၁၉၈၆-ခုနှစ်တုန်းက ကျွန်တော် မဟာစိုက်ပျိုးရေးပညာ သင်ကြားခဲ့သော ဩစတေလျ နိုင်ငံကိုခေတ္တရောက်ရှိစဉ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်အထွေထွေအတွေးတစ်စ ကိုဆွေးနွေးပါရစေ။
(က) အိမ်သာအသုံးပြုပုံ (Use of Restrooms in Australia)
ဩစတေလျ၊ ဥရောပ၊ အမေရိကနိုင်ငံ အများစုက အိမ်သာသုံးစက္ကူလိပ် (Toilet Papers) ကိုသုံးပါသည်။ ကျွန်တော်တို့ အာရှနိုင်ငံ အများစုက ရေကိုအသုံးပြုပါသည်။ ဤစနစ်က စက္ကူများစွာကုန်၍ သစ်ပင်များ ကုန်ဆုံးနိုင်သလား (Is this methods environmently friendly?)
ဩစတေလျမှာ အိမ်သာသုံးစက္ကူလိပ် အသုံးပြုရခြင်းက -
(က-၁) ဗြိတိလျှလူမျိုးများ၏ယဉ်ကျေးမှုအငွေ့အသက်လွမ်းမိုးနေခြင်း (Cultural Norms and British Influence) အိမ်သာသုံးစနစ် (Bathroom Practices) က သူတို့ ဘိုးဘေးဘီဘင်များသုံးစွဲမှုအတိုင်းလိုက်သုံး နေသည်ဟုသိရှိရပါသည်၊
(က-၂) အိမ်သာ/ရေချိုးခန်းဆောက်လုပ်ပုံနှင့်ရေပိုက်စနစ် (Plumbing and Infrastructure) ဩစတေလျတိုက်အိမ်ဆောက်ပုံနှင့်အိမ်သာစနစ်က သမိုင်းအရ ရေ သုံးမှုမပါဘဲဆောက်ထားပြီး ရေသုံးခြင်းက မလိုအပ်ဘူးဟုယူဆပါသည်။ ဆောင်းရာ သီ ရာသီဥတုအေးလွန်း၍လည်း ရေမသုံးဟုထင်ပါသည်။
(က-၃) တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်အသုံးပြုရလွယ်ကူခြင်း (Perceived Hygiene and Convenience) ဩစတေလျ လူမျိုးအများစုက ဤစနစ်ကလွယ်ကူလုံလောက်ပြီး အ ဆင်ပြေနေပါသည်ဟုယူဆပါသည်။
(က-၄) ရေချွေတာမှုရှုထောင့်မှကြည့်ရှုခြင်း (Water Conservation Concerns) ဩစ တေလျနိုင်ငံသည် မိုးခေါင်သောနိုင်ငံ (Drought-prone Country) ဖြစ်သောကြောင့် ပြည်သူအများစုက ရေချွေတာ ခြင်းရှုထောင့် မှ အသုံးပြုသည်ဟုထင်ပါသည်။
ဤစနစ်ကြောင့် ဆိုးကျိုးများမှာ
(၁) သစ်တောပြုန်းတည်းခြင်း (Deforestration) ပြန်လည်အသုံးပြုခြင်းစနစ် (Recycling System) ကိုအသုံးပြုသော်လည်း တကမ္ဘာလုံး အိမ်သာသုံးစက္ကူ ထုတ် လုပ်မှုက သစ်ပင်သန်းပေါင်း များစွာခုတ်ယူနေရပါသည်။
(၂) ရေအသုံးပြုမှု (Water Usage) သုတေသနတွေ့ရှိချက်အရ ယင်းစက္ကူတစ်ထုတ် (Single roll of toilet paper) ထုတ်လုပ်ရန် ရေ ၃၇-၅၀ လီတာ အသုံးပြုနေ ရပါသည်။
(၃) စွမ်းအင်နှင့်ဓာတုပစ္စည်းများကုန်ကျမှု (Energy and Chemicals) စက္ကူ ထုတ် လုပ်စက်ရုံများ (Paper Industries) က လျှပ်စစ်၊ ချွတ်ဆေး (Bleach) ဓာတုပစ္စည်း များစွာ သုံးနေရပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေပါသည်။
(၄) စွန့်ပစ်ပစ္စည်းများပြုန်း/ဖြုန်းတည်းမှု (Waste Generation) အသုံးပြုပြီးစက္ကူများ အတွက် ရေများစွာဖွင့်ချရန်လိုအပ်ပြီး မလိုလားအပ်သော ပတ်ဝန်းကျင် ညစ်ညမ်း မှုများဖြစ်စေနိုင်ပါသည်။
ပုံ - ၁ စက္ကူနှင့်ရေအသုံးပြုမှုကွာခြားပုံ
ဇယား - ၁ စက္ကူနှင့်ရေအသုံးပြုမှုကွာခြားပုံ
(ခ) ဩစတေလျတိုက်၏ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း (Wine Industry in Australia)
ဩစတေလျနိုင်ငံတွင်၂၀၂၃-၂၄ စာရင်းဇယားအရစပျစ်စိုက်ပျိုးသူပေါင်း ၆၀၀၀-ကျော် က ၁၄၆,၂၄၄ ဟက်တာ (၃,၆၁,၂၂၂ ဧက) တွင် စပျစ်သီးပေါင်း ၁.၄၃ တန်သန်းကြိတ် ပြီး ၁၀၄၂-လီတာသန်းပေါင်း ထုတ်လုပ်ပါသည်၊ တရုတ်၊ အမေရိကန်၊ ယူကေ၊ ဟောင် ကောင်၊ ကနေဒါနိုင်ငံများကို အမေရိကန်ဒေါ်လာ ၂.၁၉ ဘီလီယမ်ဘိုးခန့် တင်ပို့ပါ သည်၊ (စပျစ်စိုက်တောင်သူ ၆၀၀၀-ဦးခန့်မှ နိုင်ငံဝင်ငွေ ၂-ဘီလီယမ် ကျော်ရှာ ဖွေပေးခြင်းပါ၊ အားကျအတုယူစရာပါ)
တက္ကသိုလ်များမှလည်း စပျစ်စိုက်ပျိုးရေးနှင့်ဝိုင်ထုတ်လုပ်ရေးကို ဦးစားပေးသင်ကြား၊ သုတေသနပြုနေပါသည်။
(ခ-၁) အက်ဒီလိတ်တက္ကသိုလ်၊ တောင်ဩစတေလျပြည်နယ် (University of Adelaide, South Australia)
စပျစ်စိုက်ပျိုးခြင်းနှင့်ဝိုင်ထုတ်လုပ်ခြင်း (B.Sc./M.Sc./Graduate Diploma in Viticulture and Oenology/Wine Science) ပညာရပ်ကို ပထမဘွဲ့၊ ဘွဲ့လွန်၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့များပေးနေသော ကမ္ဘာ့နံမည်ကြီးတက္ကသိုလ် ဖြစ်ပါသည်၊ ဤတက္ကသိုလ် ဝိတ်နယ်မြေ (Waite Campus) တွင် သင်ကြား၊ သုတေသနပြုနေပြီး ဩစတေလျ နိုင်ငံ၏ နှစ်စဉ် စပျစ်နှင့်ဝိုင်သုတေသနပညာရှင် ၇၀-ရာခိုင်နှုန်း ခန့်မွေး ထုတ် ပေးရာ ဘူမိနက်သန် တက္ကသိုလ်နယ်မြေဖြစ်ပါသည်။
ပုံ - ၂ အက်ဒီလိတ်တက္ကသိုလ်နှင့်စပျစ်သုတေသနခင်းများ
တက္ကသိုလ်အတွင်း ဝိုင်သုတေသနအဖွဲ့ (WIC – Wine Innovation Cluster) က နေ ဝိုင်အနံ့နှင့်အရသာဓာတုဗေဒ (Wine Aroma and Flavour Chemistry)၊ ဝိုင်သုံးစွဲသူ များဆိုင်ရာသိပ္ပံ (Wine Consumer Science)၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဝိုင်အ ရည်အသွေးပြောင်းလဲသွားခြင်း (Impact of Climate Change on Wine Composition) သုတေသနများပြုလုပ်ပါသည်၊
(ခ-၂) ချားစတူဝပ်တက္ကသိုလ်၊ နယူးဆောက်ဝေးပြည်နယ် (Charles Stuart University, New South Wales)
ဤတက္ကသိုလ်၌စပျစ်စိုက်ပျိုးခြင်းနှင့်ဝိုင်ထုတ်လုပ်ခြင်း သိပ္ပံနှင့် အသုံးချသိပ္ပံပထမဘွဲ့ (Bachelor of Science and Applied Science in Viticulture and Wine Production) ပေးအပ်ပြီး ဂူဘယ်နီသုတေသနဌာန (Gulbali Institute) တွင် ဝိုင် ဓာတုဗေဒ (Wine Chemistry)၊ စပျစ်အပင်ရောဂါဗေဒ (Grapevine Plant Pathology)၊ အသင့်စားသုံးရသောစပျစ်သီးနှင့်ဝိုင်အရည်အသွေး မြန်ဆန်စွာ စစ်ဆေးခြင်း (Rapid Assessment methods for Table-type Grape and Wine Quality) သုတေသနများပြုလုပ်နေပါသည်။
(ခ-၃) ကွင်းစလန်တောင်ပိုင်းတက္ကသိုလ်၊ ကွင်းစလန်ပြည်နယ် (University of Southern Queensland, Queensland)
ဤတက္ကသိုလ်တွင် ဒီပလိုမာနှင့်ပထမဘွဲ့ဝိုင်သိပ္ပံပညာ (Diploma and Bachelor Degree in Wine Science) ကို ပေးအပ်ပြီး ကွင်းစလန်ပြည်နယ်၏သမနွေးပိုင်း၊ အပူ ပိုင်းရာသီဥတုနှင့်လိုက်လျှောညီထွေရှိသော စပျစ်စိုက်ပျိုးရေးနှင့်ဝိုင်ထုတ်လုပ်မှု အ ကြောင်းကို လေ့လာသုတေသနပြုနေပါသည်။ စာရေးသူ မဟာစိုက်ပျိုးရေးသိပ္ပံ ပညာ သင်ကြားခဲ့ရသော ကွင်းစလန်တက္ကသိုလ် (UQ – University of Queensland) သည် ဤပြည်နယ်အတွင်းတွင်ရှိပါသည်။
(ခ-၄) မဲလဘမ်းအသက်မွေးဝမ်းကျောင်းသိပ္ပံ၊ ဗစ်တိုးရီးယားပြည်နယ် (Melbourne Polytechic, Victoria)
ဤအသက်မွေးဝမ်းကျောင်းသိပ္ပံ (TVET – Technical and Vocational Education Training) ရှိ စပျစ်စိုက် ၄၀-ဟက်တာ (၁၀၀-ဧကခန့်) နှင့် တန် ၁၀၀-ထုတ်နိုင်သော ဝိုင်စက်ရုံ (100-tons Winery) တွင် စပျစ်စိုက်ပျိုးခြင်းနှင့်ဝိုင်ပြုလုပ် နည်း သင်တန်း လက်မှတ်ရနှင့်ဒီပလိုမာသင်တန်းများ (Certificate and Diploma Courses in Viticulture and Winemaking) ကို ဩစတေလျှနှင့်နိုင်ငံတကာသင်တန်းသားများ အတွက် နှစ်စဉ်လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။
စပျစ်နှင့်ဝိုင်လုပ်ငန်းတစ်ခုထဲမှပင် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် တောင်သူပညာ ပေး သင်တန်း၊ ဘွဲ့ဒီဂရီနှင့် တစိုက်မတ်မတ်ပြုလုပ်နေတာကို အားကျအတုယူစေချင်တာပါ။
ပုံ - ၃ ဟမ်းတားလွင်ပြင် စပျစ်လေ့လာရေးအစီအစဉ်
ယခု စာရေးသူတို့အဖွဲ့ နယူးဆောက်ဝေးပြည်နယ် ဟန်းတားလွင်ပြင် (Hunter Valley, NSW) လေ့လာရေးရောက်ခဲ့ရာ စပျစ်စိုက်ခင်းများနှင့် ဝိုင်အမျိုးမျိုး ထုတ်လုပ် ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများနှင့် လေ့လာရေး အစီအစဉ်များ (Domestic and International Wine Tour) ပြုလုပ်ထားသည်မှာ အလွန်အတုယူဖွယ် ကောင်းလှ ပါသည်။
ဩစတေလျတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံခြားဝင်ငွေရရှိသော စပျစ်စိုက်ပျိုး ရေးနှင့်ဝိုင်ထုတ်လုပ်ရေးအတွက် တောင်သူ ၆၀၀၀-ခန့်စိုက်ပျိုးနေသည်ကို တက္က သိုလ် ၃-ကျောင်းနှင့် အသက်မွေးဝန်းကျောင်းသိပ္ပံ ၁-ကျောင်းက တစ်စိုက်မတ်မတ် သင်ကြား၊ သုတေသနပြု၊ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ကျွန်တော်တို့နိုင်ငံသားများအားကျ အတုယူစေရန် ရည်ရွယ် ရေးသားပါသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Hunter Valley Gardens (2024) Hunter Valley: Here’s to the Good Life.
https://www.winecountry.com.au/plan/maps-guides
Syme, G.J. and Nancarrow, B.E. (2011) Overcoming Water Scarcity in Perth, Western Australia. Cambridge University Press.
Zheng, H.; F.H.S. Chiew1, N.J. Potter1 and D.G.C. Kirono (2019) Projections of water futures for Australia: an update. International Congress on Water Technology.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
