စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၉)
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက်လိုအပ်သောရေ (Water for Plants) အပိုင်း-၁ နှင့် အ မှတ်စဉ် (၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄၊ ၂၃၅၊ ၂၃၆၊ ၂၃၇) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း -၂, ၃, ၄, ၅, ၆, ၇ နှင့် ၈ တို့တွင် ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်းခြင်းဆိုင်ရာအင်ဂျင်နီယာပညာ (Irrigation Engineering) ရှုဒေါင့်မှမဟုတ်ဘဲ အပင်၏ရေလိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွှယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုထောင့်မှ ဆက်လက်ရေးသား ဆွေးနွေးပါမည်။
(၄-၁-ခ) အစက်ချရေသွင်းစနစ် (Drip Irrigation) ၏ အားနည်းချက်များ
အမှတ် | အားနည်းချက် | ရှင်းလင်းချက် |
|---|---|---|
၁ | ကနဦးကုန်ကျစရိတ် မြင့်မားခြင်း | ပိုက်များ၊ Dripper များ၊ Filter များ၊ Pump များနှင့် Pressure Regulator များ ဝယ်ယူတပ်ဆင်ရသောကြောင့် ကနဦးရင်းနှီးမြှုပ်နှံမှု များပြားသည်။ |
၂ | Dripper ပိတ်ဆို့နိုင်ခြင်း | မြေအမှုန်များ၊ ရေညှိ၊ ဆားဓာတ်နှင့် အော်ဂဲနစ်ပစ္စည်းများကြောင့် Dripper များ ပိတ်ဆို့နိုင်သည်။ |
၃ | ရေအရည်အသွေးကောင်းရန် လိုအပ်ခြင်း | အရည်အသွေးမကောင်းသော ရေကိုအသုံးပြုပါက Dripper ပိတ်ဆို့မှု ပိုမိုဖြစ်ပွားနိုင်သည်။ |
၄ | ပုံမှန်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ခြင်း | Filter၊ ပိုက်များနှင့် Dripper များကို ပုံမှန်စစ်ဆေး၊ သန့်ရှင်းပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်။ |
၅ | ကြွက်များနှင့် စက်ယန္တရားများကြောင့် ပျက်စီးနိုင်ခြင်း | ပလတ်စတစ်ပိုက်များနှင့် Drip Laterals များသည် ကြွက်များ၊ လယ်ယာစက်ယန္တရားများကြောင့် ပျက်စီးနိုင်သည်။ |
၆ | အမြစ်ဇုန်တစ်ခုလုံးကို ရေမစိုစွတ်စေနိုင်ခြင်း | စနစ်ကို မှန်ကန်စွာ ဒီဇိုင်းမပြုလုပ်ပါက မြေ၏ အစိတ်အပိုင်းတစ်ခုသာ ရေစိုစွတ်ပြီး အမြစ်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။ |
၇ | မြေတွင်း ဆားဓာတ်စုစည်းနိုင်ခြင်း | ဆားဓာတ်ပါသော ရေကိုအသုံးပြုပါက ရေစိုစွတ်သောဧရိယာ၏ အပြင်ဘက်အစွန်းများတွင် ဆားဓာတ် စုစည်းနိုင်သည်။ |
၈ | နည်းပညာဗဟုသုတ လိုအပ်ခြင်း | သီးနှံ၏ ရေလိုအပ်ချက်၊ ရေဖိအား၊ Dripper ရေထွက်နှုန်း၊ ပိုက်အရွယ်အစားနှင့် Filtration စသည်တို့ကို နားလည်ရန် လိုအပ်သည်။ |
၉ | သီးနှံအားလုံးအတွက် မသင့်လျော်ခြင်း | တန်ဖိုးမြင့်သီးနှံများနှင့် တန်းစိုက်သီးနှံများအတွက် အထူးသင့်လျော်သော်လည်း တန်ဖိုးနည်းပြီး အလွန်သိပ်သည်းစွာ စိုက်ပျိုးသော သီးနှံအချို့တွင် စီးပွားရေးအရ မသင့်လျော်နိုင်ပါ။ |
၁၀ | ပလတ်စတစ်စွန့်ပစ်ပစ္စည်း ပြဿနာ | အသုံးပြုပြီးသော ပလတ်စတစ် Drip Lines များကို စနစ်တကျ ပြန်လည်အသုံးချခြင်း သို့မဟုတ် စွန့်ပစ်ခြင်း မပြုလုပ်ပါက ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်စေနိုင်သည်။ |
၁၁ | စွမ်းအင်လိုအပ်ခြင်း | ဖိအားဖြင့် ရေပေးသွင်းရသောစနစ်ဖြစ်သောကြောင့် Pump သို့မဟုတ် ယုံကြည်စိတ်ချရသော ရေဖိအားအရင်းအမြစ် လိုအပ်နိုင်သည်။ |
၁၂ | စနစ်ပျက်လျှင် သီးနှံရေငတ်နိုင်ခြင်း | Pump ပျက်ခြင်း၊ ပိုက်ပိတ်ခြင်း သို့မဟုတ် Drip Lateral ပျက်စီးခြင်းတို့ကို အချိန်မီ မတွေ့ရှိပါက သီးနှံများသည် ရေလိုအပ်ချက် မပြည့်မီဘဲ ရေငတ်နိုင်သည်။ |
(၄-၂) အသေးစားရေဖျန်းစနစ် (Micro-Jet Irrigation)
ဤစနစ်သည် ရေဖျန်းစနစ် (Sprinkler Irrigation) နှင့် အစက်ချစနစ် (Drip Irrigation) တို့အကြား အပင်ကို တိကျစွာ ရေပေးသည့် စနစ်ဖြစ်ပါသည်၊

ပုံ - ၁ အသေးစားရေဖျန်းစနစ်ပုံ
ရေပေးပို့သည့်ပုံစံနှင့် ရေစိုစွတ်သည့်ဧရိယာမှာ အဓိက ကွာခြားပါသည်။
နှိုင်းယှဉ်ချက် | Drip Irrigation (အစက်ချရေသွင်းစနစ်) | Micro-Jet Irrigation (အသေးစားရေဖျန်းစစနစ်) |
|---|---|---|
ရေပေးပို့ပုံ | ရေထွက်ပေါက် (Dripper/ Emitter) မှတစ်ဆင့် ရေကို တစ်စက်ချင်း ဖြည်းဖြည်းချင်း ပေးသည်။ | နော်ဇယ် (Micro-jet/Nozzle) မှတစ်ဆင့် ရေကို အသေးစား ဖျန်းပုံစံ ဖြင့် ပေးသည်။ |
ရေဖြန့်ဝေမှု | အပင်၏ အမြစ်အနီးရှိ ဧရိယာငယ် ကို အဓိက ရေစိုစွတ်စေသည်။ | အပင်ပတ်လည်ရှိ ပိုမို ကျယ် ပြန့်သော ဧရိယာ ကို ရေစို စွတ်စေသည်။ |
ရေဖိအား | ယေဘုယျအားဖြင့် ရေဖိအား နိမ့် ဖြင့် လည်ပတ်နိုင်သည်။ | Drip ထက် အနည်းငယ် ပိုမိုသော ရေဖိအား လိုအပ် နိုင်သည်။ |
ရေပေးနှုန်း | အလွန်နည်းသည်။ ဥပမာ ရေထွက် (Emitter) တစ်ခုလျှင် တစ်နာရီ ၁–၈ လီတာခန့် ဖြစ်နိုင် သည်။ | Nozzle အမျိုးအစားပေါ်မူတည်၍ တစ်နာရီ ၂၀–၁၀၀ လီတာ နှင့်အထက် ဖြစ်နိုင်သည်။ |
ရေစိုစွတ်သည့်ဧရိယာ | ကျဉ်းမြောင်းသည်။ | ပိုမိုကျယ်ပြန့်သည်။ |
အမြစ်ဧရိယာ လွှမ်းခြုံမှု | အမြစ်ဧရိယာကို တိကျစွာ ရေပေးနိုင်သည်။ | အမြစ်ဧရိယာကို ပိုမို ကျယ်ပြန့်စွာ ရေပေးနိုင်သည်။ |
ရေဆုံးရှုံးမှု | အလွန်နည်းသည်။ ရေငွေ့ပျံမှု နည်းပါးသည်။ | ရေငွေ့ပျံခြင်းနှင့် လေတိုက်၍ ရေရွေ့လျားခြင်း ဖြစ်နိုင်သည်။ |
လေတိုက်မှု၏ သက်ရောက်မှု | အလွန်နည်းသည်။ | လေတိုက်မှုကို ပိုမိုခံရ နိုင် သည်။ |
သင့်တော်သော သီးနှံများ | ဟင်းသီးဟင်းရွက်များ၊ အ တန်းလိုက်စိုက်သီးနှံများ၊ သစ်သီးပင်များ၊ Greenhouse သီးနှံများ | သစ်သီးခြံများ၊ ပျိုးခင်းများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်း ပင်များ |
ဓာတ်မြေဩဇာပေးခြင်း | ရေ၊ မြေဩဇာပေါင်း စနစ် (Fertigation) ပြုလုပ်ရန် အလွန်သင့်တော်သည်။ | ရေ၊ မြေဩဇာပေါင်း စနစ် (Fertigation) ပြုလုပ်နိုင်သည်။ |
ပေါင်းပင်များ | ရေစိုစွတ်သည့်ဧရိယာ နည်း သောကြောင့် ပေါင်းပင်ဖြစ် ပေါ်မှု နည်းနိုင်သည်။ | ဧရိယာကျယ်ကျယ် ရေစို စွတ်သောကြောင့် ပေါင်းပင်များ ပိုမိုဖြစ်ပေါ်နိုင်သည်။ |
ပြုပြင်ထိန်းသိမ်းမှု | ရေထွက် (Dripper) များ ပိတ်ဆို့ခြင်း မဖြစ်စေရန် ရေစစ် (Filter) ကောင်း ကောင်း လိုအပ်သည်။ | နော်ဇယ် (Nozzle) များ ပိတ် ဆို့နိုင်သော်လည်း သန့်ရှင်း ပြုပြင်ရန် အတော်လေး လွယ် ကူသည်။ |
သီးနှံထုတ်လုပ်ရေးတွင် သွင်းရေပမာဏကိုတိုင်းတာခြင်း
Measurement of Water for Irrigation in Crop Production
သွင်းရေပမာဏတိုင်းတာခြင်း (Measurement of Water) ဆိုသည်မှာ ရေသွင်း စိုက်ပျိုး ရေးတွင် ရေမည်မျှရှိသည်၊ ရေမည်မျှစီးဆင်းနေသည်၊ လယ်ယာမြေထဲသို့ ရေမည်မျှပေးသွင်းထားသည်နှင့် သီးနှံများက ရေမည်မျှအသုံးပြုနေသည် စသည်တို့ကို တိုင်းတာသတ်မှတ်ခြင်း ဖြစ်ပါသည်။ ရေသွင်းပမာဏကို မှန်ကန်စွာ တိုင်းတာနိုင်ခြင်းသည် ရေကိုထိ ရောက်စွာ အသုံးချခြင်း၊ ရေစီမံခန့်ခွဲခြင်းနှင့် သီးနှံအထွက်နှုန်း တိုးတက် စေခြင်း တို့အ တွက် အလွန်အရေးကြီးပါသည်။
၁။ ရေလိုအပ်ချက် တိုင်းတာ၊ တွက်ချက်ခြင်း ဘာကြောင့်အရေးကြီးသလဲ?
ရေလိုအပ်ချက် တိုင်းတာ၊ တွက်ချက်ခြင်းဖြင့်—
သီးနှံအတွက် လိုအပ်သော သွင်းရေပမာဏ ကို သတ်မှတ်နိုင်ခြင်း
လယ်ယာမြေသို့ လိုအပ်သည့် ရေအနက်အတိုင်းအတာအထိသာ ပေးနိုင်ခြင်း
ရေအလွန်အကျွံပေးသွင်းခြင်း (Over-irrigation) ကို ရှောင်ရှားနိုင်ခြင်း
မြေဆီလွှာတွင် ရေဝပ်ခြင်း (Waterlogging) ကို ကာကွယ်နိုင်ခြင်း
အာဟာရဓာတ်များ ရေနှင့်အတူ အောက်သို့စီးဆင်းဆုံးရှုံးခြင်း (Nutrient Leaching) ကို လျှော့ချနိုင်ခြင်း
ရေမလုံလောက်ခြင်း (Under-irrigation) ကြောင့် သီးနှံရေငတ်ခြင်းကို ကာကွယ်နိုင်ခြင်း
ရေအသုံးပြုမှုစွမ်းရည် (Water Use Efficiency - WUE) ကို တိုးတက်စေနိုင်ခြင်း
သင့်တော်သည့်အချိန်တွင် ဆည်မြောင်းရေပေးနိုင်ခြင်း
ဆည်မြောင်းစနစ်၏ ထိရောက်မှုကို တွက်ချက်နိုင်ခြင်း
ရှားပါးသော ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်ပါသည်။
ရေပေးသွင်းသည့် ပမာဏကိုသာ တိုင်းတာခြင်းမဟုတ်ဘဲ မြေဆီလွှာအတွင်း သိုလှောင် ထားသော ရေပမာဏ ကိုလည်း သိရှိရန် လိုအပ်ပါသည်။
အရေးကြီးသော Soil-water measurements များမှာ—
Soil Moisture Content — မြေဆီလွှာအစိုဓာတ်ပါဝင်မှု
Field Capacity — မြေဆီလွှာ၏ ရေထိန်းသိမ်းနိုင်မှုအမြင့်ဆုံးအခြေအနေ
Permanent Wilting Point — အမြဲတမ်းညှိုးနွမ်းမှတ်
Available Water — သီးနှံအတွက် ရရှိအသုံးပြုနိုင်သောရေ
Soil-water Depletion — မြေဆီလွှာမှ လျော့နည်းသွားသောရေ တို့ဖြစ်ပါသည်။
ရေတိုင်းတာရာတွင် အသုံးများသော ကိရိယာများ
အခြေအနေ | ကိရိယာ / နည်းလမ်း | တိုင်းတာသည့်အရာ |
|---|---|---|
မိုးရေ | Rain Gauge | မိုးရေအနက် (mm) |
ပွင့်လင်းရေမြောင်း | Weir | ရေစီးနှုန်း |
ရေစီးနှုန်းနည်းသော မြောင်း | V-notch Weir | ရေစီးနှုန်း |
ဆည်မြောင်း | Parshall Flume | ရေစီးနှုန်း |
ပွင့်လင်းရေမြောင်း | Current Meter | ရေစီးအရှိန် → Discharge |
ရိုးရှင်းသော လယ်ကွင်းတိုင်းတာမှု | Float Method | ခန့်မှန်းရေစီးအရှိန်/ရေစီးနှုန်း |
ဖိအားရှိသော ပိုက် | Flow Meter | ရေစီးနှုန်း |
ပိုက်ဆည်မြောင်း | Water Meter | ရေပမာဏ |
အစက်ချရေသွင်း | Flow Meter / Emitter Test | ရေစီးနှုန်း |
ရေဖြန်းရေသွင်း | Flow Meter / Pressure Gauge | ရေစီးနှုန်းနှင့် ဖိအား |
မြေဆီလွှာ | Soil Moisture Sensor | မြေဆီလွှာရေပါဝင်မှု |
မြေဆီလွှာ | Tensiometer | မြေဆီလွှာရေဖိအား/ရေဆွဲအား |
ရေသွင်းစိုက်ပျိုးရေး (Irrigation Agronomy) အတွက် အဓိကမှတ်သားရန်
ရေတိုင်းတာခြင်းကို အဓိကအားဖြင့် မေးခွန်းလေးခုဖြင့် နားလည်နိုင်ပါသည်။
(က) ရေအရင်းအမြစ်တွင် ရေမည်မျှရှိသနည်း? မိုးရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ ရေလှောင်ကန်ရေ
(ခ) ရေမည်မျှမြန်မြန် စီးဆင်းနေသနည်း? ရေထွက်နှုန်း/ရေစီးထွက်သည့်ပမာဏ
(ဂ) လယ်ယာမြေထဲသို့ ရေမည်မျှ ပေးသွင်းထားသနည်း? ရေထုထယ် (Volume - m³) သို့မဟုတ် ရေအနက် (Depth - mm)
(ဃ) သီးနှံအတွက် အမှန်တကယ်အသုံးဝင်သောရေ မည်မျှရှိသနည်း? မြေနှင့် ရေသိုလှောင်မှု (Soil-water storage) + သီးနှံနှင့်မြေဆီလွှာရေအငွေ့ပြန်မှု (Crop Evapotranspiration) + အကျိုးရှိသောမိုးရေချိန် (Effective Rainfall) စသည်တို့ဖြစ်ပါသည်။
စာရေးသူ၏အတွေး
စာရေးသူတို့ စိုက်ပျိုးရေးတက္ကသိုလ်၊ တတိယနှစ်ကျောင်းသားဘဝက စိုက်ပျိုးရေး ဓာတုဗေဒဌာနမှ ဆရာဦးလှထွန်းမှ မြေဆီလွှာရူပဗေဒပညာ (Soil Physics) နှင့်အတူ ရေသွင်း၊ ရေထုတ်ပညာ (Irrigation and Drainage Technology)၊ စိုက်ပျိုးရေးအင်ဂျင်နီယာဌာန မှ ဆရာဦးခင်မောင်တင့်က ရေသွင်းစနစ်အင်ဂျင်နီယာပညာ (Irrigation Engineering) များ သင်ကြားပေးခဲ့သည်ကိုအနည်းငယ်မှတ်မိနေသော်လည်း နိုင်ငံတကာ တက္ကသိုလ် များ တွင်တော့ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ သင်ကြား၊ သုတေသန ပြုနေပြီး တောင်သူ ဦးကြီးများ သွင်းရေကုန်ကျ စရိတ်သက်သာ၊ အထွက်တိုးအောင် ရေသွင်းစိုက်ပျိုးရေး ပညာရှင် (Irrigation Agronomists) များက ဆောင်ရွက်နေသည်မှာ နှစ်ပေါင်းရာချီ၊ ထောင်ချီ ရှိနေပါပြီ။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
FAO (2002) Agricultural Drainage Water Management in Arid and Semi-arid Areas. FAO Irrigation and Drainage Paper-61. 188p.
Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India. 557p.
Michael, A. M. (2007) Irrigation: Theory and Practice. 2nd Ed. Noida India. 762p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပုံပါသည့်အတိုင်း အရွက်နုတက်ဝါနေတာကို ဆားခါး ထမင်းစားဇွန်း ၃ ဇွန်းဖြူးထားတယ် အဆင်ပြေပါသလား အပင်ရဲ့သက်တမ်းက မြေချတစ်နှစ်ကျော်ပါပြီ
Sawdohhtoo • ဖြေကြားချက် 1 ခု
အနက်ရောင် အထက်အောက် ဒေါင်လိုက်အကြောင်းနဲ့ကဘာရောဂါလဲဗျ
U Than Tun Aung • ဖြေကြားချက် 1 ခု
ကျနော့်စပါးမျိုးက ဆင်းဧကရီ-၃မျိုးပါ စိုက်ပြီး၂၁ရက်သားပါဗျ အရွက်တွေက ဖြူနေပြီးခြောက်နေပါတယ် အမြစ်ဆင်းတာလဲ တိုတယ်လို့ခံစားရတယ် ဘာဖြစ်တာလဲခင်ဗျ ကျနော်ကလယ်အခုမှ စလုပ်ဖူးတာ ဆိုတော့ လယ်နီးနားချင်းတွေကိုမေးရတယ် သူတို့ပြောတာကတော့ ပျပိုးကျတာလို့ပြောတယ်ဗျ ဘယ်လိုဖြေရှင်းရမလဲ အကြံဉာဏ်ပေးပါဦးဆရာကြီးတို့ခင်ဗျာ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ တစ်ခုလောက်မေးချင်လို့ပါဆရာ ခရမ်းချဥ်နဲ့ခရမ်းအတွက် ပုလဲကျွေးလို့ရလားဆရာ ပထမအပင်ငယ်စဥ်တုန်းက 17.8.8 မြေဆီတစ်ခါပဲကျွေးလိုက်ရတယ်ဆျာ စစ်ရှောင်နေရတော့ N အချိုးများတဲ့ဆေးတွေလဲ မဖျန်းလိုက်ရဘူးဆရာ အဲ့ကအပြန် တောနစ် လေးပဲ ဖျန်းလိုက်ရတယ် အဲ့နောက်ပိုင်း ဂွပွင့်လေးတွေလိုက်နေတော့ N ချိုးမပါတော့ပဲ ပီဖိုလန် 0.52.34 နဲ့တောနစ် ရယ် ပိုးသတ်ဆေးရယ်ဖျန်းလိုက်တယ်ဆျာ ဆေးဝယ်ရခက်သွားလို့ပါဆရာ ပီဖိုလန် ဖျန်းတာနှစ်ခါရှိပီဆျာ ဆိုလိုချင်တာကဆျာ အပင်သိပ်မတက်ဘူး အသီးပွင့်တွေများတယ် အတာကို ပုလဲကျွေးလို့ရလားဆရာ ဒါမှာမဟုတ် မင်းမဟော်က ထွက်တိုး 17.17.17 ပတ်လည်တို့လိုအားဆေးဖျန်းသင့်လား အသီးပွင့်ကတော့အတော်လိုက်တယ်ဆရာ
U Yan • ဖြေကြားချက် 3 ခု
အခု ပုံထဲမှာပါတဲ့အတိုင်းဆိုဘာရောဂါဖြစ်တာလဲခင်ဗျာ
Thein Soe Aung • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
မီးထွန်းကြာချိန်ပေါ်မူတည်၍ ဂန္ဓမာပင်၏ မတူညီသော တုံ့ပြန်မှုများ
31/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....