maintaining health, growth, reproduction and well-being) ရရှိမည်ဖြစ်ပါ သည်။

ပုံ - ၁ အစားအစာနှင့် အာဟာရ ပိရမစ်ပုံ

အဟာရဓာတ်ဆိုသောအဓိပ္ပာယ်ကြီးမှ လူတို့အတွက် အာဟာရဓာတ် (Human Nutrition) ၏ အဓိပ္ပာယ်မှာ လူသားများ၏ ကျန်းမာရေးနှင့်ကြံ့ခိုင်မှု ရရှိရန်အတွက် အစားအသောက်များ (A branch of Nutrition that specifically studies “How food and drink affect human health and well-being) ကိုဆိုလိုသည်။ 

လူနှင့် သတ္တဝါအားလုံးအတွက် အစာအဟာရနှင့်အစားအသောက်အရေးပါမှု (Importance of Food and Nutrition for Human and other living Organisms)

(က)  ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု အတွက်မရှိမဖြစ်လိုအပ်သည် (Essential for Growth and Development)။

ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓါတ် အစရှိသည်တို့သည် နို့စို့ကလေး၊ ကလေးငယ်၊ ကျောင်းသား၊ လူကြီးများ အထိ ခန္တာကိုယ်တစ်ရှူးများ၊ အရိုးကြီးထွားမှု အပါအဝင် နေ့စဉ်လိုအပ်လျှက် ရှိနေပါသည် (It is crucial for the growth and development of infants, children, and adolescents. Protein, Vitamins and Minerals are vital for building and repairing body tissues, bone growth and overall physical development) ။

(ခ) စွမ်းအင်များ ထောက်ပံ့ပေးသည် (Energy Supply)

အစားအစာများသည် နေ့စဉ်လှုပ်ရှားသွားလာမှု၊ မက်တာဘောလစ်ဖြစ်စဉ်များအစရှိသည်တို့အတွက် စွမ်းအင်များ ထောက်ပံ့ပေးသည်။ (Food provides the energy necessary for daily activities, cognitive functions, and mataining metabolic processes) ကာဘိုဟိုက်ဒြိတ်၊ အဆီ၊ ပရိုတင်းများသည် အဓိက စွမ်းအင်အရင်းအမြစ်များဖြစ်သည် (Carbohydrates, Fats and Protein are primary energy sources) ။

(ဂ) ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း (Disease prevention) အာဟာရဓာတ်ပြည့်ဝစေမှုသည် အဝလွန်မှု၊ နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာ စသည့် ရောဂါ များဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပါသည် (Good Nutrition can help prevent various diseases, including obesity, heart disease, diabetes, and certain cancers)၊ ဗီတာမင်၊ ဓာတ်သတ္တုများပါဝင်သည့် အစာအဟာရမျှတစေမှုသည် ကိုယ်ခံအား ကောင်းမွန်မှုကို အားပေးပြီး နာတာရှည်ရောဂါများ ဖြစ်ပွားမှုလျော့နည်းစေပါသည် (A balanced diet with adequate vitamins and minerals boost the immune system and reduces the risk of chronic illnesses)။

(ဃ) စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း (Mental Health)

ပြည့်ဝသောာအာဟာရဓာတ်သည်ဦးနှောက်နှင့် စိတ်ကျန်းမာရေးကောင်းမွန်စေပါသည် (Nutrition impacts brain function and mental health)၊ ကောင်းမွန်သော အဟာရဓာတ်များ ဖြစ်သည့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင် ဘီအုပ်စု၊ အန်တီ အောက်ဆီဒန့် စသည်တို့ သည် စိတ်ခံစားမှု၊ မှတ်ဉာဏ်များ ကောင်းမွန်စေပါသည် (Nutrients like Omega-3 fatty acids, B Vitamins, and antioxidants are essential for cognitive function and emotional well-being)။

(င) အလုံးစုံကျန်းမာခြင်း (Overall Well-being) 

အာဟာရဓာတ်ပြည့်ဝစေမှုသည် ဘက်စုံကျန်းမာစေ၍ ဘဝပျော်ရွင်ချမ်းမြေ့မှုလည်းဖြစ်စေပါသည် (Adequate nutrition contributes to overall well-being and quality of life)၊ ၎င်းမှနေ၍ ရုပ်ပိုင်းဆိုင်ရာကျန်းမာစေခြင်း၊ စိတ်နေစိတ်ထား၊ ထိခိုက်ဒဏ်ရာရမှုနှင့် ဖျားနာမှုတို့မှ လျင်မြန်စွာ နလန်ထူ၊ ပြန်လည် ကျန်းမာစေနိုင်ပါသည် (It influences physical performance, mood and the ability to recover from illness and injury).

(စ) ဘဝတလျှောက်လုံး ကျန်းမာစေခြင်း (Long-term Health)

ကောင်းမွန်စေသော ကျန်းမာရေးက ဘဝတလျှောက်လုံး ကျန်းမာပြည့်ဝစေပြီး အသက်ရှည် ကျန်းမာရေး အတွက် ကုန်ကျစရိတ်များ သက်သာစေနိုင်ပါသည် (Good nutritional habits established early in life can lead to long-term health benefits, including longetivity and reduced healthcare costs)။

အာဟာရဗေဒသိပ္ပံ (Nutritional Science) သည် ကျန်းမာရေးနှင့် အစားအစာ ဆက်သွယ် ပတ်သက်မှု (The Study of the Interaction between Diet and Health) ကိုလေ့လာခြင်း ဖြစ်ပါသည်။ ဇီဝဓာတုဗေဒ (Biochemistry)၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ (Molecular Biology)၊ ပြည်သူ့ကျန်းမာရေး (Public Health) နှင့် လက်တွေ့ဆေးပညာ အဟာရဗေဒ (Clinical Nutrition)၊ အဟာရဆိုင်ရာဆက်သွယ်ခြင်း (Nutrition Communication)၊ အစာအဟာရဆိုင်ရာ ဥပဒေ၊ အမိန့်ထုတ်ပြန်ချက်များ (Food Regulatory Affairs)၊ ဓါတ်ခွဲခန်းဆိုင်ရာ အဟာရသုတေသန (Laboratory Nutrition Research)၊ စိုက်ပျိုးရေးဆိုင်ရာ အနုဇီဝဗေဒ (Agricultural Microbiology)၊ ဇီဝဆိုင်ရာ စာရင်းအင်းပညာ (Biostatistics)  စသည့် ဘာသာရပ်များကို စုပေါင်းလေ့လာရန်တော့ လိုပါမည်။

အစားအသောက်ဆိုင်ရာနည်းပညာနှင့် အဟာရဓာတ်ဖွံ့ဖြိုးရေးတို့သည် မြန်မာနိုင်ငံ အပါအဝင် လူသားအားလုံး၏ ကျန်းမာကြံ့ခိုင်ရေးနှင့်သန်စွမ်းရေးတို့အတွက်အလွန်အရေးကြီးပါသည်။ ကျွန်တော်ဂျာမဏီနိုင်ငံမှာ ပါရဂူဘွဲ့အတွက် ပညာသင်ကြားစဉ်က တက္ကသိုလ် စားသောက်ဆိုင် (Canteen/Cafetaria) သူတို့အခေါ် (Mensa) မှာ နေ့လည်စာမှာလျှင် အသား (Meat)၊ ငါး (Fish)၊ အာလူး (Potato)၊ သစ်သီး (Fruit)၊ ဒိန်ချဉ် (Yogurt)၊ ဖျော် ရည် (Juice) ကအစ အာဟာရတွက်ချက်ပြီးမှ တစ်ပွဲစာ (One sett - Menu) ရပါသည်။ 

ကျွန်တော်တို့နိုင်ငံ၏ စားသောက်မှု ပုံမှာ လူအများစုရှိနေသော ကျေးလက်ဒေသများတွင်  ထမင်းကို (ထမင်းရည်ငှဲ့) ချက်စားလေ့ရှိ ပြီး လျှပ်စစ်မီးရရှိသော ဒေသများတွင်တော့ ထမင်းပေါင်းအိုး (Rice Cooker) ချက်စားလေ့ရှိပါသည်။ သို့သော် မြန်မာပြည်မှ ဆန်အများ စုကတော့ ရေဆေးပြီးမှ ထမင်းချက်လေ့ရှိပါသည်။ ကျွန်တော် နိုင်ငံခြားတက္ကသိုလ် များမှာ ပညာသင်ခဲ့စဉ်က နာမည်ကြီးဆန်များဖြစ်သော အိန္ဒိယနိုင်ငံဘာစမာတီဆန် (Basmati Rice)၊ ထိုင်းနိုင်ငံမှ စပယ်ဆန် (Jasmine Rice) စသည်တို့ (ဈေးလည်း မကြီးပါ) ကို ထမင်းပေါင်းအိုးနှင့် ချက်ရာတွင် ဆန်အရွယ်အစား အရှည် ဗိုက်ဖြူမပါ (Long Grain Rice without Chalkiness) ဒီအတိုင်းရေထည့်ပြီး ချက်လိုက်သဖြင့်မည်သည့်အဟာရဓာတ်မှ ဆုံးရှုံးမှု မရှိပါ။

အများစားသုံးသောဆန်များမှာ ဆန်အရွယ်အစားမျိုးစုံပါဝင်နေရုံသာမက၊ ဗိုက်တာမင်များ စွာပါဝင်သော ဆန်လုံးအပေါ်ယံ (ဖွဲနု၊ ဖွဲကြမ်းများတွင်ပါဝင်သွား) အလွှာများကို ရေမကြာခဏ ဆေးချခြင်းဖြင့် အဟာရဓာတ်များစွာ ဆုံရှုံး သွားပါတော့သည်။ ကျွန်တော်တို့ စားသုံး သော ဓလေ့က ဆန်ဖြူ (White Rice) မှ ကြိုက်သည့်အတွက် မကြာခဏ ဆန်ချောသည် (Polished Rice) ခေါ်ဆိုပြုလုပ်ရခြင်း၊ အာဟာရဓာတ် ပြည့်ဝသော ဆန်လုံးညို (Brown Rice) နှင့် ပြုတ်ဆန် (Parboiled Rice) စားသုံးမှု ဓလေ့က အလွန်ပင်နည်းနေပါသေးသည်။

ပုံ - ၂ စပါးနှင့်ဆန်တွင်ပါဝင်သော အစိတ်အပိုင်းများ

ဆန်စားသော ကျွန်တော်တို့နိုင်ငံမျိုးနှင့် ဂျုံ (ခေါက်ဆွဲ၊ ပေါင်မုန့်၊ ပလာတာ၊ နံပြား) စားသောနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် အာဟာရဓာတ်တန်ဖိုး ကွာခြားလှပါသည်။ ဆီးချိုလူနာများပင် ကစီဓာတ်များသော ဆန်အစား ပရိုတိန်းနှင့် အဟာရဓာတ်များသော ဂျုံနှင့်ပြုလုပ်သော အစားအစာများကို ပိုမိုစားသုံးသင့်ပါသည်။ ဂျာမဏီတွင် ကျွန်တော်တို့က ဂျုံဖွဲများ (Bran and Germ) မပါတော့သော ပေါင်မုန့်အဖြူ (White Bread) ကြိုက်နှစ်သက်ချိန်တွင် ဂျာမန်များက အရောင်ညိုသော ပေါင်မုန့်ကြမ်း (Brown Bread) တွေကို စားသုံးကြပါသည်။ 

ပုံ - ၃ ပေါင်မုန့်ဖြူနှင့် ပေါင်မုန့်ညို

ဇယား - ၁ ဆန် (ချက်ပြီး) နှင့်ဂျုံမှုန့် ၁၀၀-ဂရမ် တွင်ပါဝင်သော အဟာရဓာတ်များ

Table – 1 Comparison of Nutrients for Rice (Cooked White and Brown)) and Wheat Flour (White and Whole) per 100-gram

ပြီးလျှင် ကျွန်တော်တို့ စားသုံးသော မြန်မာဟင်း (Myanmar Curries) များကို ကြည့်ရအောင်ပါ၊ မြန်မာ့ဓလေ့ (အထူးသဖြင့် ကျေးလက်ဒေသများတွင် ) အရ ဟင်းများကို ကြာရှည်စွာ အထားခံအောင် ဆီပြန်ဟင်းများချက်လေ့ရှိပါသည်။ ထိုဟင်းများကို ပြန်နွှေးစားခြင်းက မှိုစသည့် ရောဂါပိုးများဝင်နိုင်ပါသည်၊

တရုတ်၊ အိန္ဒိယနိုင်ငံများတွင် ပလာတာ၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်ကြော်စသည်များကို အထူးသဖြင့် စားခါနီးမှ ချက်ပြုတ်၊ ကြော်လှော် စားသုံးကြသဖြင့် ကျန်းမာရေး ရှုထောင့်မှ ကြည့်မည်ဆိုလျှင် အလွန်ကောင်းသော စနစ်ဖြစ်ပါသည်။ 

နောက်ပြီးလျှင် ကျန်းမာရေးရှုထောင့် အသီး၊ ဒိန်ချဉ် (Yoghurt)စားသည့် ဓလေ့နည်းပါသည်၊ ကျန်းမာရေးအတွက် ဝမ်းလည်းမှန်၊ ဗီတာမင်၊ အဟာရဓာတ်များစွာပါဝင်၊ ဈေးလည်းချိုသည့် ငှက်ပျောသီး၊ သင်္ဘောသီးစသည်တို့ကို ထမင်းစားပြီးတိုင်း စားသုံးသင့်ပါသည်။

နွားနို့ (Milk) သောက်သည့်ဓလေ့မှာလည်း ဈေးကြီး၍ လဘက်ရည်၊ ကော်ဖီများကိုသာ ဆိုင်တွင်သောက်သုံးလေ့ရှိပါသည်၊

ဇယား - ၂ နိုင်ငံအလိုက် နွားနို့သောက်သုံးနှုန်းနှိုင်းယှဉ်ချက်

မြန်မာနိုင်ငံသားများ နွားနို့သောက်သုံးမှုက နွားနို့သောက်သုံးမှု အများဆုံးနိုင်ငံများ၏ အဆ ၃၀ ပုံ တစ်ပုံ ခန့်ပဲရှိနေပါသည်။ နွားနို့သိပ္ပံပညာ (Dairy Science) အကြောင်း သီးသန့်ရေးပါဦးမည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်စာတမ်းများ References

Newby, P.K. (2018) Food and Nutrition: What Everyone need to know. Oxford University Press. 321p.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်