ဆူးကောက်ပင်
ဆူးကောက်ပင်သည် မညီမညာပြန့်ကားသည့် နှစ်ရှည်ချုံပုတ်ပင်မျိုးဖြစ်သည်။ ပန်းအဖူးများကိုစားရသည်။ မြေထဲပင်လယ်ဒေသသည် မူရင်းဒေသဖြစ်ပြီး ခြောက်သွေ့သောကျောက်တုံး ကျောက်ခဲပေါများသောမြေညံ့များနှင့် သဲသောင်များသောကမ်းရိုးတန်းဒေသ၌ပင် အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက်အောက် မရောက်လျှင် အပင်ဖြစ်ထွန်းနိုင်သည်။ ဆူးကောက်သည် မွှေးသည်။ ပန်းပွင့်များလှပသည်။ မရင့်သေးသော ပန်းအဖူးကိုစားရ၏။ အချဉ်တည်ထားသောအဖူးသည် ဟင်းလျာတွင် ငရုတ်ကောင်းနံ့ရသဖြင့် တန်ဖိုးထားကြသည်။ အထူးသဖြင့် ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့နှင့် ရောစပ်ပြီး အနံ့ကိုရစေသည်။ အဖူးချဉ်ဖတ်ကို အသီးအရွက်သုပ်တွင်လည်း ထည့်၍ စားကြသည်။
စိုက်ပျိုးခြင်း
ဆောင်းရာသီတွင် စိုက်ပျိုးရသည်။ သို့မှသာအေးသောရာသီတွင် အမြစ်များဖြစ်ထွန်းနေမည်ဖြစ်သည်။ အပင်များကို ၈ ပေခြားစိုက်ရသည်။ အပင်များဖြာပြီးထွက်နေမည်။ ကောက်ရိုးထူထူဖုံးအုပ်ပေးခြင်းဖြင့် အစိုဓာတ်ကိုထိန်းသိမ်းထားမည်။ ပြောင်းရွှေ့စိုက်ပျိုးသောအပင်များ ကောင်းစွာအမြစ်စွဲသွားသည်အထိ အစိုဓာတ်ရှိနေစေရသည်။ ဆူးကောက်အစေ့သည် ရေစိမ်ပြီးစိုက်သည်တိုင်အပင်ပေါက်နှေးကွေးသည်။ ဆောင်းရာသီနှောင်းပိုင်းတွင်ဖြစ်စေ၊ နွေဦးပေါက်ရာသီအစောပိုင်းတွင်ဖြစ်စေ အကိုင်းဖြတ်၍ စိုက်ပျိုးနိုင်သည်။ သို့မဟုတ် အစေ့မှပေါက်သောအပင်ပေါ်သို့ ကိုင်းကူးကိုင်းဆက်ပြုလုပ်နိုင်သည်။ ဆူးကောက်ပင်သည် ပူပြင်း ခြောက်သွေ့သော နေရောင်ခြည် တောက်ပသည့်နေရာ၊ ရေထုတ်ကောင်းသောမြေကွက်ကို ကြိုက်နှစ်သက်သည်။ မြေကိုဖုံးအုပ်ပေးသောကောက်ရိုးကို အပင်ကောင်းစွာ အမြစ်စွဲလျှင် ဖယ်ရှားပေးရသည်။ အမြစ်မစွဲမီ ဓာတ်မြေသြဇာကို ကျွေးရသည်။ သက်တမ်း ၃ နှစ် မရမချင်း ဆူးကောက်ပင်ကို ခေါင်နှိမ်ကိုင်းဖြတ် မပြုလုပ်ရချေ။ စတုတ္ထနှစ်၏ နောက်ပိုင်းရာသီတွင် အပင်ကို မြေကြီးကပ်၍ ဖြတ်ရသည်။ ရင့်သောအပင်ပေါ်၌ တစ်နှစ်သား အကိုင်းများပေါ်တွင် ပန်းပွင့်အငုံများ ဖြစ်ပေါ်သည်။
ရိတ်သိမ်းခြင်း
ဆူးကောက်ပင်သည် အသက် (၄) နှစ်မှစ၍ ပန်းအဖူးများ စတင်ထွက်ပြီး သက်တမ်း ၂၀-၃၀ နှစ်အထိရှည်သည်။ တစ်ပင်မှတစ်နှစ်လျှင် (၄)ပေါက်ခန့် အဖူးထွက်သည်။ နံနက်စောစော အပွင့်မပွင့်သေးမီ အဖူးကိုခူးယူရသည်။ အသေးဆုံးအဖူးသည် နှစ်သက်စရာအကောင်းဆုံးဖြစ်သည်။ အဖူးအရွယ်မှာ၁/၄ လက်မအရွယ်တွင် ခူးဆွတ်ရသည်။ အဖူးကို ဆားပြည့်ဝဖျော်ရည် (Brine) တွင် ရက်ပေါင်း ၃၀ စိမ်ထားရသည်။ ထို့နောက် ဆားပါသော ရှာလကာရည်တွင် အချဉ်တည်ပြီး ပုလင်းတွင်ထည့်၍ ၆ လအထိ သိုလှောင်ထားနိုင်သည်။ အချဉ်တည်ခြင်းဖြင့် အပင်တွင်ရှိနေသော မုန်ညင်းဆီတစ်မျိုးမှ ငရုတ်ကောင်းနံ့ကို ထွက်ပေါ်လာစေသည်။
အစိမ်းရောင်လမ်း
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲကျဲရာတွင် ငန်းမဟာအောင် လက်ပေါက်လှအောင်ဘယ်လိုကျဲသင့်လဲရှင်းပြပေးပါဦးဆရာတို့
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
KO Thiha lin • ဖြေကြားချက် 3 ခု
ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ကွမ်းသီးပင်ကို ဖွဲ ပြာ အုံတယ် ၁၅ ပတ်လည် ကြွေးတယ် နွားသေးဖျန်းတယ် ၅ ရက်မြောက်မှာ အပင်တေက ဝါလာပီး တချို့ပင်တေက အရွက်ဖျားတေ ခြောက်လာလို့ ဘာလို့ပါလဲ ခင်ဗျ ဘာဖြစ်နိုင်လည်းခင်ဗျ ဘာလုပ်သင့်လည်းခင်ဗျ အပင်သေသွားနိုင်လားခင်ဗျ
Aung Ko Htwe • ဖြေကြားချက် 2 ခု
မိုးလေ၀သ ကြည့်မရတော့လို့ ကူညီပေးကြပါဦးခင်ဗျ
အောင်မျိုးသူ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026