(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံအရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
S&Z International Co., Ltd
ကြော်ငြာ
မြေကောင်း အမြစ်သန် ပင်သီးပွင့်ဝေ
"ဟူးမစ်ကေ"
See More
စိုက်ပျိုးမြေတွေက တစ်နှစ်ထက်တစ်နှစ် အဆီအနှစ်တွေခမ်း ခြောက်လာနေလို့ စိတ်ညစ်နေကြပြီလား.. ?
မြေဩဇာတွေ ပေါပေါမသုံးနိုင်တော့ အထွက်တွေ မတက်လို့ ခက်နေပြီလား.. ?
အဲ့ဒါတွေအားလုံးကို "ဟူးမစ် ကေ" ကို သုံးပေးလိုက်ရုံနဲ့ ဖြေရှင်းနိုင်ပါတယ် ခင်ဗျာ ..
"ဟူးမစ်-ကေ"မှာ "ဟူးမစ်အက်စစ်- ၇၀ % ၊ ဖူးဗစ်အက်စစ် -၆-၁၅ % နဲ့ ပိုတက်ဆီယမ် -၁၀-၁၅%" ပါဝင်ပါတယ်..။
အဲ့ဒါတွေက ဘာတွေကောင်းစေတာလဲဆိုတော့…
အဲ့ဒီဓာတ်တွေက နှစ်စဉ်ဆုံးရှုံးသွားတဲ့ မြေဆီမြေနှစ်တွေကို ပြန်လည်အားဖြည့်ပေးပြီး မြေဩဇာကို ရေရှည် အကျိုးပြု ထက်သန်စေတာပါပဲ..
မြေကိုဘယ်လိုအားဖြည့်ပေးတာလဲဆိုတော့ "ဟူးမစ်-ကေ" ကို ထည့်ပေးလိုက်တာနဲ့..
မြေသားဖွဲ့စည်းမှုကို ထိန်းညှိကောင်းမွန်စေတာ၊ မြေစေးတာ ဖွယ်တာတွေကို ထိန်းညှိပေးတာ၊ မြေဆီလွှာ အတွင်းက အကျိုးပြုအဏုဇီဝပိုးတွေကို ပွားများရှင်သန်စေတာ၊ မြေဆီလွှာအတွင်း အာဟာရဓာတ်တွေရဲ့ ဖလှယ်နိုင်မှုကို တိုးတက်ကောင်းမွန်စေတာ မြေချဉ်ငံဓါတ်ကိုလဲထိန်းညှိမျှတစေတာ နဲ့မြေဆီလွှာအတွင်း လေဝင်လေထွက် မျှတစေပြီး အစိုဓာတ်ထိန်းသိမ်းမှုကို မျှတစေတာ စတဲ့အကျိုးကျေးဇူးတွေ အများကြီး ရစေတာမို့ပါပဲ...
သူ့ချည်းသာလော.. ဆိုရင်တော့ ပိုသေးသဗျ .. သီးနှံပင်တွေကို အမြစ်အားကောင်းစေပြီး အပင်သန်မာကြီးထွားစေ အထွက်နှုန်းတိုးစေတာလေးပါ အဆစ်ပါသေးဆိုတော့..
ကဲ..တောင်သူဦးကြီးတို့ရဲ့ ပျက်စီးနေတဲ့မြေဆီလွှာတွေကို "ဟူးမစ်-ကေ" နဲ့ အထူးဖြစ်နေအောင် ပြုပြင်လိုက်ကြ ပါစို့ဗျာ..
"ဟူးမစ်-ကေ" ကို သူ့ချည်းသက်သက်မသုံးဘဲ ပုလဲ၊ တီစူပါ၊ ပိုတက်အပြင် တခြား ကွန်ပေါင်းဓာတ်မြေဩဇာတွေနဲ့ လူးနယ်ကြဲပက်အသုံးပြုမယ်ဆိုရင်လည်း ဓါမြေဩဇာများအားလေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ပေးပြီး ပိုမိုထူးခြားကောင်းမွန်တဲ့ အကျိုးအာနိသင်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်ဗျာ..။
ဪ တစ်ခုကျန်သေးသဗျ ရေပျော်စွမ်းအား ၉၉.၉ % ရှိပြီး ရွက်ဖျန်းအားဆေး များဖြင့်လည်းရာစပ်ပက်ဖျန်း ပင်သီးပွင့် ဝေ စေဖို့ အသုံးပြုနိုင် ပါတယ် ခင်ဗျာ။
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်-
S & Z International Co.,ltd
အမှတ်(၁၆)၊ပျဥ်းကတိုးလမ်း၊(၃၄) ရပ်ကွက်၊ဒဂုံမြို့သစ်မြောက်ပိုင်း၊ရန်ကုန်
Ph No-09797944994
Read more
S&Z facebook စာမျက်နှာသို့သွားရန်